𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

980K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part-92

5.7K 755 35
By pickpachacon333

Uni

အစည်းအဝေးက သိပ်မကြာခင်မှာပဲ စတင်သည်။ ဒါရိုက်တာက စားပွဲထိပ်မှာထိုင်နေကာ ကျန်သည့် ဒီဇိုင်နာတွေအားလုံးနဲ့ အဖွဲ့သားတွေက ခုံများတွင် အသီးသီးထိုင်နေကြသည်။ လူစုံတာနှင့် လက်ထောက် ဒါရိုက်တာက ထကာ လေပစ်သည်။

“အခု ဒီဇိုင်းအဖွဲ့က လုပ်တဲ့အစည်းအဝေးကတော့ သိတဲ့အတိုင်းပဲ ဒီဇိုင်နာယွဲ့ဟန်ရဲ့ ဒီဇိုင်းနဲ့ ရှင်းချောင်ရဲ့ဒီဇိုင်းတူနေတဲ့ ကိစ္စပဲ ဒီဇိုင်းကို ရွေးပြီး အင်္ကျီတွေလည်း ချုပ်ပြီးကာမှ ဒီဇိုင်းတူတဲ့ကိစ္စက ထွက်လာတော့ တစ်ဖက် ဒီဇိုင်နာကို လျော်ကြေးပေးရတဲ့ ကိစ္စက အတော်လေးကုန်ကျသွားတယ်။ ကံကောင်းလို့ ဒီတစ်ခေါက်ခွင့်လွှတ်ပေးခံရပေမဲ့ နောက်တစ်ခေါက်ဖြစ်လာရင်မလွယ်ဘူး။ ဒါကြောင့် ဒီဇိုင်နာ ရှင်းချောင်ကို........”

“ကျွန်တော် သူ့ဟာကို ခိုးထားတယ်ပြောမိလို့လား”

“ဘာ?”
ဒါရိုက်တာက မျက်မှောင်ကျုံ့သည်။

“ဘယ်သူက ခင်ဗျားတို့ကို ယွဲ့ဟန်ဆီလျော်ကြေးပေးခိုင်းလို့လဲ။ ကျွန်တော်...မဟုတ်ဘူး ကျုပ်ကို နည်းနည်းလေးမှ မမေးဘဲ နာမည်ကြီးတဲ့လူကိုပဲ အမှန်လုပ်ပြီး ကိုယ့်ဘာကိုယ်ပေးခဲ့ကြတာပဲမဟုတ်လား။ ဘာလဲ အဲ့ဒါကို ကျုပ်အပြစ်လာလုပ်နေတာလား။ မေးပါဦးမယ် ခင်ဗျားတို့ဝန်ထမ်းက ကျုပ်လား သူလား။ ပြီးတော့ ကျုပ်သူ့ဟာကို ခိုးတယ်ဆိုတဲ့ သက်သေ ဘယ်ကရလာလို့ ကျုပ်ကို သူခိုးဆိုပြီး လေကျယ်ရဲတာလဲ။ ဘာလဲ အရင်က နှုတ်ဆိတ်နေခဲ့လို့ ဒီကောင်လေးကိုတော့ ဘယ်လိုပြောပြောရမှာပဲဆိုတဲ့ အချိုးလား။ မရဘူးနော်။ အပြစ်ပေးမယ်ပဲဆိုဆို သူခိုးလို့ပြောချင်တာပဲ ဆိုဆို သက်သေပြ။ ကျုပ်ကို မဟုတ်တမ်းတရားတွေနဲ့ လာမပြောနဲ့ ပြန်တရားစွဲပစ်လို့ရတယ်”

“ရှလင် မင်းဘာဖြစ်လို့ အရင်မစုံစမ်းဘဲ လျော်ကြေးပေးခဲ့ရတာလဲ”

ဒါရိုက်တာက သူ့လက်ထောက်ကို တစ်ချက်အော်သည်။ ပြီးမှ သူ့ဘက်လှည့်လာကာ

“နေပါဦး မင်းကရော မင်းမခိုးဘူးဆိုတဲ့သက်သေရှိလား။ ရှိရင် ငါမင်းရဲ့နာမည်ကို အဖက်ဆယ်ပေးမယ်”

“ဒီလိုတော့ ကျိန်းသေမပြောပြနိုင်ဘူး။ ယွဲ့ဟန် ကျွန်တော့်ဒီဇိုင်းကို ရဖို့ဆို ဒီထဲမှာ သူလျှိုရှိမှဖြစ်မှာလေ။ မယုံရတဲ့ နေရာမို့လို့ ကျွန်တော့်မှာ ရှိတဲ့သက်သေကို ခုမထုတ်ပြနိုင်သေးဘူး။ ခုချက်ချင်း ဒီဇိုင်နာ ယွဲ့ဟန်နဲ့ မျက်နှာချင်းဆိုင်ပြောမယ်။ ခင်ဗျားတို့ ခေါ်ပေးချင်ပေး မပေးချင်နေ။ ကျွန်တော်မခိုးဘူးဆိုတာတော့ သေချာတယ်။”

“ဒီဇိုင်နာယွဲ့ဟန်က freelance လုပ်တာလေ။ ငါတို့က သူ့ကိုဒီလိုခေါ်လို့မရမှန်းသိလို့ မင်းတမင်လုပ်တာမလား”

“ထင်ချင်သလိုထင်လေ။ ကျုပ်က သူနဲ့မရှင်းဘဲ ဘယ်လိုသက်သေပြပေးရမလဲ။ ဒီဇိုင်းရှင်းလင်းချက်ကလည်း ကျွန်တော်ကိုယ်တိုင်ကြေညာပြီးသားမို့ သူလျှိုကနေတဆင့် သူသိနေလောက်ပြီလေ။ ခုက ဘာလဲ ကျွန်တော်က ဘယ်လို သက်သေပြပေးရမှာလဲ။ ခင်ဗျားတို့ ဦးနှောက်ရှိရင်တွေးကြည့်ပါလား။ ကျွန်တော်က တစ်ဖက်သတ်ရှင်းရမှာ စိတ်ပျက်စရာကောင်းမနေဘူးလား။ ခေါ်ပေး။ ခေါ်မပေးနိုင်ရင် ကျွန်တော်အလုပ်ထွက်မှာ။”

“ရှင်းချောင် မင်းအသုံးအနှုန်းတွေက ဘာလို့ရိုင်းလာတာလဲ”

“ခင်ဗျားတို့ရော ကျွန်တော့်အပေါ် ယဥ်ကျေးပေးဖူးလို့လား။ ကြာကူလီကောင်လို့ ကောလဟာလထွက်တယ်။ ခင်ဗျားတို့ ကျုပ်ကို ပိုးစိုးပက်စက်သောက်တင်းတုပ်တယ်။ တကယ်မဟုတ်မှန်း သတင်းထွက်တော့မှ ပါးစပ်တွေပိတ်ကုန်တယ်။ ခင်ဗျားတို့ ကျုပ်ကို တစ်ချက်မှ မတောင်းပန်ဖူးဘူး။ ဘာသတင်း ညာသတင်း ဘယ်ဟာတွေထွက်ထွက် မကောင်းတာပြောဖို့ပဲ ချောင်းနေတယ်။ ခင်ဗျားတို့ပါးစပ်တွေလေ ကြာရင်ပုပ်ကုန်မှာစိုးတယ်။ အယ် အယ် အနားမကပ်နဲ့ ပုပ်စော်နံတယ်သိလား။ ကျုပ်ကတော့ ဘာမှထပ်မပြောတော့ဘူး။ ကျုပ်ကိုမယုံဘူးမလား။ မကြည်ကြဘူးမလား။ ကောင်းပြီ ကျုပ်အလုပ်ထွက်မယ်။ မကျေနပ်လည်း တရားစွဲလိုက်။ ဖန်ရှင်းချောင်က ငမွဲမဟုတ်ဘူး။ အဲ့တော့ ခင်ဗျားတို့ နှိပ်ကွပ်ချင်တိုင်း နှိပ်ကွပ်လို့ရမယ်ထင်ရင် ထမင်းမစားဘဲ တစ်ခြားဟာသာစားလိုက်။”

အဆုံးပိတ်အနေဖြင့် ပြောချင်ရာပြောကာ ထခဲ့လိုက်သည်။ အစည်းအဝေးခန်းတံခါးကိုဖွင့်တော့ သူဌေးက တံခါးရှေ့မှာ မားမားမတ်မတ်ကြီး။ ဒေါသထွက်နေသည့်အရှိန်နှင့်ပေါင်းကာ သူဌေးကိုပါ ဘုကြည့်ကြည့်၍ ထွက်လာခဲ့သည်။ မူလကိုယ်ရဲ့ မှတ်ဉာဏ်တွေထဲမှာ အ‌တော်နာကျင်ခဲ့ရတာ၊ အတော်ခံစားခဲ့ရတာတွေကို တွေးကြည့်ရင် သတ်သေချင်စိတ်‌တောင် ပေါက်နိုင်သည်။ ဒါကို ပါးစပ်နဲ့လူသတ်နေကြသော ထိုအယုတ်တမာတစ်သိုက် ဘယ်တော့မှ သိမည်မဟုတ်။ စပိုက်တာမန်းဖြစ်ရင်လည်း ကောင်းမည်။ အဲ့ဟာတွေရဲ့ပါးစပ်ကို အမျှင်တွေနဲ့ သက်စေ့သာ ပိတ်ထားလိုက်ချင်တော့သည်လေ။ တကယ်ကို ထမင်းမစားသင့်သည့် ပါးစပ်မျိုးတွေ။

“အိုးမိုင်ဂုတ်ပဲ ခင်ဗျားပြောသွားတာ စွန်းလန်းတယ်”

ရက်ချ်က လက်မထောင်ကာ ပြောလာတော့ မှန်ပြတင်းပေါက်နားမှာ ရပ်ကာ ဒေါသဖြေနေသော ရှင်းချောင်က တစ်ချက်မဲ့သည်။

“မင်းသိလား။ ငါတကယ်တွေးမိလာတာ။ လူတွေကလေ သူတို့ရဲ့အပြုအမူတွေနဲ့ အပြောအဆိုတွေကို ပိုပိုထိန်းသင့်တယ်။ စကားတစ်ခွန်းကလည်း လူသတ်နိုင်တာပဲလေ။ အကြောင်းအရာတစ်ခုကို သေချာတပ်အပ်မသိဘဲနဲ့ သူများကို အပြစ်မပြောသင့်ဘူးဆိုတာ တကယ်မှန်တယ်။ ပါးစပ်တွေကြောင့်ပဲ လူတစ်ယောက်ရှင်သန်နိုင်သလို ပါးစပ်တွေကြောင့်ပဲ လူတွေသေတယ်။ ဟူး တကယ်ကို ပါးစပ်တွေက ကြောက်ဖို့သိပ်ကောင်းတာ”

“အင်းပေါ့ဗျာ သတိထားပြီးထိန်းသင့်တာပေါ့။ လူဆိုတာမျိုးက သူများကောင်းကြောင်းသာ မချီးကျူးရင်နေမယ်။ သူများ မကောင်းကြောင်းတော့ ရှယ်ပြော၊ ဇွန်းတပ်ပြောချင်ကြတာလေ။ တကယ်တော့ သူများဘာသာ ကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းရင်ပြီးပြီလေ။ ဘယ်လိုတောင် သူများတွေကို လိုက်ကြည့်နေတာလဲ။ နားကိုမလည်ချင်ဘူး။”

“အေ့ကွာ ငါတို့တော့ အဲ့လိုမဖြစ်‌အောင် ထိန်းရမယ် နော့”

“အေး ထိန်းရမှာပေါ့”

လက်မြှောက်ပေးလိုက်တော့ ရက်ချ်က သူ့အတောင်ပံတစ်ဖက်နှင့် လာရိုက်သည်။ အပြင်ကိုကြည့်ရင်း လေပူတစ်ချက်မှုတ်ထုတ်ကာ ပစ္စည်းတွေသယ်ရင်းထွက်သွားဖို့ပြင်လိုက်သည်။ ဒီကျက်သတုံး ကုမ္ပဏီနှင့်‌ ဝေးလေကောင်းလေမို့ တစ်စက္ကန့်မှ ထပ်မနေချင်တော့။

နေကာမျက်မှန်ကြီးတပ်ကာ ပစ္စည်းသယ်ရတာလည်း လွယ်သည့်ကိစ္စတော့မဟုတ်။ ဒီကြားထဲ လမ်းကူးတော့ မျက်မမြင်ထင်၍ ကူညီသွားသည့်လူကတစ်မျိုး။ မျက်မှန်က မတပ်လို့လည်း မရပေ။ သရဲတွေကို မြင်နေရတာကတင် ကိစ္စကြီးဖြစ်နေပြီပဲဟာ။ သရဲတွေကသာ သူတို့ကို သူမြင်ရမှန်းသိသွားလို့ကတော့ ဟမရေး ရှင်းချောင်တို့ဘဝတော့ ဆုံးပြီ။ သရဲတွေတန်းလန်းတန်းလန်းနဲ့ ဘယ်ချက် အကြောက်လွန်ပြီး သေသွားမလဲမသိဘူး။ မနက်ဖက်မို့ ထင်သည်။ သိပ်တော့ မတွေ့ရ။ သို့သော် နည်းနည်းလေးအမှောင်ရိပ်သမ်းသည့်နေရာတွေမှာ တစ်ကောင်စ နှစ်ကောင်စရှိနေတတ်သည်။ အိမ်ကို ပြန်ရောက်တော့ ဦးလေးက ထမင်းစားနေသည်နှင့်ကြုံသည်။

“ရှင်းချောင်လေး ပုံးကြီးနဲ့။ မဟုတ်မှ.... အလုပ်ကထွက်လာတာလား”

“ဟုတ်တယ်။ သား အဲ့မှာ မလုပ်တော့ဘူး။ ပင်ပန်းတယ်”

ကတ်ထူပုံးကြီးကို ပစ်ချကာ ဆိုဖာပေါ်ခြေပစ်လက်ပစ်လှဲရင်းပြောလိုက်တော့ ဦးလေးဖြစ်သူက အနားလာကာ နှစ်သိမ့်သည်။

“မလုပ်ချင်လည်း မလုပ်နဲ့ရှင်းချောင်ရာ။ ငါ့အလုပ်တွေဆီ လာလုပ်စမ်းပါ။ မင်း Managementနဲ့ လက်မှတ်ရထားပြီးသားပဲဟာ။ ငါ့ကို တစ်ယောက်တည်း ပစ်မထားပါနဲ့”

“တော်ပါ ကိုယ့်ဟာကိုယ်လုပ် သားက တစ်ခြားဆီမှာ လုပ်မှာ”

“ဟာကွာ မင်းလုပ်တာနဲ့ ငါက မင်းဒေါ်လေးကို ဘယ်ချိန်သွားရှာရမှာလဲ။ ငါလည်း ယူချင်သေးတယ်လေကွာ။ မင်း အဲ့လို မစာမနာမလုပ်ပါနဲ့”

ရှင်းချောင်က အသက်၃၈စွန်းပြီဖြစ်သော လူပျိုကြီးကို မော့ကြည့်လိုက်သည်။ ဦးလေးလို့သာ ခေါ်ရတယ်။ သူ့ဦးလေးက နုနုလေးရယ်ပါ။ အမြဲတမ်းလည်း နုအောင်နေလို့ ပိုနုသည်ထင်ပါသည်။ ကြည့်လိုက်ရင် သေးသေးလေးနဲ့ နုဖတ်ဖတ်ကလေး။ ဝါသနာအရကြည့်မိရင် ဦးလေးကို ဒေါ်လေးရှာပေးမဲ့အစား ဦးလေးပဲ ရှာပေးချင်စိတ်ပေါက်သည်အထိ။ ဒီတစ်ခါလည်း ငါ လက်တည့်စမ်းကြည့်သင့်လား။

“ဟျောင့် မျက်နှာတည့်တည့်ကြီးကြည့်ပြီး ရယ်မနေစမ်းနဲ့ ဘယ်လိုတွေတောင် လုပ်နေတာလဲ။ ငါသေချာမရှာသေးလို့ပါ။ ငါ့ကိုယူချင်တဲ့မိန်းမတွေ့မှ အပုံ။ လူကို အထင်သေးသလိုလိုနဲ့”

“ဦးလေးရယ် အထင်မသေးရဲပါဘူး ဟားဟား။ အဲ့လောက်ဖြစ်နေတာ ကျွန်တော် အလုပ်ပိတ်ရက်ကျကူပေးမှာပေါ့”

သူ့စကားကြောင့် ဒီဘက်ပြန်လှည့်လာသော ဦးလေးမျက်နှာက ဂျက်လေယာဥ်က ပန်ကာတွေထက်တောင် မြန်နေသလိုလို။

“တကယ်လား ရှင်းချောင်”

“တကယ်ပေါ့ လုပ်ပေးမယ်”

“နေ့ကောင်းပဲ။ ငါထီထိုးသင့်လား”

ဦးလေးစကားကြောင့် အော်ရယ်မိမတတ်ဖြစ်သွားရသည်။ မူလကိုယ်က ကားလုပ်ငန်းနှင့် ပတ်သတ်၍ သူ့ဦးလေးကို ပိစိကလေးတောင် မကူညီဖူးပေ။ အင်းလေ။ သူ့ကိစ္စနဲ့သူ စိတ်ညစ်ရသည့်အထဲ သူ့ဦးလေးကို ဘယ်လိုကူညီနိုင်မှာ မို့လို့လဲ။ ဒီတစ်ခေါက်ကတော့ မတူဘူးလေ။ ရောက်တုန်းရောက်ခိုက်လေး ကိုယ့်ဦးလေး ယောကျ်ား အဲလေ မိန်းမရအောင် ကူညီပေးလိုက်ပါဦးမယ်။

“ဒါဆို ကျွန်တော် အပေါ်တက် နားလိုက်ဦးမယ်။ ဖုန်းအသစ်ရှာပေးဦး ဦးလေး ကျွန်တော် လာရင်း ပြုတ်ကျလာခဲ့လို့”

အလုပ်ကလူတွေကို စိတ်တိုရင်းစွဲနှင့် အဆက်အသွယ်ပြတ်အောင် အမှိုက်ပုံးထဲ တမင်ထည့်ခဲ့ကြောင်းတော့ မပြောချင်တော့။ ရှင်းပြရရင်လည်း အရှည်ကြီး ပြောနေရဦးမည်။ ပြောပြရတာက သူ့အတွက် ပြဿနာတော့မဟုတ်ပေမဲ့ သူ့ဦးလေး၏ လူပျိုကြီးပီပီ ပွစိပွစိပြောလာမည့် အသံများကိုတော့ နားမထောင်ချင်။ ပွစိပွစိ ပိကျိပိကျိအသံတွေ နားထောင်ရရင် တကယ်ခေါင်းကိုက်တယ်။ နည်းနည်းလေးတောင် မခံနိုင်ပါဘူးဆို။

“အေးအေး ဖြစ်လိုက်ရင် နမော်နမဲ့နဲ့။ ငါအလုပ်ကပြန်ရင် ဝယ်လာခဲ့ပေးမယ်။ ငါသွားပြီနော် ရှင်းချောင်”

“ဟုတ်ကဲ့”

ဦးလေးသွားတော့မှ နွားနို့တစ်ဖန်ခွက်ယူရင်း ကွန်ပျူတာရှေ့ထိုင်ကာ ‘လီဝူရီ’ ဆိုသော အမည်ကို ရိုက်ရှာနေလိုက်သည်။ ဦးဆုံးတက်လာသော သတင်းမှာ ကားအက်ဆီးဒင့်တစ်ခုကြောင့် သေဆုံးသူအမည်က ထိုအမည်ဖြစ်နေသည်။ တစ်ဆက်တည်းပါလာသည့် ပုံမှာ တွေ့လိုက်ရသည့် ထိုကောင်လေးမျက်နှာက ငယ်ငယ်ချောချောလေးမို့ စုပ်သတ်မိသွားလေသည်။ ကံမကောင်းလိုက်တာ ငယ်ငယ်လေးနဲ့ သနားစရာပဲ။ ထိုပိုစ်ကို ကျော်ခွကာ ကျန်သည့်ဟာတွေလိုက်ရှာသည်။ ဒါရိုက်တာကြီးက အလွန်ဆုံးရှိမှ ၃၁ပေမို့ ၃၀ဝန်းကျင်ကလူတွေကို လိုက်ရှာလိုက်သည်။ အထူးသဖြင့် ဒါရိုက်တာကြီးနှင့် ဆက်နွယ်မှုရှိမည့် လူမျိုး။

နာမည်အရ gener ကယောကျ်ားလေး။ အသက်က ၃၀ ဝန်းကျင်ဖြစ်လောက်မည်။ ရုပ်ချောမချောတော့ မသိပေမဲ့ ပေကျင်းက လူတွေကို အရင်ရှာကြည့်သည်။ တကယ်တွဲဖက်ပေးရမည့် လီဝူရီ ဖြစ်နိုင်ချေရှိသော လူပေါင်း၃၀ကျော်ထွက်လာသည်မို့ ခေါင်းကိုက်သွားသည်။ နွားနို့ခွက်ကို ယူသောက်ရင်း ဦးခေါင်းကိုနှိပ်နေလိုက်သည်။ ဒီလူ၃၀ထဲက ဘယ်သူလဲဆိုတာ ငါဘယ်လိုသိမှာလဲလို့။  ဘာလဲ အကုန်လုံးနဲ့ လက်ထပ်ခိုင်းရမှာလား။ အား ငါ့နှယ်ကွာ။

အိပ်ယာပေါ် လူးလွန့်လိုက်တော့ ပင်ပန်းနေသည့် စိတ်အခြေအနေကြောင့်ထင်သည်။ မှေးခနဲအိပ်ပျော်သွားရှာသည်။ ရက်ချ်ကတော့ သူ မအိပ်ပျော်ခင်ကတည်းက အိပ်နေပြီးသား။ နတ်ပြည်မှာ မအိပ်ရလို့ သူနဲ့တာဝန်ထမ်းဆောင်မှ အတိုးနဲ့ လာအိပ်နေသလားမသိ။ ဒီကောင်တော့ စိတ်ဓာတ်ပဲ။ နိုးလာတော့ ဖုန်းဘူးလေးက စားပွဲပေါ်မှာ အသင့်ရှိပြီးသား။ ဖုန်းအသစ်လေးကို ကိုင်ကာ လျှောက်ကလိနေလိုက်သည်။ အလုပ်သစ်မရှာခင် အေးဆေး ရေမိုးချိုး အဝတ်စားလဲကာ ဗိုက်ဖြည့်ပြီးမှ ကွန်ပျူတာရှေ့ထိုင်သည်။ ကုမ္ပဏီငါးခုဆီ ဦးတည်ပြီး အလုပ်လျှောက်လိုက်သည်။ နာမည်ကြီး ကုမ္ပဏီတွေပဲ ရွေးလျှောက်တာဖြစ်ကာ သူ့ဘွဲ့လက်မှတ်တွေနဲ့ဆို အရွေးမခံရစရာ သိပ်မရှိချေ။ ပြီးတော့ management အပိုင်းလျှောက်တာမို့လို့ ဒီဇိုင်းကိစ္စအတွက်လည်း လောလောဆယ်တော့ စိတ်အေးထားလို့ရသေးသည်။ နောက်ကွယ်က ကြိုးကိုင်နေသည့် လူကိုတွေးမိတော့ ဆေးလိပ်လေးပင် ဖွာချင်လာသလိုလို။

မူလပိုင်ရှင်က ဆေးလိပ်သောက်တတ်ပေမဲ့ သူမှ မသောက်တတ်ဘဲ။ နွားနို့နောက်တစ်ခွက်ယူသောက်ကာ အတွေးထဲမှာ အစီအစဥ်ချနေလိုက်သည်။ ဖြည်းဖြည်းချင်းပေါ့။ မင်းကို ဖမ်းမိဖို့ ငါမလောဘူး။

Zawgyi

အစည္းအေဝးက သိပ္မၾကာခင္မွာပဲ စတင္သည္။ ဒါရိုက္တာက စားပဲြထိပ္မွာထိုင္ေနကာ က်န္သၫ့္ ဒီဇိုင္နာေတြအားလံုးနဲ႔ အဖဲြ႔သားေတြက ခံုမ်ားတြင္ အသီးသီးထိုင္ေနၾကသည္။ လူစံုတာႏွင့္ လက္ေထာက္ ဒါရိုက္တာက ထကာ ေလပစ္သည္။

“အခု ဒီဇိုင္းအဖဲြ႔က လုပ္တဲ့အစည္းအေဝးကေတာ့ သိတဲ့အတိုင္းပဲ ဒီဇိုင္နာယဲြ႔ဟန္ရဲ့ ဒီဇိုင္းနဲ႔ ရွင္းေခ်ာင္ရဲ့ဒီဇိုင္းတူေနတဲ့ ကိစၥပဲ ဒီဇိုင္းကို ေရြးၿပီး အက်ႌေတြလည္း ခ်ဳပ္ၿပီးကာမွ ဒီဇိုင္းတူတဲ့ကိစၥက ထြက္လာေတာ့ တစ္ဖက္ ဒီဇိုင္နာကို ေလ်ာ္ေၾကးေပးရတဲ့ ကိစၥက အေတာ္ေလးကုန္က်သြားတယ္။ ကံေကာင္းလို႔ ဒီတစ္ေခါက္ခြင့္လႊတ္ေပးခံရေပမဲ့ ေနာက္တစ္ေခါက္ျဖစ္လာရင္မလြယ္ဘူး။ ဒါေၾကာင့္ ဒီဇိုင္နာ ရွင္းေခ်ာင္ကို........”

“ကၽြန္ေတာ္ သူ႔ဟာကို ခိုးထားတယ္ေျပာမိလို႔လား”

“ဘာ?”
ဒါရိုက္တာက မ်က္ေမွာင္က်ဳံ႔သည္။

“ဘယ္သူက ခင္ဗ်ားတို႔ကို ယဲြ႔ဟန္ဆီေလ်ာ္ေၾကးေပးခိုင္းလို႔လဲ။ ကၽြန္ေတာ္...မဟုတ္ဘူး က်ဳပ္ကို နည္းနည္းေလးမွ မေမးဘဲ နာမည္ႀကီးတဲ့လူကိုပဲ အမွန္လုပ္ၿပီး ကိုယ့္ဘာကိုယ္ေပးခဲ့ၾကတာပဲမဟုတ္လား။ ဘာလဲ အဲ့ဒါကို က်ဳပ္အျပစ္လာလုပ္ေနတာလား။ ေမးပါၪီးမယ္ ခင္ဗ်ားတို႔ဝန္ထမ္းက က်ဳပ္လား သူလား။ ၿပီးေတာ့ က်ဳပ္သူ႔ဟာကို ခိုးတယ္ဆိုတဲ့ သက္ေသ ဘယ္ကရလာလို႔ က်ဳပ္ကို သူခိုးဆိုၿပီး ေလက်ယ္ရဲတာလဲ။ ဘာလဲ အရင္က ႏႈတ္ဆိတ္ေနခဲ့လို႔ ဒီေကာင္ေလးကိုေတာ့ ဘယ္လိုေျပာေျပာရမွာပဲဆိုတဲ့ အခ်ိဳးလား။ မရဘူးေနာ္။ အျပစ္ေပးမယ္ပဲဆိုဆို သူခိုးလို႔ေျပာခ်င္တာပဲ ဆိုဆို သက္ေသျပ။ က်ဳပ္ကို မဟုတ္တမ္းတရားေတြနဲ႔ လာမေျပာနဲ႔ ျပန္တရားစဲြပစ္လို႔ရတယ္”

“ရွလင္ မင္းဘာျဖစ္လို႔ အရင္မစံုစမ္းဘဲ ေလ်ာ္ေၾကးေပးခဲ့ရတာလဲ”

ဒါရိုက္တာက သူ႔လက္ေထာက္ကို တစ္ခ်က္ေအာ္သည္။ ၿပီးမွ သူ႔ဘက္လွၫ့္လာကာ

“ေနပါၪီး မင္းကေရာ မင္းမခိုးဘူးဆိုတဲ့သက္ေသရိွလား။ ရိွရင္ ငါမင္းရဲ့နာမည္ကို အဖက္ဆယ္ေပးမယ္”

“ဒီလိုေတာ့ က်ိန္းေသမေျပာျပႏိုင္ဘူး။ ယဲြ႔ဟန္ ကၽြန္ေတာ့္ဒီဇိုင္းကို ရဖို႔ဆို ဒီထဲမွာ သူလ်ိႈရိွမျွဖစ္မွာေလ။ မယံုရတဲ့ ေနရာမို႔လို႔ ကၽြန္ေတာ့္မွာ ရိွတဲ့သက္ေသကို ခုမထုတ္ျပႏိုင္ေသးဘူး။ ခုခ်က္ခ်င္း ဒီဇိုင္နာ ယဲြ႔ဟန္နဲ႔ မ်က္ႏွာခ်င္းဆိုင္ေျပာမယ္။ ခင္ဗ်ားတို႔ ေခၚေပးခ်င္ေပး မေပးခ်င္ေန။ ကၽြန္ေတာ္မခိုးဘူးဆိုတာေတာ့ ေသခ်ာတယ္။”

“ဒီဇိုင္နာယဲြ႔ဟန္က freelance လုပ္တာေလ။ ငါတို႔က သူ႔ကိုဒီလိုေခၚလို႔မရမွန္းသိလို႔ မင္းတမင္လုပ္တာမလား”

“ထင္ခ်င္သလိုထင္ေလ။ က်ဳပ္က သူနဲ႔မရွင္းဘဲ ဘယ္လိုသက္ေသျပေပးရမလဲ။ ဒီဇိုင္းရွင္းလင္းခ်က္ကလည္း ကၽြန္ေတာ္ကိုယ္တိုင္ေၾကညာၿပီးသားမို႔ သူလ်ိႈကေနတဆင့္ သူသိေနေလာက္ၿပီေလ။ ခုက ဘာလဲ ကၽြန္ေတာ္က ဘယ္လို သက္ေသျပေပးရမွာလဲ။ ခင္ဗ်ားတို႔ ၪီးေနွာက္ရိွရင္ေတြးၾကၫ့္ပါလား။ ကၽြန္ေတာ္က တစ္ဖက္သတ္ရွင္းရမွာ စိတ္ပ်က္စရာေကာင္းမေနဘူးလား။ ေခၚေပး။ ေခၚမေပးႏိုင္ရင္ ကၽြန္ေတာ္အလုပ္ထြက္မွာ။”

“ရွင္းေခ်ာင္ မင္းအသံုးအႏႈန္းေတြက ဘာလို႔ရိုင္းလာတာလဲ”

“ခင္ဗ်ားတို႔ေရာ ကၽြန္ေတာ့္အေပၚ ယဥ္ေက်းေပးဖူးလို႔လား။ ၾကာကူလီေကာင္လို႔ ေကာလဟာလထြက္တယ္။ ခင္ဗ်ားတို႔ က်ဳပ္ကို ပိုးစိုးပက္စက္ေသာက္တင္းတုပ္တယ္။ တကယ္မဟုတ္မွန္း သတင္းထြက္ေတာ့မွ ပါးစပ္ေတြပိတ္ကုန္တယ္။ ခင္ဗ်ားတို႔ က်ဳပ္ကို တစ္ခ်က္မွ မေတာင္းပန္ဖူးဘူး။ ဘာသတင္း ညာသတင္း ဘယ္ဟာေတြထြက္ထြက္ မေကာင္းတာေျပာဖို႔ပဲ ေခ်ာင္းေနတယ္။ ခင္ဗ်ားတို႔ပါးစပ္ေတြေလ ၾကာရင္ပုပ္ကုန္မွာစိုးတယ္။ အယ္ အယ္ အနားမကပ္နဲ႔ ပုပ္ေစာ္နံတယ္သိလား။ က်ဳပ္ကေတာ့ ဘာမွထပ္မေျပာေတာ့ဘူး။ က်ဳပ္ကိုမယံုဘူးမလား။ မၾကည္ၾကဘူးမလား။ ေကာင္းၿပီ က်ဳပ္အလုပ္ထြက္မယ္။ မေက်နပ္လည္း တရားစဲြလိုက္။ ဖန္ရွင္းေခ်ာင္က ငမဲြမဟုတ္ဘူး။ အဲ့ေတာ့ ခင္ဗ်ားတို႔ ႏိွပ္ကြပ္ခ်င္တိုင္း ႏိွပ္ကြပ္လို႔ရမယ္ထင္ရင္ ထမင္းမစားဘဲ တစ္ျခားဟာသာစားလိုက္။”

အဆံုးပိတ္အေနျဖင့္ ေျပာခ်င္ရာေျပာကာ ထခဲ့လိုက္သည္။ အစည္းအေဝးခန္းတံခါးကိုဖြင့္ေတာ့ သူေဌးက တံခါးေရ႔ွမွာ မားမားမတ္မတ္ႀကီး။ ေဒါသထြက္ေနသၫ့္အရိွန္ႏွင့္ေပါင္းကာ သူေဌးကိုပါ ဘုၾကၫ့္ၾကၫ့္၍ ထြက္လာခဲ့သည္။ မူလကိုယ္ရဲ့ မွတ္ဉာဏ္ေတြထဲမွာ အ‌ေတာ္နာက်င္ခဲ့ရတာ၊ အေတာ္ခံစားခဲ့ရတာေတြကို ေတြးၾကၫ့္ရင္ သတ္ေသခ်င္စိတ္‌ေတာင္ ေပါက္ႏိုင္သည္။ ဒါကို ပါးစပ္နဲ႔လူသတ္ေနၾကေသာ ထိုအယုတ္တမာတစ္သိုက္ ဘယ္ေတာ့မွ သိမည္မဟုတ္။ စပိုက္တာမန္းျဖစ္ရင္လည္း ေကာင္းမည္။ အဲ့ဟာေတြရဲ့ပါးစပ္ကို အမ်ွင္ေတြနဲ႔ သက္ေစ့သာ ပိတ္ထားလိုက္ခ်င္ေတာ့သည္ေလ။ တကယ္ကို ထမင္းမစားသင့္သၫ့္ ပါးစပ္မ်ိဳးေတြ။

“အိုးမိုင္ဂုတ္ပဲ ခင္ဗ်ားေျပာသြားတာ စြန္းလန္းတယ္”

ရက္ခ်္က လက္မေထာင္ကာ ေျပာလာေတာ့ မွန္ျပတင္းေပါက္နားမွာ ရပ္ကာ ေဒါသေျဖေနေသာ ရွင္းေခ်ာင္က တစ္ခ်က္မဲ့သည္။

“မင္းသိလား။ ငါတကယ္ေတြးမိလာတာ။ လူေတြကေလ သူတို႔ရဲ့အျပဳအမူေတြနဲ႔ အေျပာအဆိုေတြကို ပိုပိုထိန္းသင့္တယ္။ စကားတစ္ခြန္းကလည္း လူသတ္ႏိုင္တာပဲေလ။ အေၾကာင္းအရာတစ္ခုကို ေသခ်ာတပ္အပ္မသိဘဲနဲ႔ သူမ်ားကို အျပစ္မေျပာသင့္ဘူးဆိုတာ တကယ္မွန္တယ္။ ပါးစပ္ေတြေၾကာင့္ပဲ လူတစ္ေယာက္ရွင္သန္ႏိုင္သလို ပါးစပ္ေတြေၾကာင့္ပဲ လူေတြေသတယ္။ ဟူး တကယ္ကို ပါးစပ္ေတြက ေၾကာက္ဖို႔သိပ္ေကာင္းတာ”

“အင္းေပါ့ဗ်ာ သတိထားၿပီးထိန္းသင့္တာေပါ့။ လူဆိုတာမ်ိဳးက သူမ်ားေကာင္းေၾကာင္းသာ မခ်ီးက်ူးရင္ေနမယ္။ သူမ်ား မေကာင္းေၾကာင္းေတာ့ ရွယ္ေျပာ၊ ဇြန္းတပ္ေျပာခ်င္ၾကတာေလ။ တကယ္ေတာ့ သူမ်ားဘာသာ ေကာင္းေကာင္းမေကာင္းေကာင္း ကိုယ္ေကာင္းရင္ၿပီးၿပီေလ။ ဘယ္လိုေတာင္ သူမ်ားေတြကို လိုက္ၾကၫ့္ေနတာလဲ။ နားကိုမလည္ခ်င္ဘူး။”

“ေအ့ကြာ ငါတို႔ေတာ့ အဲ့လိုမျဖစ္‌ေအာင္ ထိန္းရမယ္ ေနာ့”

“ေအး ထိန္းရမွာေပါ့”

လက္ၿမွောက္ေပးလိုက္ေတာ့ ရက္ခ်္က သူ႔အေတာင္ပံတစ္ဖက္ႏွင့္ လာရိုက္သည္။ အျပင္ကိုၾကၫ့္ရင္း ေလပူတစ္ခ်က္မႈတ္ထုတ္ကာ ပစၥည္းေတြသယ္ရင္းထြက္သြားဖို႔ျပင္လိုက္သည္။ ဒီက်က္သတံုး ကုမၸဏီႏွင့္‌ ေဝးေလေကာင္းေလမို႔ တစ္စကၠန႔္မွ ထပ္မေနခ်င္ေတာ့။

ေနကာမ်က္မွန္ႀကီးတပ္ကာ ပစၥည္းသယ္ရတာလည္း လြယ္သၫ့္ကိစၥေတာ့မဟုတ္။ ဒီၾကားထဲ လမ္းကူးေတာ့ မ်က္မျမင္ထင္၍ ကူညီသြားသၫ့္လူကတစ္မ်ိဳး။ မ်က္မွန္က မတပ္လို႔လည္း မရေပ။ သရဲေတြကို ျမင္ေနရတာကတင္ ကိႁစၥကီးျဖစ္ေနၿပီပဲဟာ။ သရဲေတြကသာ သူတို႔ကို သူျမင္ရမွန္းသိသြားလို႔ကေတာ့ ဟမေရး ရွင္းေခ်ာင္တို႔ဘဝေတာ့ ဆံုးၿပီ။ သရဲေတြတန္းလန္းတန္းလန္းနဲ႔ ဘယ္ခ်က္ အေၾကာက္လြန္ၿပီး ေသသြားမလဲမသိဘူး။ မနက္ဖက္မို႔ ထင္သည္။ သိပ္ေတာ့ မေတြ့ရ။ သို႔ေသာ္ နည္းနည္းေလးအေမွာင္ရိပ္သမ္းသၫ့္ေနရာေတြမွာ တစ္ေကာင္စ ႏွစ္ေကာင္စရိွေနတတ္သည္။ အိမ္ကို ျပန္ေရာက္ေတာ့ ၪီးေလးက ထမင္းစားေနသည္ႏွင့္ႄကံုသည္။

“ရွင္းေခ်ာင္ေလး ပံုးႀကီးနဲ႔။ မဟုတ္မွ.... အလုပ္ကထြက္လာတာလား”

“ဟုတ္တယ္။ သား အဲ့မွာ မလုပ္ေတာ့ဘူး။ ပင္ပန္းတယ္”

ကတ္ထူပံုးႀကီးကို ပစ္ခ်ကာ ဆိုဖာေပၚေျခပစ္လက္ပစ္လွဲရင္းေျပာလိုက္ေတာ့ ၪီးေလးျဖစ္သူက အနားလာကာ ႏွစ္သိမ့္သည္။

“မလုပ္ခ်င္လည္း မလုပ္နဲ႔ရွင္းေခ်ာင္ရာ။ ငါ့အလုပ္ေတြဆီ လာလုပ္စမ္းပါ။ မင္း Managementနဲ႔ လက္မွတ္ရထားၿပီးသားပဲဟာ။ ငါ့ကို တစ္ေယာက္တည္း ပစ္မထားပါနဲ႔”

“ေတာ္ပါ ကိုယ့္ဟာကိုယ္လုပ္ သားက တစ္ျခားဆီမွာ လုပ္မွာ”

“ဟာကြာ မင္းလုပ္တာနဲ႔ ငါက မင္းေဒၚေလးကို ဘယ္ခ်ိန္သြားရွာရမွာလဲ။ ငါလည္း ယူခ်င္ေသးတယ္ေလကြာ။ မင္း အဲ့လို မစာမနာမလုပ္ပါနဲ႔”

ရွင္းေခ်ာင္က အသက္၃၈စြန္းၿပီျဖစ္ေသာ လူပ်ိဳႀကီးကို ေမာ့ၾကၫ့္လိုက္သည္။ ၪီးေလးလို႔သာ ေခၚရတယ္။ သူ႔ၪီးေလးက ႏုႏုေလးရယ္ပါ။ အၿမဲတမ္းလည္း ႏုေအာင္ေနလို႔ ပိုႏုသည္ထင္ပါသည္။ ၾကၫ့္လိုက္ရင္ ေသးေသးေလးနဲ႔ ႏုဖတ္ဖတ္ကေလး။ ဝါသနာအရၾကၫ့္မိရင္ ၪီးေလးကို ေဒၚေလးရွာေပးမဲ့အစား ၪီးေလးပဲ ရွာေပးခ်င္စိတ္ေပါက္သည္အထိ။ ဒီတစ္ခါလည္း ငါ လက္တၫ့္စမ္းၾကၫ့္သင့္လား။

“ေဟ်ာင့္ မ်က္ႏွာတၫ့္တၫ့္ႀကီးၾကၫ့္ၿပီး ရယ္မေနစမ္းနဲ႔ ဘယ္လိုေတြေတာင္ လုပ္ေနတာလဲ။ ငါေသခ်ာမရွာေသးလို႔ပါ။ ငါ့ကိုယူခ်င္တဲ့မိန္းမေတြ့မွ အပံု။ လူကို အထင္ေသးသလိုလိုနဲ႔”

“ၪီးေလးရယ္ အထင္မေသးရဲပါဘူး ဟားဟား။ အဲ့ေလာက္ျဖစ္ေနတာ ကၽြန္ေတာ္ အလုပ္ပိတ္ရက္က်ကူေပးမွာေပါ့”

သူ႔စကားေၾကာင့္ ဒီဘက္ျပန္လွၫ့္လာေသာ ၪီးေလးမ်က္ႏွာက ဂ်က္ေလယာဥ္က ပန္ကာေတြထက္ေတာင္ ျမန္ေနသလိုလို။

“တကယ္လား ရွင္းေခ်ာင္”

“တကယ္ေပါ့ လုပ္ေပးမယ္”

“ေန့ေကာင္းပဲ။ ငါထီထိုးသင့္လား”

ၪီးေလးစကားေၾကာင့္ ေအာ္ရယ္မိမတတ္ျဖစ္သြားရသည္။ မူလကိုယ္က ကားလုပ္ငန္းႏွင့္ ပတ္သတ္၍ သူ႔ၪီးေလးကို ပိစိကေလးေတာင္ မကူညီဖူးေပ။ အင္းေလ။ သူ႔ကိစၥနဲ႔သူ စိတ္ညစ္ရသၫ့္အထဲ သူ႔ၪီးေလးကို ဘယ္လိုကူညီႏိုင္မွာ မို႔လို႔လဲ။ ဒီတစ္ေခါက္ကေတာ့ မတူဘူးေလ။ ေရာက္တုန္းေရာက္ခိုက္ေလး ကိုယ့္ၪီးေလး ေယာက်္ား အဲေလ မိန္းမရေအာင္ ကူညီေပးလိုက္ပါၪီးမယ္။

“ဒါဆို ကၽြန္ေတာ္ အေပၚတက္ နားလိုက္ၪီးမယ္။ ဖုန္းအသစ္ရွာေပးၪီး ၪီးေလး ကၽြန္ေတာ္ လာရင္း ျပဳတ္က်လာခဲ့လို႔”

အလုပ္ကလူေတြကို စိတ္တိုရင္းစဲြႏွင့္ အဆက္အသြယ္ျပတ္ေအာင္ အမိႈက္ပံုးထဲ တမင္ထၫ့္ခဲ့ေၾကာင္းေတာ့ မေျပာခ်င္ေတာ့။ ရွင္းျပရရင္လည္း အရွည္ႀကီး ေျပာေနရၪီးမည္။ ေျပာျပရတာက သူ႔အတြက္ ျပႆနာေတာ့မဟုတ္ေပမဲ့ သူ႔ၪီးေလး၏ လူပ်ိဳႀကီးပီပီ ပြစိပြစိေျပာလာမၫ့္ အသံမ်ားကိုေတာ့ နားမေထာင္ခ်င္။ ပြစိပြစိ ပိက်ိပိက်ိအသံေတြ နားေထာင္ရရင္ တကယ္ေခါင္းကိုက္တယ္။ နည္းနည္းေလးေတာင္ မခံႏိုင္ပါဘူးဆို။

“ေအးေအး ျဖစ္လိုက္ရင္ နေမာ္နမဲ့နဲ႔။ ငါအလုပ္ကျပန္ရင္ ဝယ္လာခဲ့ေပးမယ္။ ငါသြားၿပီေနာ္ ရွင္းေခ်ာင္”

“ဟုတ္ကဲ့”

ၪီးေလးသြားေတာ့မွ ႏြားႏို႔တစ္ဖန္ခြက္ယူရင္း ကြန္ပ်ူတာေရ႔ွထိုင္ကာ ‘လီဝူရီ’ ဆိုေသာ အမည္ကို ရိုက္ရွာေနလိုက္သည္။ ၪီးဆံုးတက္လာေသာ သတင္းမွာ ကားအက္ဆီးဒင့္တစ္ခုေၾကာင့္ ေသဆံုးသူအမည္က ထိုအမည္ျဖစ္ေနသည္။ တစ္ဆက္တည္းပါလာသၫ့္ ပံုမွာ ေတြ့လိုက္ရသၫ့္ ထိုေကာင္ေလးမ်က္ႏွာက ငယ္ငယ္ေခ်ာေခ်ာေလးမို႔ စုပ္သတ္မိသြားေလသည္။ ကံမေကာင္းလိုက္တာ ငယ္ငယ္ေလးနဲ႔ သနားစရာပဲ။ ထိုပိုစ္ကို ေက်ာ္ခြကာ က်န္သၫ့္ဟာေတြလိုက္ရွာသည္။ ဒါရိုက္တာႀကီးက အလြန္ဆံုးရိွမွ ၃၁ေပမို႔ ၃၀ဝန္းက်င္ကလူေတြကို လိုက္ရွာလိုက္သည္။ အထူးသျဖင့္ ဒါရိုက္တာႀကီးႏွင့္ ဆက္ႏြယ္မႈရိွမၫ့္ လူမ်ိဳး။

နာမည္အရ gener ကေယာက်္ားေလး။ အသက္က ၃၀ ဝန္းက်င္ျဖစ္ေလာက္မည္။ ရုပ္ေခ်ာမေခ်ာေတာ့ မသိေပမဲ့ ေပက်င္းက လူေတြကို အရင္ရွာၾကၫ့္သည္။ တကယ္တဲြဖက္ေပးရမၫ့္ လီဝူရီ ျဖစ္ႏိုင္ေခ်ရိွေသာ လူေပါင္း၃၀ေက်ာ္ထြက္လာသည္မို႔ ေခါင္းကိုက္သြားသည္။ ႏြားႏို႔ခြက္ကို ယူေသာက္ရင္း ၪီးေခါင္းကိုႏိွပ္ေနလိုက္သည္။ ဒီလူ၃၀ထဲက ဘယ္သူလဲဆိုတာ ငါဘယ္လိုသိမွာလဲလို႔။  ဘာလဲ အကုန္လံုးနဲ႔ လက္ထပ္ခိုင္းရမွာလား။ အား ငါ့ႏွယ္ကြာ။

အိပ္ယာေပၚ လူးလြန႔္လိုက္ေတာ့ ပင္ပန္းေနသၫ့္ စိတ္အေျခအေနေၾကာင့္ထင္သည္။ ေမွးခနဲအိပ္ေပ်ာ္သြားရွာသည္။ ရက္ခ်္ကေတာ့ သူ မအိပ္ေပ်ာ္ခင္ကတည္းက အိပ္ေနၿပီးသား။ နတ္ျပည္မွာ မအိပ္ရလို႔ သူနဲ႔တာဝန္ထမ္းေဆာင္မွ အတိုးနဲ႔ လာအိပ္ေနသလားမသိ။ ဒီေကာင္ေတာ့ စိတ္ဓာတ္ပဲ။ ႏိုးလာေတာ့ ဖုန္းဘူးေလးက စားပဲြေပၚမွာ အသင့္ရိွၿပီးသား။ ဖုန္းအသစ္ေလးကို ကိုင္ကာ ေလ်ွာက္ကလိေနလိုက္သည္။ အလုပ္သစ္မရွာခင္ ေအးေဆး ေရမိုးခ်ိဳး အဝတ္စားလဲကာ ဗိုက္ျဖၫ့္ၿပီးမွ ကြန္ပ်ူတာေရ႔ွထိုင္သည္။ ကုမၸဏီငါးခုဆီ ၪီးတည္ၿပီး အလုပ္ေလ်ွာက္လိုက္သည္။ နာမည္ႀကီး ကုမၸဏီေတြပဲ ေရြးေလ်ွာက္တာျဖစ္ကာ သူ႔ဘဲြ႔လက္မွတ္ေတြနဲ႔ဆို အေရြးမခံရစရာ သိပ္မရိွေခ်။ ၿပီးေတာ့ management အပိုင္းေလ်ွာက္တာမို႔လို႔ ဒီဇိုင္းကိစၥအတြက္လည္း ေလာေလာဆယ္ေတာ့ စိတ္ေအးထားလို႔ရေသးသည္။ ေနာက္ကြယ္က ႀကိဳးကိုင္ေနသၫ့္ လူကိုေတြးမိေတာ့ ေဆးလိပ္ေလးပင္ ဖြာခ်င္လာသလိုလို။

မူလပိုင္ရွင္က ေဆးလိပ္ေသာက္တတ္ေပမဲ့ သူမွ မေသာက္တတ္ဘဲ။ ႏြားႏို႔ေနာက္တစ္ခြက္ယူေသာက္ကာ အေတြးထဲမွာ အစီအစဥ္ခ်ေနလိုက္သည္။ ျဖည္းျဖည္းခ်င္းေပါ့။ မင္းကို ဖမ္းမိဖို႔ ငါမေလာဘူး။

Continue Reading

You'll Also Like

7.4K 569 11
ငါတို႔၂​ေယာက္​ရဲ႕ ၅ႏွစ္​တာတြဲခဲ့ၾကတဲ့သံ​ေယာဇဥ္​က အဲ့​ေလာက္​​ေတာင္​ ​ေလ်ာ့ရဲ​ေနသလား ​​ေျပာရက္​​တယ္​ ၅စကၠန္​႔​ေလာက္​ပဲၾကာတဲ့လမ္​းခြဲမယ္​ ဆိုတဲ့ စကား​ကင...
37.4K 3.6K 14
Just a ownership. The rain is havy. It's windy and then ..... you're in my hands.
82.3K 8.6K 16
Host(လီရုန္)ရဲ႕ သူ႔မူလကမၻာကိုျပန္ေရာက္သြားၿပီး သူ႔ညီနဲ႔ သူ႔ေမြးစားအေဖရဲ႕သားကိုကလဲ့စားျပန္ေခ်မွာပါ ၊ေနာက္ၿပီး သူ႔ခ်စ္သူနဲ႔မထင္မွတ္ပဲျပန္ဆံုေတြ႕ရကာ သူ႔...
1M 56.2K 47
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...