Uni
စန္ဒရားသံလေးက ချိုသာစွာပျံ့လွင့်လာသည်။ စင်ထက်တွင် အမျိုးသားနှစ်ယောက်နေရာယူထားကြသည်။ နှစ်ယောက်စလုံးက အနောက်တိုင်းဝတ်စုံအနက်ကို ကော့ပျံနေအောင် ဝတ်ဆင်ထားကြရာ သတို့သားတွေမှန်းသိသာလှသည်။ ယောကျ်ားလေးနှစ်ယောက်၏ မင်္ဂလာပွဲပေမဲ့ နှစ်ယောက်လုံးက ပေါင်းသင်းဆက်ဆံရေးကောင်းပြီး လုပ်ငန်းကြီးတွေလုပ်နေရသူများဖြစ်တာကြောင့် လူလာများကြသည်။ သက်ကြီးပိုင်းကအစ လူငယ်ပိုင်းအဆုံး တက်ရောက်အားပေးကြသည်။ မျက်စိရှေ့တွင်တော့ လိုက်ဖက်ပါပေသည်ဟူ၍ တပြုံးပြုံးဖြစ်နေပေမဲ့ ကွယ်ရာကျ နှာခေါင်းရှုံ့တတ်သော လူ့သဘာဝကိုသိပြီးသားပေမို့ ဒီအပြုံးတွေကြားမှာ သိပ်တော့မပျော်ဝင်လှပါ။ ထားပါတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့က သာမန်နေ့မှမဟုတ်ဘဲ။
“ကိုယ်ကတိပေးပါတယ်။ မင်းကို အဆုံးထိစောင့်ရှောက်သွားပါ့မယ်”
ကတိပေးသံသည် ခပ်တိုးတိုးဖြစ်သော်ငြား ပီသလှသည်။ အားမာန်ပါလှသည်။ စကားပိုင်ရှင်သတို့သားသည် လက်စွပ်ကို သူ့ရှေ့မှလူသားအား ဖြည်းညှင်းလေးနက်စွာ စွပ်ပေးလိုက်သည်။ လက်ခုပ်သံတွေညံလာ၏။ ထို့နောက် တစ်ဖက်ရှိအမျိုးသားက လက်စွပ်ကိုပြန်စွပ်ပေးသည်။
“ငါ မင်းအပေါ် သစ္စာရှိပါ့မယ်”
ဒီစကားသံသည်လည်း ခပ်တိုးတိုး။ သို့ပေမဲ့ တည်ငြိမ်ကာ အားပါလှပေသည်။ သတို့သားနှစ်ယောက်သည် အချင်းချင်း လက်စွပ်စွပ်ပေးပြီးသည့်နောက်မှာတော့ လက်အချင်းချင်းကို ထပ်လျက် ဆုပ်ကိုင်ထားလိုက်ကြသည်။ ထိုလက်များကား ပထမ ခပ်ဖွဖွ...။ ထို့နောက် အနည်းငယ်ဖိအားပါပါ... နောက်ဆုံးတင်းတင်းကြပ်ကြပ်...။ သတို့သားနှစ်ယောက်လုံး၏ မျက်နှာပေါ်မှအပြုံးများကလည်း တူညီသောအဓိပ္ပာယ်ကိုဆောင်နေကြလျှက်။
ရှင်းချောင် ထိုမြင်ကွင်းလေးကိုကြည့်ကာ ပြုံးမိရသည်။ ဦးလေးတို့ကို ကြည့်ရတာ သူတို့ပထမဆုံးလက်ထပ်ခဲ့တဲ့အချိန်ကိုတောင် ပြန်တွေးမိစေတယ်။ လူတွေကြားမှာ...ပန်းတွေကြားမှာ...မွှေးရနံ့တွေကြားမှာ...နောက်ပြီး ကတိသစ္စာတွေကြားမှာ သူတို့ပထမဆုံးလက်ထပ်ခဲ့ကြတယ်။ လူတွေရှေ့မှာ တစ်ယောက်ကိုတစ်ယောက်ပိုင်ဆိုင်ကြောင်းကြေညာခဲ့ကြတယ်။ နောက်ပြီး တစ်ယောက်ကို တစ်ယောက် မြတ်နိုးစွာနမ်းခဲ့ကြဖူးတယ်။ ဒီလိုပဲ ဦးလေးနဲ့ ဦးလေးသွေ့လည်း တစ်ယောက်ကိုတစ်ယောက် နူးညံ့စွာနမ်းလိုက်ကြတယ်။ လက်ခုပ်သံညံညံကြားမှာ အော်ဟစ်ဩဘာပေးသံတွေကိုပါ ကြားနေရတယ်။ နောက်ဆုံးတော့လည်း ဦးလေးလူပျိုကြီးကို ဂေါ်မစွံဘဝကနေ ကယ်တင်နိုင်ခဲ့ပြီလေ။
“ရက်ချ် အဲ့နှစ်ယောက်က အရင်ဘဝကရော ရကြတယ်လား”
“မူလရှင်းချောင်သေတော့ သူ့ဦးလေးခမျာ အတော်လေးပြိုလဲသွားတာလေ။ တစ်ဦးတည်းသော တူလေးက သေသွားတယ်ဆိုတော့ အတော်ခံစားသွားရတာ။ အဲ့လိုအချိန်မှာ ဦးလေးသွေ့ကပဲ စောင့်ရှောက်ပေးခဲ့တာ။ ဒီအချိန်ထက်တော့ နောက်ကျပေမဲ့ သူတို့ကလက်ထပ်ခဲ့ကြတာပါပဲ”
“ဦးလေး ကံကောင်းလိုက်တာ”
“သူကျ ကံမကောင်းတာကျလို့”
ရက်ချ်၏ စကားကို သူသဘောတကျရယ်လိုက်မိသည်။
‘ငါကကံကောင်းတာမဟုတ်ဘူး။ ကောင်းတဲ့ချစ်သူကို ပိုင်ထားရတာပါ’
“အိုက်ယား ပြုံးနေလိုက်တာဆိုတာ ခင်ဗျားဦးလေးကလည်းနော် ခုနတုန်းက အဝတ်လဲခန်းထဲမှာ အဲ့ရုပ်မဟုတ်ဘူး”
ဒီတစ်ခါတော့ သူ ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။ ခုနက အချိန်တုန်းက သူ့ဦးလေးနှင့်အတူ သူသည်လည်း အဝတ်လဲခန်းတွင် ရှိနေခဲ့သည်။ ဦးလေး၏ ဂျစ်တိုက်မှုကြောင့် ဦးလေးသွေ့ခမျာ အဝတ်လဲခန်းကို ခွဲသုံးရ၏။
“ရှင်းချောင် ငါလက်မထပ်ချင်ဘူး”
မျက်ရည်တွေဝဲ့သီကာ ပြောလာသော ဦးလေးကြောင့် သူမျက်လုံးပြူးသွားမိသည်။ ဗုဒ္ဓေါ... မင်္ဂလာပွဲရောက်မှ မင်္ဂလာမဆောင်ချင်တော့ဘူးဆိုတော့ ဒီကတူလေးက ဘယ်လိုလုပ်ပေးရတော့မှာလဲ။
“ငါ မင်းကို ဒီလက်ထပ်ပွဲဖြစ်မလာအောင် ပြဿနာရှာစေချင်ခဲ့တာ”
အဲ့တာများ အစောကြီးကတည်းက ဘာလို့မပြောခဲ့တာလဲ။ ဦးလေးဟာက တစ်ခုခုမှားနေသလိုလိုပဲ။
“လက်မထပ်ချင်တာများ ဘာလို့အစထဲကမငြင်းခဲ့တာလဲ ဦးလေးရဲ့”
“ငါ...ငါငြင်းလို့မရလို့ပေါ့ အစုတ်ပလုပ်ရှင်းချောင်ရဲ့။ မင်းဟာလေ အားကိုမကိုးရဘူး”
မျက်နှာများနီကာ ပြောလာသော ဦးလေးကြောင့် ပြူးလက်စမျက်လုံးကို ထပ်ပြူးမိ၏။
“ငြင်းလို့မရဘူး? မဟုတ်မှ ဦးလေးသွေ့ ဦးလေးကို...”
ဦးလေးကိုဟု တစ်ဝက်တစ်ပျက်ဆိုကာ သနားသောအကြည့်နှင့် အောက်ပိုင်းကို ကြည့်လာသော ရှင်းချောင်ကြောင့် သူ သေချင်စိတ်တောင် ပေါက်မိသွားသည်။ ငနာလေးက ခုထိ တောက်ပိန်းထူတုန်း။
“ဘယ်ကိုကြည့်နေတာတုန်း မင်းကွာ...”
ဝမ်းနည်းပက်လက်နဲ့ ငိုချတော့မှ ပျာပျာသလဲဖြစ်လာသည်။
“ဦးလေး မငိုပါနဲ့ဗျာ ဘာလို့ငိုနေရတာလဲ။ ပျော်နေတာဆိုရင်လည်း စိတ်ထိန်းဦးလေ”
“မင်းကြီးတော်ကိုပျော်ပါလား ငါဝမ်းနည်းနေတာ”
မျက်ရည်တွေဘူးသီးလုံးလောက်ကျလာတော့ ငနာလေးက စိတ်မကောင်းဖြစ်သွားဟန်တူသည်။
“ဦးလေး တကယ်လက်မထပ်ချင်တာလား”
ရှင်းချောင်၏ မျက်နှာကအတည်ပေါက်ဖြစ်နေသည်။
“အင်း ငါ...ငါ လက်မထပ်ချင်ဘူး”
ဖြေလိုက်သောလေသံက မရေမရာ၊ ခပ်တိုးတိုး။ မူနေတာလား တကယ်လက်မထပ်ချင်တာလား မသဲမကွဲ။
“ဒါဆိုလည်း ထွက်ပြေးကြမယ်။ လာ သွားစို့”
အတင်းဆွဲနေသော တူဖြစ်သူကို ပြန်ထိုင်ခိုင်းရပြန်သည်။
“မင်းရူးနေလား ဒီအခြေအနေရောက်မှတော့ လက်ထပ်ရတော့မှာပေါ့လို့။ ထွက်ပြေးရင် မင်းပထွေး...အဲလေ ဆောရီး မင်းဦးလေးသွေ့က မင်းကိုသတ်လိမ့်မယ်”
“နေပါဦး ဦးလေးသွေ့က ဦးလေးကိုကျ ဘာလို့မသတ်ဘဲ ကျွန်တော့်ပဲရွေးသတ်မှာတုန်း”
“သူက ငါ့ကိုချစ်တယ်လေ”
တကယ်လက်မထပ်ချင်တာလား FAတူလေးကို တမင်ကြွားပြနေတာလား မသဲကွဲ။ ဖြစ်နိုင်ရင် ကျွန်တော့်မှာလည်း ကျွန်တော့်လူကြီးရှိတယ်ဗျဆိုပြီးသာ ပြောလိုက်ချင်တော့သည်။
“ထားပါတော့ ဒါဆို ဘယ်လိုလုပ်မှာလဲ ဦးလေး လက်မထပ်ချင်ဘူးဆိုရင်”
“ငါလက်တော့မထပ်ချင်ပေမဲ့ လက်ထပ်ရတော့မှာပဲ ရှောင်ချင်း။ ငါလေ မျက်နှာမပျက်ချင်ဘူး”
“မဟုတ်သေးဘူး ဦးလေး။ ဦးလေး ဦးလေးသွေ့ကို တကယ်မချစ်ရင် လက်မထပ်ချင်ရင် ခုထဲကနောက်ဆုတ်လိုက်တာ နှစ်ယောက်လုံးအတွက် ကောင်းလိမ့်မယ်နော်။ ဒါက ဘယ်လိုပြောရမလဲ။အချစ်မပါဘဲ လက်ထပ်ရင် ဒုက္ခရောက်မှာက နှစ်ယောက်လုံးပဲ”
“ဟမ် ငါ...ငါ သိပါတယ်။ ဒါပေမဲ့ ဒါပေမဲ့ ငါသူ့ကိုသနားတယ်။ ငါသူ့ကိုလက်ထပ်လိုက်မယ်”
“မဟုတ်သေးပါဘူး သနားတာနဲ့လက်ထပ်လို့မရဘူးလေ။ လာ တူလေးကိုပဲ ယုံလိုက်။ သူ့ကိုသွားပြောကြမယ်။ သူနားလည်ပေးမှာပါ။ ပြဿနာကတော့ ဖြစ်မှာပေမဲ့ အဲ့လိုဆိုပြီး မချစ်တဲ့လူဆီမှာ တစ်ဘဝလုံးကို ကုန်ဆုံးစရာလား”
“ဒါပေမဲ့ ဒါပေမဲ့ ငါ...ငါ”
“ငါ ဘာဖြစ်လဲ”
မျက်ရည်တွေတောင် ခြောက်သွားပြီဖြစ်သော ဦးလေးသည် မျက်လုံးလေးနီရဲကာ မဖြစ်မနေလက်ထပ်ရမည့်အကြောင်းပြချက်ကို ထပ်ရှာနေဟန်တူသည်။ ဒါက ဘာလဲ။ တမင်မူပြနေတာလား။ ဦးလေးရေ မူပြရအောင် ကျွန်တော်က ခင်ဗျားလောင်ကုန်းကြီးမဟုတ်ဘူးလေဗျာ။
“ဦးလေး သူ့ကိုကြိုက်နေတယ်မလား”
ရှင်းချောင်က မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ပြောတော့ တစ်ဖက်ကမျက်ဝန်းနီသည် တဖြည်းဖြည်းပြူးကျယ်လာသည်။ ထို့နောက် ပါးစပ်က အတော်လေးဟထွက်လာသည်။ ပါးတွေကနေတဆင့် နားရွက်များထိပါ အနီရောင်သမ်းလာပြီးနောက်မှာတော့ အကြီးအကျယ်ငြင်းတော့သည်။
“မဟုတ်ပါဘူး ဘယ်ကလာ မင်းဘာတွေလျှောက်ပြောနေတာလဲ။ ငါမကြိုက်ပါဘူးဆို ငါသူ့ကိုမကြိုက်ဘူး။ ငါ...ငါသူ့ကိုလက်ထပ်ရတာ မင်းကြောင့် ငနာလေးရဲ့။”
“အဟမ် သူတို့ဟာသူတို့ ကြိုက်လို့ယူတာတောင် ကျွန်တော့်ကြောင့်ဖြစ်ရသေး။ အပိုတွေမပြောတော့နဲ့ ဦးလေး။ လက်ထပ်မှာလား မထပ်ဘူးလား။ Yes Or No ရှင်းရှင်းပြော။ ဦးလေးက Noဆိုတာနဲ့ ဒီမင်္ဂလာပွဲကို ကျွန်တော်က ရအောင်ဖျက်ပေးမှာမို့”
ဦးလေး ငြိမ်ကျသွားသည်။ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နှင့် ခဏလောက်ထိုင်နေ၏။ ထို့နောက် လေသံတိုးတိုးလေးထွက်လာ၏။
“Yes”
အခုတော့လည်း Yesဆိုတာတောင် တိုးတိုးကလေးသာပြောခဲ့သော ဦးလေးတော်သည် ပြုံးလို့ရွှင်လို့။ သူ့လောင်ကုန်းလက်ကို ကိုင်ပြီး မိုးမမြင်လေမမြင်ဖြစ်ကာ လောင်ကုန်းမျက်နှာ တစ်ကမ္ဘာဖြစ်လို့နေပေပြီ။ အတွဲတွေများ အပြောင်းအလဲမြန်ပါ့။
“အစ်ကို ရှင်းချောင် ညီမဖုန်းအားကုန်သွားလို့ ဖုန်းခဏကိုင်လို့ရမလား”
“အင်း ညီမလေးဝေ သွားယူလေ ဖုန်းကအိတ်ထဲမှာ”
ကလေးမလေးက အိတ်ဆီလျှောက်သွားတော့ သူ စားလက်စရေခဲမုန့်ကို ဆက်စားလိုက်သည်။ ရေခဲမုန့်က ကလေးတွေကို ကျွေးတာပေမဲ့ သတို့သားရှင်ဖြစ်သည့်အလျောက် အကျွေးအမွေးဘက်ကို ဂျီကျကာ ကလေးစာ လုစားနေခြင်းပင်။
“အစ်ကိုရှင်းချောင် သူဌေးဆီက Miss callတွေ”
ကလေးမလေးလှမ်းပြောလာသောစကားကြောင့် ရေခဲမုန့်သည် လျှာကိုခုန်ကျော်ကာ လည်ချောင်းထဲလျှောခနဲခုန်ဆင်း၏။ ဗိုက်ထဲရောက်သွားတာတောင် ကမောက်ကမ။ ဒီနေ့က အလုပ်ပိတ်ရက်မို့ သူဌေးကို မင်္ဂလာပွဲရှိကြောင်း ပြောစရာမလိုဟုယူဆကာ အေးဆေးနေခဲ့ခြင်းပင်။ အခုတော့ အလုပ်ပဲပေါ်လို့လားမသိ။ Callတွေက အခုနှစ်ဆယ်ကျော်သည်။
“ဟယ်လို သူဌေး ဘာဖြစ်လို့လဲဟင်”
“မင်း ဘယ်မှာလဲ။ ဘာဖြစ်လို့ မလာတာလဲ အလုပ်ကို”
“ဒီနေ့ တနင်္ဂနွေလေ သူဌေးရာ။ အားလပ်ရက်ကြီးကို၊ သူဌေးပြက္ခဒိန်ကြည့်တာ မှားနေလို့ထင်တယ်”
“မင်းကို တနင်္ဂနွေအလုပ်နားရမယ် ဘယ်သူပြောလဲ”
“ဟမ်...? သူဌေး ဒါက လူ့စွမ်းအားအရင်းအမြစ်ကို အမြတ်ထုတ်တာပဲ။ ခု ကျွန်တော်က ကျွန်တော့်ဦးလေး မင်္ဂလာဆောင်မှာဗျ။ လာလို့မရဘူး။”
“အဲ့တာဆို အဲ့ဒါက ဘယ်မှာလဲ။ မင်းက ငါ့ကိုတောင် မဖိတ်ဘူးပေါ့လေ”
“သူဌေးက နာလန်ထူစပဲရှိသေးတာ။ ဒီလိုဆူညံတဲ့ပွဲတွေက Stressဖြစ်စေတယ်လေ။ ကျန်းမာရေးအတွက်မကောင်းဘူး”
“ဘယ် မှာ လဲ”
ခေါင်းမာလွန်းသည့် သူဌေးဖြစ်သူကြောင့် နှာခေါင်းပွတ်ရင်း ခန်းမနေရာကိုသာပြောလိုက်ရသည်။ ကျွန်တော့်ကို မတွေ့ရမနေနိုင်ဖြစ်နေလို့ လာတာလားလို့မေးရင်လည်း ဟိုလိုဒီလိုနဲ့ကွေ့ပတ်ပြောဦးမယ်။ ရှိစေတော့။ ကိုယ့်ကိုမြင်လိုပါကလည်း မြင်ပါစေလေ။ ကိုယ့်လူပဲဟာ တွန့်တိုစရာလုံးဝမရှိ။
.......................................................................................................................................................................................................................
တစ်နေ့လုံး အလုပ်တွေပင်ပန်းလာသည်မို့ ရေချိုးပြီးပြီးချင်း အိပ်ယာထဲပစ်လှဲမိသည်။ ဒီနေ့ သူဌေးကိုသွားတွေ့မိပါတယ်။ ဘာကို အလိုမကျမှန်းမသိတဲ့သူဌေးရစ်တာကို အလုံးအရင်းနှင့်ခံလိုက်ရသည်။ ဒီတော့ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ၉၉.၉၉%တိတိ။
“ကောင်လေး ဒါငါ့နေရာ မင်းမနေနဲ့ သွား သွား”
အိပ်မက်လိုလို လက်တွေ့လိုလို စကားသံတွေကြားမှာ သူလန့်နိုးလာခဲ့သည်။ ခုတင်ခြေရင်းတွင်ရပ်ကာ ကြောက်စရာမျက်နှာနှင့် သူ့ကိုမောင်းထုတ်နေသော အဘိုးကြီးသည် အခုတော့ ပျောက်ချင်းမလှပျောက်လို့။ အနေအထားပျက်နေသည့် စားပွဲခုံကိုကြည့်မိတော့ သူ့ဓာတ်ပုံလေးသည် မှောက်ရက်သားဖြစ်နေသည်။ ဘယ်ဘက်ရင်အုံမှ ဒိန်းခနဲလှုပ်ရှားမှုနှင့်အတူ နှလုံးကြီးတစ်ခုလုံး ခေါင်းထဲရောက်နေသလိုလို ခံစားလိုက်ရသည်။ ထို့အပြင် သန့်စင်ခန်းတံခါးက ဖြည်းညှင်းစွာ ဖွင့်လိုက်ပိတ်လိုက် အကြိမ်ပေါင်းများစွာဖြစ်နေလျှက်။ ခေါင်းအုံးကို ပိုက်ထားမိကာ အခန်းထဲက ပြေးထွက်လာခဲ့လိုက်သည်။
တစ်အိမ်လုံးမှာ လူနှစ်ယောက်သာရှိပေတာမို့သူ၏ ဦးတည်ရာသည် အိမ်အပေါ်ထပ်မှ ကောင်လေး၏အခန်းလေးသို့ အော်တိုမစ်တစ်။
“dok dok dok dok ညီလေး တံခါးဖွင့်ပါဦး မြန်မြန်လေး”
ဒီတစ်ခါတော့ ဘယ်လိုကံကောင်းမှန်းမသိ။ ကောင်လေးက ချက်ချင်းတံခါးလာဖွင့်ပေးသည်။ ခေါင်းအုံးပိုက်ကာ ဘာစကားမှမပြောနိုင်ဘဲ ဂဏှာမငြိမ်ဖြစ်နေသည်မှာ ဆယ်မိနစ်ခန့်လောက်...။
“ဘာဖြစ်လာလို့လဲ ရေသောက်မလား”
ကောင်လေးက ရေတစ်ဖန်ခွက်ပေးလာတော့ တစ်ကျိုက်ထဲနဲ့အကုန်သောက်ပစ်လိုက်သည်။ ရှင်းချောင်ဆိုသည့် ငနာလေးကတော့ သူ့ကိုသရဲခြောက်သည့်အိမ်ကိုမှ ထိုးထည့်သွားပြန်ပြီထင်သည်။ အဲ့တာကြောင့် တွေးခဲ့မိသားပဲ ဒီငနာလေးကို တကယ်မယုံသင့်ပါဘူးဆိုနေ။ မဖြစ်။ သရဲကတော့ လုံးဝမဖြစ်။ ကြောက်တယ်ဆိုတာထက် အနှောင့်အယှက်ဖြစ်လွန်းသည်။ မနက်ကျပြောင်းပေးဖို့စဥ်းစားထားပြီးဖြစ်ပေမဲ့ ဒီည...ဒီတစ်ညကို ဘယ်လိုဖြစ်ကျော်ရမယ်မှန်းမသိ။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
ဒီကောင်လေးအခန်းမှာပဲ တွယ်ကပ်ပြီး အိပ်ရတော့မည်မို့ မသိရသေးသည့် နာမည်က စမေးလိုက်သည်။
“လီဝူရီ”
ကောင်လေးက စတွေ့ထဲကဒီဇိုင်းအတိုင်း ကာချယ်ဆိုးထားသော မျက်ဝန်းတစ်ဖက်ကို ပင့်ကာပြောလာသည်။
“ငါက စုန့်ကျွီးဟန် လို့ခေါ်ပါတယ်”
နှစ်ယောက်ကြားမှာ ခဏလောက်တိတ်ဆိတ်သွားသည်။ အားတင်းကာစကားပြန်စသူက ကျွီးဟန်...
“ငါ့အခန်းမှာ သရဲရှိတာသိလား”
“သရဲလား”
“အင်း”
ကျွီးဟန်က ခေါင်းကိုပြုတ်ထွက်မတတ်ညိတ်ပြသည်။
“သရဲက နေရာတိုင်းလိုလိုမှာရှိနေတာပဲလေ။ ဒီမှာတောင် ရှိနေနိုင်တာပဲဟာ”
ဝူရီ့စကားကြောင့် ကျွီးဟန် ဝူရီထိုင်နေသည့်အနားကို တိုးသွားလိုက်မိသည်။ ကြောက်လို့တော့ ဘယ်ဟုတ်ပါ့မလဲ။ လန့်လို့ပါ။
“ထားပါတော့ ငါ...ငါ ဒီမှာအိပ်လို့ရမလား။ ငါကြောက်နေလို့ပါ။ ကျေးဇူးပြုပြီး...”
ခခယယနှင့်ပြောလိုက်မိတော့ ထိုကောင်လေးက သူ့ကိုတခဏလောက်စိုက်ကြည့်လာသည်။
“ရတယ်လေ”
အေးစက်စက်စကားသံကြောင့် သူပျော်ရွှင်စွာရယ်လိုက်မိသည်။ လက်မခံလောက်ဘူးထင်ထားတာ။
“ကျေးဇူးပါပြီ ဝူရီ ငါတကယ် မင်းကျေးဇူးကို မမေ့ပါဘူး။ မင်းကငါ့ကျေးဇူးရှင်ကြီးပါပဲ”
ဒါရိုက်တာဟူသော ရာထူးကြီးဖြင့် အိန္ဒြေကြီးတစ်ခွဲသားနေလာခဲ့သော်လည်း အခုအချိန်မှာတော့ ကျွီးဟန် စိတ်လွတ်ကိုယ်လွတ်ပြုံးမိသည်။ ဒီအချိန်မှာ အတူအိပ်ပေးမဲ့ အဖော်ရဖို့ဆိုတာ တကယ်ရွှေထက်အဖိုးတန်ပါပေတယ်။
“ရပါတယ် အိပ်ချင်ပြီမလား အိပ်တော့”
“ကောင်းပြီ”
နောက်တစ်ကြိမ်ထပ်ရယ်ပြကာ ခုတင်ပေါ်သို့ အပြေးတက်လိုက်သည်။ စောင်ကိုဆွဲခြုံလိုက်သော်လည်း နွေးထွေးသော အငွေ့အသက်အစား အေးစက်စက်အငွေ့အသက်သာရလာသည်။ ဝူရီက သူ မတက်လာခင်ကတည်းက မအိပ်ရသေးဘူးပဲ။ ဒီကောင်လေး ဘာတွေများလုပ်နေပါလိမ့်။ ညနက်သည်ထိ မအိပ်ရအောင်။ နာရီကိုပင့်ကြည့်တော့ ၁နာရီထိုးလုပြီ။ မဖြစ်သေး။ ဒီထက်နောက်ကျရင် ကျန်းမာရေးထိခိုက်မည့်သဘောရှိသည်။
“ဝူရီ”
“ဟမ်”
ဝရန်တာကို ထွက်၍ ဆေးလိပ်လက်ကြားညှပ်ကာရပ်နေသောကောင်လေးသည် ပြန်တော့ထူးရှာသည်။
“လာ တူတူအိပ်ကြရအောင်။ မင်းလည်းအိပ်သင့်ပြီ။ လာတော့ မြန်မြန်”
တစ်ခွန်းပဲပြောရသေးသည်။ အိပ်ယာဆီတန်းလာသော ကောင်လေးကြောင့် အနည်းငယ်အံ့ဩသွားသည်။ ဒီကောင်လေးကို စကားနားမထောင်တတ်တဲ့ ခပ်ဂျစ်ဂျစ်ကောင်လေးလို့ ထင်ထားတာ။ ဒါပေမဲ့ ဒီနေ့ သူ့ကိုကြည့်ရတာ အဲ့လောက်ကြီး မဆိုးမဲ့ပုံပါပဲ။
ကျွီးဟန်သည် ဟိုဘက်လှည့်ကာ ပြုံးနေသော ကောင်လေး၏ အမူအရာကိုသာမြင်နိုင်ပါလျှင် အထက်ပါအတွေးကို ပိစိလေးသော်မှ တွေးနိုင်မည်မဟုတ်ပါပေ။
Zawgyi
စႏၵရားသံေလးက ခ်ိဳသာစြာပ်ံ႔လြင့္လာသည္။ စင္ထက္တြင္ အမ်ိဳးသားႏွစ္ေယာက္ေနရာယူထားၾကသည္။ ႏွစ္ေယာက္စလံုးက အေနာက္တိုင္းဝတ္စံုအနက္ကို ေကာ့ပ်ံေနေအာင္ ဝတ္ဆင္ထားၾကရာ သတို႔သားေတြမွန္းသိသာလွသည္။ ေယာက်္ားေလးႏွစ္ေယာက္၏ မဂၤလာပဲြေပမဲ့ ႏွစ္ေယာက္လံုးက ေပါင္းသင္းဆက္ဆံေရးေကာင္းၿပီး လုပ္ငန္းႀကီးေတြလုပ္ေနရသူမ်ားျဖစ္တာေၾကာင့္ လူလာမ်ားၾကသည္။ သက္ႀကီးပိုင္းကအစ လူငယ္ပိုင္းအဆံုး တက္ေရာက္အားေပးၾကသည္။ မ်က္စိေရ႔ွတြင္ေတာ့ လိုက္ဖက္ပါေပသည္ဟူ၍ တႃပံုးႃပံုးျဖစ္ေနေပမဲ့ ကြယ္ရာက် ႏွာေခါင္းရႈံ႔တတ္ေသာ လူ႔သဘာဝကိုသိၿပီးသားေပမို႔ ဒီအႃပံုးေတြၾကားမွာ သိပ္ေတာ့မေပ်ာ္ဝင္လွပါ။ ထားပါေတာ့ေလ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေန့က သာမန္ေန့မွမဟုတ္ဘဲ။
“ကိုယ္ကတိေပးပါတယ္။ မင္းကို အဆံုးထိေစာင့္ေရွာက္သြားပါ့မယ္”
ကတိေပးသံသည္ ခပ္တိုးတိုးျဖစ္ေသာ္ျငား ပီသလွသည္။ အားမာန္ပါလွသည္။ စကားပိုင္ရွင္သတို႔သားသည္ လက္စြပ္ကို သူ႔ေရ႔ွမွလူသားအား ျဖည္းၫွင္းေလးနက္စြာ စြပ္ေပးလိုက္သည္။ လက္ခုပ္သံေတြညံလာ၏။ ထို႔ေနာက္ တစ္ဖက္ရိွအမ်ိဳးသားက လက္စြပ္ကိုျပန္စြပ္ေပးသည္။
“ငါ မင္းအေပၚ သစၥာရိွပါ့မယ္”
ဒီစကားသံသည္လည္း ခပ္တိုးတိုး။ သို႔ေပမဲ့ တည္ၿငိမ္ကာ အားပါလွေပသည္။ သတို႔သားႏွစ္ေယာက္သည္ အခ်င္းခ်င္း လက္စြပ္စြပ္ေပးၿပီးသၫ့္ေနာက္မွာေတာ့ လက္အခ်င္းခ်င္းကို ထပ္လ်က္ ဆုပ္ကိုင္ထားလိုက္ၾကသည္။ ထိုလက္မ်ားကား ပထမ ခပ္ဖြဖြ...။ ထို႔ေနာက္ အနည္းငယ္ဖိအားပါပါ... ေနာက္ဆံုးတင္းတင္းၾကပ္ၾကပ္...။ သတို႔သားႏွစ္ေယာက္လံုး၏ မ်က္ႏွာေပၚမွအႃပံုးမ်ားကလည္း တူညီေသာအဓိပၸာယ္ကိုေဆာင္ေနၾကလ်ွက္။
ရွင္းေခ်ာင္ ထိုျမင္ကြင္းေလးကိုၾကၫ့္ကာ ႃပံုးမိရသည္။ ၪီးေလးတို႔ကို ၾကၫ့္ရတာ သူတို႔ပထမဆံုးလက္ထပ္ခဲ့တဲ့အခ်ိန္ကိုေတာင္ ျပန္ေတြးမိေစတယ္။ လူေတြၾကားမွာ...ပန္းေတြၾကားမွာ...ေမႊးရနံ႔ေတြၾကားမွာ...ေနာက္ၿပီး ကတိသစၥာေတြၾကားမွာ သူတို႔ပထမဆံုးလက္ထပ္ခဲ့ၾကတယ္။ လူေတြေရ႔ွမွာ တစ္ေယာက္ကိုတစ္ေယာက္ပိုင္ဆိုင္ေၾကာင္းေၾကညာခဲ့ၾကတယ္။ ေနာက္ၿပီး တစ္ေယာက္ကို တစ္ေယာက္ ျမတ္ႏိုးစြာနမ္းခဲ့ၾကဖူးတယ္။ ဒီလိုပဲ ၪီးေလးနဲ႔ ၪီးေလးေသြ့လည္း တစ္ေယာက္ကိုတစ္ေယာက္ ႏူးညံ့စြာနမ္းလိုက္ၾကတယ္။ လက္ခုပ္သံညံညံၾကားမွာ ေအာ္ဟစ္ဩဘာေပးသံေတြကိုပါ ၾကားေနရတယ္။ ေနာက္ဆံုးေတာ့လည္း ၪီးေလးလူပ်ိဳႀကီးကို ေဂၚမစြံဘဝကေန ကယ္တင္ႏိုင္ခဲ့ၿပီေလ။
“ရက္ခ်္ အဲ့ႏွစ္ေယာက္က အရင္ဘဝကေရာ ရၾကတယ္လား”
“မူလရွင္းေခ်ာင္ေသေတာ့ သူ႔ၪီးေလးခမ်ာ အေတာ္ေလးၿပိဳလဲသြားတာေလ။ တစ္ၪီးတည္းေသာ တူေလးက ေသသြားတယ္ဆိုေတာ့ အေတာ္ခံစားသြားရတာ။ အဲ့လိုအခ်ိန္မွာ ၪီးေလးေသြ့ကပဲ ေစာင့္ေရွာက္ေပးခဲ့တာ။ ဒီအခ်ိန္ထက္ေတာ့ ေနာက္က်ေပမဲ့ သူတို႔ကလက္ထပ္ခဲ့ၾကတာပါပဲ”
“ၪီးေလး ကံေကာင္းလိုက္တာ”
“သူက် ကံမေကာင္းတာက်လို႔”
ရက္ခ်္၏ စကားကို သူသေဘာတက်ရယ္လိုက္မိသည္။
‘ငါကကံေကာင္းတာမဟုတ္ဘူး။ ေကာင္းတဲ့ခ်စ္သူကို ပိုင္ထားရတာပါ’
“အိုက္ယား ႃပံုးေနလိုက္တာဆိုတာ ခင္ဗ်ားၪီးေလးကလည္းေနာ္ ခုနတုန္းက အဝတ္လဲခန္းထဲမွာ အဲ့ရုပ္မဟုတ္ဘူး”
ဒီတစ္ခါေတာ့ သူ ဟက္ဟက္ပက္ပက္ရယ္လိုက္မိသည္။ ခုနက အခ်ိန္တုန္းက သူ႔ၪီးေလးႏွင့္အတူ သူသည္လည္း အဝတ္လဲခန္းတြင္ ရိွေနခဲ့သည္။ ၪီးေလး၏ ဂ်စ္တိုက္မႈေၾကာင့္ ၪီးေလးေသြ့ခမ်ာ အဝတ္လဲခန္းကို ခဲြသံုးရ၏။
“ရွင္းေခ်ာင္ ငါလက္မထပ္ခ်င္ဘူး”
မ်က္ရည္ေတြဝဲ့သီကာ ေျပာလာေသာ ၪီးေလးေၾကာင့္ သူမ်က္လံုးျပဴးသြားမိသည္။ ဗုဒၶေါ... မဂၤလာပဲြေရာက္မွ မဂၤလာမေဆာင္ခ်င္ေတာ့ဘူးဆိုေတာ့ ဒီကတူေလးက ဘယ္လိုလုပ္ေပးရေတာ့မွာလဲ။
“ငါ မင္းကို ဒီလက္ထပ္ပဲြျဖစ္မလာေအာင္ ျပႆနာရွာေစခ်င္ခဲ့တာ”
အဲ့တာမ်ား အေစာႀကီးကတည္းက ဘာလို႔မေျပာခဲ့တာလဲ။ ၪီးေလးဟာက တစ္ခုခုမွားေနသလိုလိုပဲ။
“လက္မထပ္ခ်င္တာမ်ား ဘာလို႔အစထဲကမျငင္းခဲ့တာလဲ ၪီးေလးရဲ့”
“ငါ...ငါျငင္းလို႔မရလို႔ေပါ့ အစုတ္ပလုပ္ရွင္းေခ်ာင္ရဲ့။ မင္းဟာေလ အားကိုမကိုးရဘူး”
မ်က္ႏွာမ်ားနီကာ ေျပာလာေသာ ၪီးေလးေၾကာင့္ ျပဴးလက္စမ်က္လံုးကို ထပ္ျပဴးမိ၏။
“ျငင္းလို႔မရဘူး? မဟုတ္မွ ၪီးေလးေသြ့ ၪီးေလးကို...”
ၪီးေလးကိုဟု တစ္ဝက္တစ္ပ်က္ဆိုကာ သနားေသာအၾကၫ့္ႏွင့္ ေအာက္ပိုင္းကို ၾကၫ့္လာေသာ ရွင္းေခ်ာင္ေၾကာင့္ သူ ေသခ်င္စိတ္ေတာင္ ေပါက္မိသြားသည္။ ငနာေလးက ခုထိ ေတာက္ပိန္းထူတုန္း။
“ဘယ္ကိုၾကၫ့္ေနတာတုန္း မင္းကြာ...”
ဝမ္းနည္းပက္လက္နဲ႔ ငိုခ်ေတာ့မွ ပ်ာပ်ာသလဲျဖစ္လာသည္။
“ၪီးေလး မငိုပါနဲ႔ဗ်ာ ဘာလို႔ငိုေနရတာလဲ။ ေပ်ာ္ေနတာဆိုရင္လည္း စိတ္ထိန္းၪီးေလ”
“မင္းႀကီးေတာ္ကိုေပ်ာ္ပါလား ငါဝမ္းနည္းေနတာ”
မ်က္ရည္ေတြဘူးသီးလံုးေလာက္က်လာေတာ့ ငနာေလးက စိတ္မေကာင္းျဖစ္သြားဟန္တူသည္။
“ၪီးေလး တကယ္လက္မထပ္ခ်င္တာလား”
ရွင္းေခ်ာင္၏ မ်က္ႏွာကအတည္ေပါက္ျဖစ္ေနသည္။
“အင္း ငါ...ငါ လက္မထပ္ခ်င္ဘူး”
ေျဖလိုက္ေသာေလသံက မေရမရာ၊ ခပ္တိုးတိုး။ မူေနတာလား တကယ္လက္မထပ္ခ်င္တာလား မသဲမကဲြ။
“ဒါဆိုလည္း ထြက္ေျပးၾကမယ္။ လာ သြားစို႔”
အတင္းဆဲြေနေသာ တူျဖစ္သူကို ျပန္ထိုင္ခိုင္းရျပန္သည္။
“မင္းရူးေနလား ဒီအေျခအေနေရာက္မွေတာ့ လက္ထပ္ရေတာ့မွာေပါ့လို႔။ ထြက္ေျပးရင္ မင္းပေထြး...အဲေလ ေဆာရီး မင္းၪီးေလးေသြ့က မင္းကိုသတ္လိမ့္မယ္”
“ေနပါၪီး ၪီးေလးေသြ့က ၪီးေလးကိုက် ဘာလို႔မသတ္ဘဲ ကၽြန္ေတာ့္ပဲေရြးသတ္မွာတုန္း”
“သူက ငါ့ကိုခ်စ္တယ္ေလ”
တကယ္လက္မထပ္ခ်င္တာလား FAတူေလးကို တမင္ႂကြားျပေနတာလား မသဲကဲြ။ ျဖစ္ႏိုင္ရင္ ကၽြန္ေတာ့္မွာလည္း ကၽြန္ေတာ့္လူႀကီးရိွတယ္ဗ်ဆိုၿပီးသာ ေျပာလိုက္ခ်င္ေတာ့သည္။
“ထားပါေတာ့ ဒါဆို ဘယ္လိုလုပ္မွာလဲ ၪီးေလး လက္မထပ္ခ်င္ဘူးဆိုရင္”
“ငါလက္ေတာ့မထပ္ခ်င္ေပမဲ့ လက္ထပ္ရေတာ့မွာပဲ ေရွာင္ခ်င္း။ ငါေလ မ်က္ႏွာမပ်က္ခ်င္ဘူး”
“မဟုတ္ေသးဘူး ၪီးေလး။ ၪီးေလး ၪီးေလးေသြ့ကို တကယ္မခ်စ္ရင္ လက္မထပ္ခ်င္ရင္ ခုထဲကေနာက္ဆုတ္လိုက္တာ ႏွစ္ေယာက္လံုးအတြက္ ေကာင္းလိမ့္မယ္ေနာ္။ ဒါက ဘယ္လိုေျပာရမလဲ။အခ်စ္မပါဘဲ လက္ထပ္ရင္ ဒုကၡေရာက္မွာက ႏွစ္ေယာက္လံုးပဲ”
“ဟမ္ ငါ...ငါ သိပါတယ္။ ဒါေပမဲ့ ဒါေပမဲ့ ငါသူ႔ကိုသနားတယ္။ ငါသူ႔ကိုလက္ထပ္လိုက္မယ္”
“မဟုတ္ေသးပါဘူး သနားတာနဲ႔လက္ထပ္လို႔မရဘူးေလ။ လာ တူေလးကိုပဲ ယံုလိုက္။ သူ႔ကိုသြားေျပာၾကမယ္။ သူနားလည္ေပးမွာပါ။ ျပႆနာကေတာ့ ျဖစ္မွာေပမဲ့ အဲ့လိုဆိုၿပီး မခ်စ္တဲ့လူဆီမွာ တစ္ဘဝလံုးကို ကုန္ဆံုးစရာလား”
“ဒါေပမဲ့ ဒါေပမဲ့ ငါ...ငါ”
“ငါ ဘာျဖစ္လဲ”
မ်က္ရည္ေတြေတာင္ ေျခာက္သြားၿပီျဖစ္ေသာ ၪီးေလးသည္ မ်က္လံုးေလးနီရဲကာ မျဖစ္မေနလက္ထပ္ရမၫ့္အေၾကာင္းျပခ်က္ကို ထပ္ရွာေနဟန္တူသည္။ ဒါက ဘာလဲ။ တမင္မူျပေနတာလား။ ၪီးေလးေရ မူျပရေအာင္ ကၽြန္ေတာ္က ခင္ဗ်ားေလာင္ကုန္းႀကီးမဟုတ္ဘူးေလဗ်ာ။
“ၪီးေလး သူ႔ကိုႀကိဳက္ေနတယ္မလား”
ရွင္းေခ်ာင္က မ်က္လံုးတၫ့္တၫ့္ကိုစိုက္ၾကၫ့္ေျပာေတာ့ တစ္ဖက္ကမ်က္ဝန္းနီသည္ တျဖည္းျဖည္းျပဴးက်ယ္လာသည္။ ထို႔ေနာက္ ပါးစပ္က အေတာ္ေလးဟထြက္လာသည္။ ပါးေတြကေနတဆင့္ နားရြက္မ်ားထိပါ အနီေရာင္သမ္းလာၿပီးေနာက္မွာေတာ့ အႀကီးအက်ယ္ျငင္းေတာ့သည္။
“မဟုတ္ပါဘူး ဘယ္ကလာ မင္းဘာေတြေလ်ွာက္ေျပာေနတာလဲ။ ငါမႀကိဳက္ပါဘူးဆို ငါသူ႔ကိုမႀကိဳက္ဘူး။ ငါ...ငါသူ႔ကိုလက္ထပ္ရတာ မင္းေၾကာင့္ ငနာေလးရဲ့။”
“အဟမ္ သူတို႔ဟာသူတို႔ ႀကိဳက္လို႔ယူတာေတာင္ ကၽြန္ေတာ့္ေၾကာင့္ျဖစ္ရေသး။ အပိုေတြမေျပာေတာ့နဲ႔ ၪီးေလး။ လက္ထပ္မွာလား မထပ္ဘူးလား။ Yes Or No ရွင္းရွင္းေျပာ။ ၪီးေလးက Noဆိုတာနဲ႔ ဒီမဂၤလာပဲြကို ကၽြန္ေတာ္က ရေအာင္ဖ်က္ေပးမွာမို႔”
ၪီးေလး ၿငိမ္က်သြားသည္။ မ်က္လံုးေလးပုတ္ခတ္ပုတ္ခတ္ႏွင့္ ခဏေလာက္ထိုင္ေန၏။ ထို႔ေနာက္ ေလသံတိုးတိုးေလးထြက္လာ၏။
“Yes”
အခုေတာ့လည္း Yesဆိုတာေတာင္ တိုးတိုးကေလးသာေျပာခဲ့ေသာ ၪီးေလးေတာ္သည္ ႃပံုးလို႔ရႊင္လို႔။ သူ႔ေလာင္ကုန္းလက္ကို ကိုင္ၿပီး မိုးမျမင္ေလမျမင္ျဖစ္ကာ ေလာင္ကုန္းမ်က္ႏွာ တစ္ကမ႓ာျဖစ္လို႔ေနေပၿပီ။ အတဲြေတြမ်ား အေျပာင္းအလဲျမန္ပါ့။
“အစ္ကို ရွင္းေခ်ာင္ ညီမဖုန္းအားကုန္သြားလို႔ ဖုန္းခဏကိုင္လို႔ရမလား”
“အင္း ညီမေလးေဝ သြားယူေလ ဖုန္းကအိတ္ထဲမွာ”
ကေလးမေလးက အိတ္ဆီေလ်ွာက္သြားေတာ့ သူ စားလက္စေရခဲမုန႔္ကို ဆက္စားလိုက္သည္။ ေရခဲမုန႔္က ကေလးေတြကို ကၽြေးတာေပမဲ့ သတို႔သားရွင္ျဖစ္သၫ့္အေလ်ာက္ အကၽြေးအေမြးဘက္ကို ဂ်ီက်ကာ ကေလးစာ လုစားေနျခင္းပင္။
“အစ္ကိုရွင္းေခ်ာင္ သူေဌးဆီက Miss callေတြ”
ကေလးမေလးလွမ္းေျပာလာေသာစကားေၾကာင့္ ေရခဲမုန႔္သည္ လ်ွာကိုခုန္ေက်ာ္ကာ လည္ေခ်ာင္းထဲေလ်ွာခနဲခုန္ဆင္း၏။ ဗိုက္ထဲေရာက္သြားတာေတာင္ ကေမာက္ကမ။ ဒီေန့က အလုပ္ပိတ္ရက္မို႔ သူေဌးကို မဂၤလာပဲြရိွေၾကာင္း ေျပာစရာမလိုဟုယူဆကာ ေအးေဆးေနခဲ့ျခင္းပင္။ အခုေတာ့ အလုပ္ပဲေပၚလို႔လားမသိ။ Callေတြက အခုႏွစ္ဆယ္ေက်ာ္သည္။
“ဟယ္လို သူေဌး ဘာျဖစ္လို႔လဲဟင္”
“မင္း ဘယ္မွာလဲ။ ဘာျဖစ္လို႔ မလာတာလဲ အလုပ္ကို”
“ဒီေန့ တနဂၤေနြေလ သူေဌးရာ။ အားလပ္ရက္ႀကီးကို၊ သူေဌးျပကၡဒိန္ၾကၫ့္တာ မွားေနလို႔ထင္တယ္”
“မင္းကို တနဂၤေနြအလုပ္နားရမယ္ ဘယ္သူေျပာလဲ”
“ဟမ္...? သူေဌး ဒါက လူ႔စြမ္းအားအရင္းအျမစ္ကို အျမတ္ထုတ္တာပဲ။ ခု ကၽြန္ေတာ္က ကၽြန္ေတာ့္ၪီးေလး မဂၤလာေဆာင္မွာဗ်။ လာလို႔မရဘူး။”
“အဲ့တာဆို အဲ့ဒါက ဘယ္မွာလဲ။ မင္းက ငါ့ကိုေတာင္ မဖိတ္ဘူးေပါ့ေလ”
“သူေဌးက နာလန္ထူစပဲရိွေသးတာ။ ဒီလိုဆူညံတဲ့ပဲြေတြက Stressျဖစ္ေစတယ္ေလ။ က်န္းမာေရးအတြက္မေကာင္းဘူး”
“ဘယ္ မွာ လဲ”
ေခါင္းမာလြန္းသၫ့္ သူေဌးျဖစ္သူေၾကာင့္ ႏွာေခါင္းပြတ္ရင္း ခန္းမေနရာကိုသာေျပာလိုက္ရသည္။ ကၽြန္ေတာ့္ကို မေတြ့ရမေနႏိုင္ျဖစ္ေနလို႔ လာတာလားလို႔ေမးရင္လည္း ဟိုလိုဒီလိုနဲ႔ေကြ့ပတ္ေျပာၪီးမယ္။ ရိွေစေတာ့။ ကိုယ့္ကိုျမင္လိုပါကလည္း ျမင္ပါေစေလ။ ကိုယ့္လူပဲဟာ တြန႔္တိုစရာလံုးဝမရိွ။
.......................................................................................................................................................................................................................
တစ္ေန့လံုး အလုပ္ေတြပင္ပန္းလာသည္မို႔ ေရခ်ိဳးၿပီးၿပီးခ်င္း အိပ္ယာထဲပစ္လွဲမိသည္။ ဒီေန့ သူေဌးကိုသြားေတြ့မိပါတယ္။ ဘာကို အလိုမက်မွန္းမသိတဲ့သူေဌးရစ္တာကို အလံုးအရင္းႏွင့္ခံလိုက္ရသည္။ ဒီေတာ့ လူပင္ပန္းတာထက္ စိတ္ပင္ပန္းတာက ၉၉.၉၉%တိတိ။
“ေကာင္ေလး ဒါငါ့ေနရာ မင္းမေနနဲ႔ သြား သြား”
အိပ္မက္လိုလို လက္ေတြ့လိုလို စကားသံေတြၾကားမွာ သူလန႔္ႏိုးလာခဲ့သည္။ ခုတင္ေျခရင္းတြင္ရပ္ကာ ေၾကာက္စရာမ်က္ႏွာႏွင့္ သူ႔ကိုေမာင္းထုတ္ေနေသာ အဘိုးႀကီးသည္ အခုေတာ့ ေပ်ာက္ခ်င္းမလွေပ်ာက္လို႔။ အေနအထားပ်က္ေနသၫ့္ စားပဲြခံုကိုၾကၫ့္မိေတာ့ သူ႔ဓာတ္ပံုေလးသည္ ေမွာက္ရက္သားျဖစ္ေနသည္။ ဘယ္ဘက္ရင္အံုမွ ဒိန္းခနဲလႈပ္ရွားမႈႏွင့္အတူ ႏွလံုးႀကီးတစ္ခုလံုး ေခါင္းထဲေရာက္ေနသလိုလို ခံစားလိုက္ရသည္။ ထို႔အျပင္ သန႔္စင္ခန္းတံခါးက ျဖည္းၫွင္းစြာ ဖြင့္လိုက္ပိတ္လိုက္ အႀကိမ္ေပါင္းမ်ားစြာျဖစ္ေနလ်ွက္။ ေခါင္းအံုးကို ပိုက္ထားမိကာ အခန္းထဲက ေျပးထြက္လာခဲ့လိုက္သည္။
တစ္အိမ္လံုးမွာ လူႏွစ္ေယာက္သာရိွေပတာမို႔သူ၏ ၪီးတည္ရာသည္ အိမ္အေပၚထပ္မွ ေကာင္ေလး၏အခန္းေလးသို႔ ေအာ္တိုမစ္တစ္။
“dok dok dok dok ညီေလး တံခါးဖြင့္ပါၪီး ျမန္ျမန္ေလး”
ဒီတစ္ခါေတာ့ ဘယ္လိုကံေကာင္းမွန္းမသိ။ ေကာင္ေလးက ခ်က္ခ်င္းတံခါးလာဖြင့္ေပးသည္။ ေခါင္းအံုးပိုက္ကာ ဘာစကားမွမေျပာႏိုင္ဘဲ ဂဏွာမၿငိမ္ျဖစ္ေနသည္မွာ ဆယ္မိနစ္ခန႔္ေလာက္...။
“ဘာျဖစ္လာလို႔လဲ ေရေသာက္မလား”
ေကာင္ေလးက ေရတစ္ဖန္ခြက္ေပးလာေတာ့ တစ္က်ိဳက္ထဲနဲ႔အကုန္ေသာက္ပစ္လိုက္သည္။ ရွင္းေခ်ာင္ဆိုသၫ့္ ငနာေလးကေတာ့ သူ႔ကိုသရဲေျခာက္သၫ့္အိမ္ကိုမွ ထိုးထၫ့္သြားျပန္ၿပီထင္သည္။ အဲ့တာေၾကာင့္ ေတြးခဲ့မိသားပဲ ဒီငနာေလးကို တကယ္မယံုသင့္ပါဘူးဆိုေန။ မျဖစ္။ သရဲကေတာ့ လံုးဝမျဖစ္။ ေၾကာက္တယ္ဆိုတာထက္ အေနွာင့္အယွက္ျဖစ္လြန္းသည္။ မနက္က်ေျပာင္းေပးဖို႔စဥ္းစားထားၿပီးျဖစ္ေပမဲ့ ဒီည...ဒီတစ္ညကို ဘယ္လိုျဖစ္ေက်ာ္ရမယ္မွန္းမသိ။
“မင္းနာမည္ ဘယ္လိုေခၚလဲ”
ဒီေကာင္ေလးအခန္းမွာပဲ တြယ္ကပ္ၿပီး အိပ္ရေတာ့မည္မို႔ မသိရေသးသၫ့္ နာမည္က စေမးလိုက္သည္။
“လီဝူရီ”
ေကာင္ေလးက စေတြ့ထဲကဒီဇိုင္းအတိုင္း ကာခ်ယ္ဆိုးထားေသာ မ်က္ဝန္းတစ္ဖက္ကို ပင့္ကာေျပာလာသည္။
“ငါက စုန႔္ကၽီြးဟန္ လို႔ေခၚပါတယ္”
ႏွစ္ေယာက္ၾကားမွာ ခဏေလာက္တိတ္ဆိတ္သြားသည္။ အားတင္းကာစကားျပန္စသူက ကၽီြးဟန္...
“ငါ့အခန္းမွာ သရဲရိွတာသိလား”
“သရဲလား”
“အင္း”
ကၽီြးဟန္က ေခါင္းကိုျပဳတ္ထြက္မတတ္ညိတ္ျပသည္။
“သရဲက ေနရာတိုင္းလိုလိုမွာရိွေနတာပဲေလ။ ဒီမွာေတာင္ ရိွေနႏိုင္တာပဲဟာ”
ဝူရီ့စကားေၾကာင့္ ကၽီြးဟန္ ဝူရီထိုင္ေနသၫ့္အနားကို တိုးသြားလိုက္မိသည္။ ေၾကာက္လို႔ေတာ့ ဘယ္ဟုတ္ပါ့မလဲ။ လန႔္လို႔ပါ။
“ထားပါေတာ့ ငါ...ငါ ဒီမွာအိပ္လို႔ရမလား။ ငါေၾကာက္ေနလို႔ပါ။ ေက်းဇူးျပဳျပီး...”
ခခယယႏွင့္ေျပာလိုက္မိေတာ့ ထိုေကာင္ေလးက သူ႔ကိုတခဏေလာက္စိုက္ၾကၫ့္လာသည္။
“ရတယ္ေလ”
ေအးစက္စက္စကားသံေၾကာင့္ သူေပ်ာ္ရႊင္စြာရယ္လိုက္မိသည္။ လက္မခံေလာက္ဘူးထင္ထားတာ။
“ေက်းဇူးပါၿပီ ဝူရီ ငါတကယ္ မင္းေက်းဇူးကို မေမ့ပါဘူး။ မင္းကငါ့ေက်းဇူးရွင္ႀကီးပါပဲ”
ဒါရိုက္တာဟူေသာ ရာထူးႀကီးျဖင့္ အိႁႏၵေႀကီးတစ္ခဲြသားေနလာခဲ့ေသာ္လည္း အခုအခ်ိန္မွာေတာ့ ကၽီြးဟန္ စိတ္လြတ္ကိုယ္လြတ္ႃပံုးမိသည္။ ဒီအခ်ိန္မွာ အတူအိပ္ေပးမဲ့ အေဖာ္ရဖို႔ဆိုတာ တကယ္ေရႊထက္အဖိုးတန္ပါေပတယ္။
“ရပါတယ္ အိပ္ခ်င္ၿပီမလား အိပ္ေတာ့”
“ေကာင္းၿပီ”
ေနာက္တစ္ႀကိမ္ထပ္ရယ္ျပကာ ခုတင္ေပၚသို႔ အေျပးတက္လိုက္သည္။ ေစာင္ကိုဆဲြႃခံုလိုက္ေသာ္လည္း ေနြးေထြးေသာ အေငြ့အသက္အစား ေအးစက္စက္အေငြ့အသက္သာရလာသည္။ ဝူရီက သူ မတက္လာခင္ကတည္းက မအိပ္ရေသးဘူးပဲ။ ဒီေကာင္ေလး ဘာေတြမ်ားလုပ္ေနပါလိမ့္။ ညနက္သည္ထိ မအိပ္ရေအာင္။ နာရီကိုပင့္ၾကၫ့္ေတာ့ ၁နာရီထိုးလုၿပီ။ မျဖစ္ေသး။ ဒီထက္ေနာက္က်ရင္ က်န္းမာေရးထိခိုက္မၫ့္သေဘာရိွသည္။
“ဝူရီ”
“ဟမ္”
ဝရန္တာကို ထြက္၍ ေဆးလိပ္လက္ၾကားၫွပ္ကာရပ္ေနေသာေကာင္ေလးသည္ ျပန္ေတာ့ထူးရွာသည္။
“လာ တူတူအိပ္ၾကရေအာင္။ မင္းလည္းအိပ္သင့္ၿပီ။ လာေတာ့ ျမန္ျမန္”
တစ္ခြန္းပဲေျပာရေသးသည္။ အိပ္ယာဆီတန္းလာေသာ ေကာင္ေလးေၾကာင့္ အနည္းငယ္အံ့ဩသြားသည္။ ဒီေကာင္ေလးကို စကားနားမေထာင္တတ္တဲ့ ခပ္ဂ်စ္ဂ်စ္ေကာင္ေလးလို႔ ထင္ထားတာ။ ဒါေပမဲ့ ဒီေန့ သူ႔ကိုၾကၫ့္ရတာ အဲ့ေလာက္ႀကီး မဆိုးမဲ့ပံုပါပဲ။
ကၽီြးဟန္သည္ ဟိုဘက္လွၫ့္ကာ ႃပံုးေနေသာ ေကာင္ေလး၏ အမူအရာကိုသာျမင္ႏိုင္ပါလ်ွင္ အထက္ပါအေတြးကို ပိစိေလးေသာ္မွ ေတြးႏိုင္မည္မဟုတ္ပါေပ။