𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...
By pickpachacon333
974K 111K 5.5K
Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More
Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!
Part-100
5K 707 73
By pickpachacon333
Uni
“ခေါင်းကိုက်လိုက်တာ”
အိပ်ယာမှနိုးနိုးချင်း ကိုက်ခဲနေသောခေါင်းကြောင့် ညီးတွားလိုက်မိသည်။ မျက်လုံးဖွင့်လိုက်မိတော့ မရင်းနှီးသည့် အခန်းပုံစံကြောင့် ခေတ္တတွေဝေသွားသည်။
‘ဟုတ်သားပဲ သူ လီဝူရီရဲ့ အခန်းကိုရောက်နေတာပဲ’
ဒါပေမဲ့ အခန်းပိုင်ရှင်ကိုတော့ အရိပ်အယောင်မျှ မတွေ့။ ဘယ်များထွက်သွားပြီလဲ မသိ။ အချိန်ကြည့်လိုက်တော့ ခုမှ၅နာရီပင်ရှိသေးသည်။ ဒီကောင်လေး မနက်စောစော ထတတ်တာများလား။ ပုံစံကြည့်ရင် အဲ့လို ဝီရိယရှိသည့် လူမျိုးဟု တွေးတောင်မတွေးချင်စရာ။ အင်း။ တကယ်ကို ဒီကောင်လေးမှာလည်း ကောင်းကွက်လေးတွေရှိသားပဲ။
အိပ်ယာပေါ်မှကုန်းရုန်းထပြီးမှ ပြန်လှဲချလိုက်သည်။ ဒီအချိန်ကအပြင်မှာ မှောင်နေတုန်းပဲရှိသေးသည်။ ဟို သရဲအဘိုးကြီး သူ့အခန်းမှာ မရှိတော့ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ တွေးကြည့်ရင် ထိုအဘိုးကြီးသည် ဒီအခန်းထဲတောင် ရောက်လာနိုင်သည်။ ဝူရီဆိုသည့် သတ္တဝါလေးကလည်း ဘာလို့အဲ့လောက်တောင် ဝီရိယကြီးနေသလဲ မသိ။ ခုနလေးကတင် ချီးကျူးမိလိုက်ပေမဲ့ သရဲနှင့်ယှဥ်တွေးကြည့်လျှင်တော့ သူ့ကိုတစ်ယောက်ထဲထား၍ အပြင်သွားသော ထိုကောင်လေးသည် အလွန့်အလွန်မုန်းစရာဖြစ်သွားသည်။ နာရီသည် သူ့အားလှောင်ပြောင်သည်ထင့်။ တချက်ချက်မြည်သံပေး၍ ခပ်နှေးနှေးသွားနေသည်။ ပြန်အိပ်မရသော မျက်လုံးများနှင့်အတူ ဂွမ်းစောင်ထဲမှာ ပုန်းနေလိုက်သည်။ ကျေးဇူးပြုပြီး ဟိုအဘိုးကြီး ဒီကို မလာပါစေနဲ့။
တံခါးဖွင့်သံ ကျွီခနဲကြားရသည်။ ခြေလှမ်းသံတစ်ချို့ထွက်လာသည်။ လူခြေသံဆိုတာထက် ရှပ်တိုက်ပြီးလာသည့် ပုံမျိုး။ လူကစောင်ပုံထဲမှာတောင် အေးစက်ပြီး ချွေးစေးများထွက်နေသည်။ အသံက အနားရောက်လာလေ။ စောင်အောက်က သူ့ကိုယ်လုံးလေးလည်း ဘောလုံးလေးတစ်လုံးလို ကျုံ့သွားလေ။ ဒီခြေသံသာ လီဝူရီဆို သိပ်ကောင်းမည်ဟု မရဲတရဲတွေးမိသေးသည်။ သို့သော် မူမမှန်သည့် ခြေသံဖြစ်ကြောင်း သူ သေချာသိပေသည်။ ဖျတ်ခနဲစောင်ကို လှန်ခံလိုက်ရတော့ မျက်လုံးကိုမှိတ်ကာ ငြိမ်ငြိမ်လေးနေလိုက်သည်။ မျက်လုံးမဖွင့်ရင် အကြောက်နည်းနည်းလျော့တာပေါ့။ အသံနဲ့ပဲခြောက်လို့ရမှာ။ ခြောက်စမ်း ခြောက်စမ်း။
“ခင်ဗျား မထသေးတာလား”
“ဟမ်?”
သူ မရဲတရဲဖြင့် မျက်လုံးဖွင့်ကြည့်မိသည်။ လီဝူရီဆိုသော ကောင်လေးသည် သူ့ကိုအပေါ်မှ အုပ်မိုးကာ ပြုံး၍ ကြည့်နေသည်။ ပြုံးသည်ဆိုတာထက် ရယ်ချင်နေသည့်ပုံမျိုး။ ဒီကောင်လေးပြုံးတာကို ပထမဆုံးမြင်ဖူးသော သူ့အတွက်တော့ အထူးအဆန်းပင်။ လီဝူရီက ဒီလိုဆိုတော့လည်း အချောသား။
“ငါ ခုပဲထတော့မလို...အာ မဟုတ်ဘူး ပြန်အိပ်ဦးမှာ အစောကြီးရှိသေးတယ်။ လာ မင်းရော အိပ်။ တူတူအိပ်ကြမယ်”
ရပ်နေသော ထိုကောင်လေးကို ကုတင်ပေါ်အတင်းဆွဲချမိသည်။ မိုးမလင်းသေးခင်အထိတော့ ဒုက္ခခံပေးပါဦကောင်လေးရေ။ ငါတကယ် ကြောက်လို့ သေတော့မှာမို့ပါ။
ကြောင်စီစီဖြင့် ခုတင်ပေါ်ရောက်လာသော ကောင်လေးကို အတင်းလှဲခိုင်းကာ စောင်ပုံထဲ ပြန်တိုးဝင်လိုက်သည်။ သူ တကယ်ကြောက်လို့ သေမှာပဲ။ အနွေးဓာတ်ရှိရာကို တိုးကပ်သွားမိတော့ သူ့ထက်ခေါင်းနှစ်လုံးစာမြင့်သော လီဝူရီ၏ ရင်ခွင်ထဲသို့ ကွက်တိရောက်သွား၏။ ချက်ချင်းအိပ်ပျော်သွားဟန်ရှိသော ကောင်လေးကြောင့် ပိုရဲတင်းလာကာ ရင်ဘတ်နားထိ တိုးကပ်လိုက်သည်။
‘မဟုတ်သေးပါဘူး ငါသူ့ရင်ခုန်သံကို မကြားရသလိုပဲ’
ထူးထူးဆန်းဆန်းအတွေးကြောင့် ရင်ဘတ်နားမှ ဆတ်ခနဲခွာလိုက်ပြီးမှ ပြန်ကပ်၍ သေချာနားထောင်မိသည်။
ဒုတ် ဒုတ်...
‘အာ ခုန်သားပဲ ငါသပ်သပ် စိတ်ကယောင်ချောက်ချားတွေဖြစ်နေတယ် တကယ်’
ကြောက်တာကတစ်ဖက် ဇိမ်ကျတာကတစ်ဖက်နှင့် သူ လီဝူရီ၏ရင်ခွင်ထဲမှ ထွက်ဖို့မတွေးမိတော့။ ပြန်အိပ်မရတော့သည့် မျက်ဝန်းတွေက အခန်းမှိန်မှိန်လေးထဲမှာ ဟိုဟိုဒီဒီဝေ့ကာ သရဲများတွေ့မလားဟူ၍ ကင်းစောင့်နေမိသည်။ သို့သော် တွေ့လိုက်ရတာက စာကြည့်စားပွဲပေါ်က ကမ္ဗည်းတိုင်အနီလေး။
‘ဗုဒ္ဓေါဘုရား ဒါဘယ်လိုကံဆိုးခြင်းပါလိမ့်။ သရဲကြောက်လို့ ဒီထဲလာအိပ်ပါတယ်ဆိုမှ ကမ္ဗည်းတိုင်နှင့် တိုးလေခြင်း’
ခေါင်းသည် ထပ်ပုဝင်သွားတော့ စောင်ပုံထဲသို့ စုန်းစုန်းမြုပ်သွားသည်။ ပြူးစိစိဖြစ်နေသော မျက်လုံးနှစ်လုံးသာ ပေါ်တော့သည်။ လီဝူရီဘက်ကိုလည်း တိုးနေလိုက်တာ ခုတင်ပေါ်က ပြုတ်ကျတော့မတတ်။ မကြည့်လည်း မကြည့်ရဲပေမဲ့ ကြည့်လည်း ကြည့်ချင်သည်ဆိုတာ သူမှအစစ်။ ကမ္ဗည်းတိုင်နီနီလေးမှာ တစ်ခုခုများ ထူးခြားလာမလားဟူ၍ စောင့်ကြည့်နေမိသည်။ ခေါင်းထဲမှာလည်း သရဲကားများ၏ ဇာတ်ဝင်ခန်းများက အစီအရီ။
ကမ္ဗည်းတိုင်ကြီးကိုကြည့်နေရင်းမှ တိုင်နောက်က လက်သည်းချွန်များနှင့် လက်ခြောက်ကြီးတစ်ဖက် ထွက်လာသည် ဟူ၍...။ ဒါမှမဟုတ်ရင်လည်း ကြောက်စရာရယ်သံကြီးကို ကြားလိုက်ရပြီးမှ ကြောက်စရာမျက်နှာကြီးက သူ့ဆီတိုးကပ်လာမည်လား...။ ဒီလိုမှမဟုတ်ရင် စောင်ကိုအရင်ဆွဲချမည်လော။ သို့တည်းမဟုတ် ခြေထောက်အား အေးစက်စက်လက်ကြီးဖြင့် ဆွဲလိုက်မည်လော။
ပေါက်ကရဟု အမည်တပ်၍ရသော်လည်း ဟာသမဟုတ်သော ကြောက်စရာအတွေးတွေကြားတွင် သူ လီဝူရီ၏ ခါးကို တအားဖက်ထားမိသည်။ လျှောက်ကြည့်မိသော မျက်လုံးတို့အားလည်း ခပ်တင်းတင်းပိတ်၍ ခေါင်းကို လီဝူရီ့ရင်ခွင်ထဲ တအားထိုးထည့်ထားသည်။ အကယ်၍ သူသာ ကမ္ဗည်းပေါ်က နာမည်ကို ဖတ်လိုက်မိပါလျှင်... အခုလို တိုးဝင်နေနိုင်ပါဦးမလားဆိုသည်မှာတော့... ကာယကံရှင်သာ သိပါလိမ့်မည်။
“အချစ်ကလေး ထတော့မလို့လား အစောကြီးပဲရှိသေးတယ်”
ခပ်ဖွဖွခြေလှမ်းကလေးဖြင့် အခန်းပြင်ထွက်မလို့ အကြံအစည်သည် အထက်ပါအသံကြားမှာ စုန်းစုန်းမြုပ်သွားသည်။ လက်တစ်ဖက်သည်လည်း ထိုအသံနှင့်အညီပင် သူ့ကို စောင်ခြုံထဲသို့ ပြန်ဆွဲသွင်း၏။
“ကျွန်တော် အပေါ့သွားချင်လို့ သွေ့။ ကျွန်တော်...ကျွန်တော် ထိန်းမထားနိုင်တော့ဘူး”
“သွားလေ ပြီးရင် ပြန်လာခဲ့နော် မြန်မြန်လေး”
ပြန်မလာပါဘူး ဘာလို့ပြန်လာရမှာလဲ။ ငါက အရူးမှမဟုတ်တာ။ အာရိုးရိုး သေပါပြီ။
စိတ်ထဲက ကျိန်ဆဲနေရင်းသား ကြမ်းပြင်ပေါ်က ဘူးတစ်ခုနှင့်ခလုတ်တိုက်မိတော့ ခါးကစူးခနဲဖြစ်သွားသည်။ လူဆိုးကြီး။ ဒီလိုမှန်းသိရင် လွန်ခဲ့တဲ့သုံးနှစ်ကိုပြန်သွားပြီး သူနဲ့ညီအစ်ကိုမဖွဲ့ခဲ့ပါဘူး။ စိတ်တိုစွာ ဘူးကိုကြည့်မိတော့ ဘူးပေါ်က စာတန်းကြောင့် မျက်နှာကရဲခနဲဖြစ်သွားကာ အားရပါးရဖိနင်းပစ်လိုက်သည်။ ဘူးလေးမှာ သူ့ခြေထောက်အောက်မှာ တွန့်လိမ်လို့။
အောက်က နာကျင်မှုဆီစိတ်ရောက်သွားတော့ မျက်နှာကပိုနီလာသည်။ ကလေးမွေးရင် အဲ့ထက်ပိုနာမှာပေါ့နော်။ ပေါက်ပေါက်ရှာရှာတွေးမိပြန်တော့ မျက်ရည်လေးဝဲကာ အမေ့ကို သတိရသွားသည်။
‘အမေ သားအခု အမေ့ကိုပိစိလေးဖြစ်ဖြစ် ကိုယ်ချင်းစာနိုင်ပြီထင်တာပဲ။ လွမ်းတယ် အမေရဲ့။ အမေ့သားကို ပြန်လာကြည့်ပါဦး။ အခု သားနာကျင်နေရတယ်။ သူကလည်း လုပ်တုန်းက လုပ်ပြီး သားကိုပစ်ထားတယ်။ သား အိပ်ရာကနေ သန့်စင်ခန်းကို ကိုယ့်ဟာကိုယ်လျှောက်လာရတယ်။ ဒါဖြစ်သင့်ရဲ့လား။ ကြည့်ရတာ အမေ့သားကို သူတစ်ခါသုံးလိုပဲ သဘောထားတာနေမှာ။ သားသိလိုက်ပါပြီ အမေ။ သားကို သူတန်ဖိုးမထားဘူး’
အိမ်သာခွက်ပေါ်ထိုင်ရင်း မျက်ရည်ဝဲလာမိသည်။ စိတ်ကနုပါတယ်ဆိုမှကွာ ဒီမျက်ရည်တွေကလည်း။
နှာရည်တွေကို ရွှတ်ခနဲသုတ်လိုက်ကာ အိမ်သာတံခါးကိုဖွင့်လိုက်သည်။
“အယ် အယ် သေတော့မယ် လန့်လိုက်တာ အစ်ကိုသွေ့ရာ”
အိမ်သာထဲကထွက်ထွက်ချင်း အပွေ့ခံလိုက်ရတာကြောင့် သူ အလန့်တကြားအော်လိုက်မိသည်။ သွေ့ကတော့ ချက်ချင်းရုပ်တည်သွားသည်။
“ဘယ်လိုခေါ်လိုက်တယ်?”
အသံအခြေအနေက သိပ်မကောင်းတာမို့ ချက်ချင်းပြန်ပြင်ရသည်။
“သွေ့...သွေ့လို့ခေါ်တာပါ။ လန့်သွားတာပဲ ဘာလို့ အလန့်တကြားလုပ်ရတာလဲ”
“အွန်း ကိုယ့်အချစ်လေး နာနေမှာ သိလို့”
အခုတော့မှ ခပ်ပြုံးပြုံးဖြစ်သွားသောလူသည် အရင်နှစ်တွေတုန်းက ညီလေးလို့ ခေါ်ပြီး အစ်ကိုတစ်ယောက်လို နွေးထွေးပေးခဲ့တဲ့လူနဲ့ ကွာမှကွာ။ ဂရုစိုက်ပေးတာတွေတော့ မပြောင်းလဲပေမဲ့ အခေါ်အဝေါ်တွေကတော့ ပြောင်းလဲသွားသည်။ ညီလေးလို့ ခပ်နွေးနွေးခေါ်မည့်အစား အချစ်ကလေးဆိုပဲ။ ဘာအချစ်ကလေးလဲ။ သူ့ကြီးတော်ကို အချစ်ကလေးလိုက်ပါလား။
မကျေနပ်တာတွေကို တွေးနေရင်း အိပ်ယာပေါ်ရောက်သွားသည်။ ချက်ချင်းအုပ်မိုးခံလိုက်ရသည်မို့ မျက်လုံးပြူးမိသည်။
“ခင်ဗျား ခင်ဗျား ဘာလုပ်မလို့တုန်း။ ကျွန်တော် မရတော့ဘူးနော်။ မလုပ်ဘူး။ မလုပ်ဘူး”
အလောတကြီးအော်ဟစ်နေသော ကောင်လေးကို ကြည့်ကာ သွေ့ကရယ်သည်။
“ကိုယ် ဘာလုပ်လို့တုန်းကွာ ဟားဟား။ ကိုယ့်အချစ်လေးကို ဖက်ပြီးအိပ်ချင်လို့ပါ။ အစောကြီးရှိသေးတယ် အိပ်လို့ရပါသေးတယ်။ ဒီနေ့လည်း တစ်နေကုန်အောင် နားကြမယ်လေ နော်”
‌ပြောပြောဆိုဆို စောင်ကိုခြုံကာ လှဲချလိုက်တော့ သူမျက်လုံးပြူးသွားသည်။
“ခင်ဗျားကိုယ်လုံးကြီးက ကျွန်တော့်ကို ပိနေပြီလို့။”
“ဒါဆို ကိုယ့်ကိုပြန်ဖက်ထားလေကွာ။ ကိုယ်ဟိုဘက်ကိုပြန်လှိမ့်လိုက်မယ်”
ဒီလိုနှင့် အပြုံးတွေသည် ပြန့်ကျဲလို့။
မနက်ခင်းသည် သူနှင့်စ၏။
သူနှင့်ပတ်သတ်သော ရယ်ခြင်းငိုခြင်းမှစ၏။
နောက်... သူကြောင့် ပျော်ရွှင်ခြင်းနှင့် အဆုံးသတ်ပါ၏။
ထိုသို့သော မနက်ခင်းမျိုးကို ကျွန်တော်ချစ်သည်။
Zawgyi
“ခေါင်းကိုက်လိုက်တာ”
“ခင်ဗျား မထသေးတာလား”
“ဟမ်?”
“ငါ ခုပဲထတော့မလို...အာ မဟုတ်ဘူး ပြန်အိပ်ဉီးမှာ အစောကြီးရှိသေးတယ်။ လာ မင်းရော အိပ်။ တူတူအိပ်ကြမယ်”
ဒုတ် ဒုတ်...
‘အာ ခုန်သားပဲ ငါသပ်သပ် စိတ်ကယောင်ချောက်ချားတြွေဖစ်နေတယ် တကယ်’
“ဘယ်လိုခေါ်လိုက်တယ်?”
Continue Reading
You'll Also Like
59K 5.4K 15
Uni Betaယောင်ဆောင်ထားတဲ့ Omegaကောင်လေးဟာ ကျောင်းရဲ့ နံပါတ်၂ Alphaကိုမှ ချစ်မိသွားသတဲ့။ Zawgyi Betaယောင်ဆောင်ထားတဲ့ Omegaကောင်လေးဟာ ကျောင်းရဲ့ နံပါတ်...
37.4K 3.6K 14
Just a ownership. The rain is havy. It's windy and then ..... you're in my hands.
240K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
137K 12.6K 23
ချောင်ရှင်းယန်တစ်ယောက်ဝတ္ထုတစ်ပုဒ်ကိုဝေဖန်ရင်း systemတစ်ခုနှင့်မတော်တဆချိတ်ဆက်မိသွားသောအခါ Uni ချောင်ရှင်းယန်တစ်ယောက်ဝတၳုတစ်ပုဒ်ကိုဝေဖန်ရင်း systemတစ်...