𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

pickpachacon333 द्वारा

972K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... अधिक

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part-88

4.9K 658 28
pickpachacon333 द्वारा

Uni

“အက္ခရာက အ”

“အိုး အာ့စ် နင်ပဲ”

အရှင်မ စကားကြောင့် ပြုံးမိသမျှ ကောင်မလေးတွေဘက်မှ ကျွတ်စီကျွတ်စီအသံတွေကြောင့် မဲ့ကျသွားရသည်။ မြှားက အီရာ့ဘက်ကို ချိန်တာပေမဲ့ အီရာ့ရှေ့မှာ ကောင်မလေးတစ်ယောက်ခံနေသေးသည်။ သူမ နာမည်က အာ့စ်။

“စစ်သူကြီးနဲ့ အာ့စ်တို့လား အရမ်းလိုက်ဖက်တာပဲနော်။”

“အိုး အာ့စ် နင်သိပ်ကံကောင်းတယ်”

“စစ်သူကြီးလို လူကိုရတာပဲ သိပ်ကံကောင်းတယ်”

“နောက်ဆုံးတော့ စစ်သူကြီးလို ခန့်ညားတဲ့လူလည်း ဇနီးရသွားပြီပေါ့”

ဆူညံဆူညံအသံတွေကို ပန်းအိုးကျကွဲသံတစ်ခုက ဖြိုခွဲလိုက်သည်။ အပ်တစ်ချောင်းက ပန်းအိုးကြီးတစ်ခုလုံးကို ပြုတ်ကျကွဲသွားရလောက်အောင် အားနှင့်ဟုန်နှင့်ဖြတ်သန်းသွားတာဖြစ်သည်။ အပ်ပိုင်ရှင်ကတော့ တည်တင်းနေသော မျက်နှာထားနှင့် အံကြိတ်နေလျက်။

“အီရာ မင်း ဘာဖြစ်လို့လဲ”

ခုနကတော့ တစ်လုံးမှဝင်မပြောသော လူဂါက သူ့ကိုလာမေးသည်။ အီရာက ခပ်မဲ့မဲ့မျက်နှာထားနှင့် အပ်ကို သွားကောက်လိုက်ကာ ရှိသမျှလူတွေအကုန်လုံး၊ နတ်ဘုရားရုပ်ထုပါမကျန် မျက်စောင်းတစ်ချက်ထိုးကာ ဟွန့်ခနဲရယ်ရင်း ထွက်သွားလေသည်။ အီရာရဲ့ အပြုအမူကို တစ်ဦးမှ နားမလည်လိုက်။

“အရှင်မ ကျွန်တော် ဘာဖြစ်လဲလို့ သွားကြည့်လိုက်ပါဦးမယ်”

စကားသံဆုံးတာနှင့် လှစ်ခနဲအပြင်ရောက်သွားပြီဖြစ်သော လူဂါ့ကို တားနိုင်ခြင်းငှာ အရှင်မလည်း မစွမ်းသာတော့။ အခမ်းအနား အဆုံးသတ်ခြင်းကို ဆက်လုပ်ဖို့သာရှိတော့တာမို့ သက်ပြင်းချပြီးသာ အစီအရင် ဆက်လုပ်နေလိုက်သည်။ တစ်ဖက်မှာလည်း အီရာတစ်ယောက် တွေ့ကရာတောအုပ်ထဲဝင်တိုးတော့သည်။ ညဘက်မို့ မီးတုတ်မရှိသည့်ဘက်များတွင် မှောင်မဲကာ ခြင်တွေ ပေါများနေသော်လည်း သူ့စိတ်ထဲမှာ ဗလာဖြစ်နေသည်။ အဆိပ်အပ်ကို တင်းတင်းကြပ်ကြပ်ကိုင်ကာ တစ်ယောက်ယောက်ကို ပစ်ပေါက်ချင်စိတ်များက တရိပ်ရိပ်တက်လျှက်။

“အီရာ မင်းဘာဖြစ်လို့လဲ”

အမောတကောလေသံနှင့်အတူ အနောက်မှရောက်လာသော လူဂါ၏ ဓားကို ဆွဲယူကာ အနီးရှိ အပင်တစ်ခုသို့ အားနှင့်လွှဲခုတ်လိုက်သည်။ ဒေါသနှင့်ခုတ်နေတာမို့ ခုတ်ချက်တွေက အားပါလှသည်။ သို့သော် အပ်ကိုင်ခဲ့သည့် လက်ဖြစ်တာကြောင့် အတင်းအကြပ်ကြီး ဓားကိုင်ရသည့်အခါ ပွန်းပဲ့ကာ သွေးတွေထွက်လာသည်။ တစ်ကိုယ်လုံး ချွေးတွေရွှဲနေသလို လက်မှာလည်း သွေးတွေနှင့်။ နောက်ပြီး မျက်နှာမှာလည်း ချွေးနှင့်ရောသော မျက်ရည်တွေနှင့်။ ဘယ်လောက်ပဲ စိတ်မာသလို နေခဲ့ပါစေ။ သူ ပြိုလဲနေမိတာ သူသာသိပါသည်။ ဘယ်သူ့ကိုမှ အပြစ်မတင်ရသေးခင် လူဂါ ဒီလက်ထပ်ပွဲကို မငြင်းခဲ့တာကို ပထမဆုံးသွားတွေးမိသည်။ မငြင်းဘူးဆိုမှတော့ တကယ်လက်ထပ်ချင်စိတ်ရှိနေလို့ပေါ့။ မကောင်းတဲ့လူကြီး။ သောက်ကျင့်ကို ပက်ပက်စက်စက်မကောင်းတာပဲ။

ဒုတ်!!!

ပြီးတော့ နတ်ဘုရားဆိုတဲ့ လူဝကြီး။ စားဖို့ပဲ တွေးနေတာလားမသိ။ မြှားလေးတောင် ရှင်းအောင် မညွှန်ပြနိုင်ဘူးလေ။ သူက အဲ့လိုမရှင်းမရှင်းတွေလုပ်တော့ သူက လူတွေအများကြီးရှေ့မှာ ‘မြှားချက်က မရှင်းလို့ပါ ကျွန်တော်နဲ့ အဲ့မိန်းကလေးနဲ့ ယှဥ်ပြီး ပြန်ချိန်ပါရစေ’ လို့သွားပြောရမှာလား။ သူက ယောကျ်ားလေးမို့ ဒီလိုပြောလိုက်ရင် ဘယ်လို အထင်ခံရမလဲ။ ကိုယ်တွေတိုင်းပြည်မှာသာ ယောကျ်ားလေး ဧကရီတို့ မိဖုရားတို့က ဘာမှမဆန်းတာ ဒီဘက်မှာက ကြားတောင် ကြားဖူးကြမည်မထင်။ တကယ်ပဲ သွားပြောပြီ ထားဦး။ ကံတရားက သူ့ဘက်မပါခဲ့ရင်ရော။ အကျင့်ပုတ်တဲ့ နတ်ဘုရားစုတ်။

ဒုတ်!!!

နောက်ပြီး အဲ့လက်ထပ်ပွဲက မဖြစ်မနေကျင်းပရမဲ့ ဟာမျိုး။ ငြင်းခွင့်မရှိ။ ဖျက်ခွင့်မရှိတဲ့လေ။ အဲ့လောက်ပဲ နတ်ဘုရားကို အလွန်အကျွံကိုးကွယ်ရလား။ အရှင်မတို့ကလည်း တကယ်ရှေးရိုးစွဲတာပဲ။ လက်မထပ်တော့ဘာဖြစ်လဲ။ ဟိုစစ်သူကြီးဆိုတဲ့ အစုတ်ပလုပ်ကြီးကရော နွားပြာကြီးအောက်သွားမရှိသလို ဖြဲပြီး ဘယ်မိန်းမရရ ယူမှာပဲလား။

ဒုတ်!!!

ဒေါသတွေက ထွက်လာလေလေ။ သစ်ပင်ကြီးကို လူမျက်နှာတွေ မြင်ယောင်ပြီး ပိုပိုခုတ်ချင်လာလေလေဖြစ်သည်။ ခုတ်ကောင်းကောင်းနှင့် ခုတ်နေတာကို လူဂါကလည်း တစ်ချက်မှ မတားဘဲ ရပ်သာကြည့်နေသည်။ အီရာကလည်း သစ်ပင်ကြီးမပြတ်မချင်း ခုတ်နေမလားမသိ။ ဓားက ဓားမမဟုတ်ဘဲ ရိုးရိုးဓားဖြစ်နေတာတောင် အရာတွေ အနက်ကြီးထင်ကုန်တာ ဓားမသာဆို တစ်ချက်တည်းနဲ့ ဒီသစ်ပင်ထက်ပိုင်းပြတ်လောက်ပါသည်။ ဒီဖြူနုနုလေးမှာ ဘယ်တုန်းက အဲ့လို အားတွေရလာတာများလဲ။ ပြီးတော့ ဓားတောင် ခုမှ ကိုင်ဖူးတဲ့လူက ဘာလို့ ဒီလောက်တောင် ဖြစ်နေရတာလဲ။

“တော်တော့။ သွေးတွေ”

လူဂါက အရှိန်ဖြင့် ခုတ်နေသော ကောင်လေးကို နောက်ကနေထိန်းဖက်ကာ ဓားကိုလွှင့်ပစ်လိုက်သည်။ လက်ဖဝါးနှစ်ဖက်ကိုဖြန့်ကြည့်တော့ သွေးရဲရဲတွေက ကြည့်ရက်စရာမရှိ။ လက်မှာပတ်ထားလေ့ရှိသည့် အမေပေးထားခဲ့သော ဝတ်ရုံအနားစလေးကို ဖြုတ်ကာ ကောင်လေး လက်ဖဝါးမှာ စီးပေးလိုက်သည်။ အီရာကတော့ ရင်ခွင်ထဲမှာ ငြိမ်ပြီး မျက်လုံးလေးနဲ့သာ လိုက်ကြည့်နိုင်သည်။ အားတွေကို မတရားထုတ်သုံးထားရတာမို့ အသက်ပြင်းပြင်းရှူရုံကလွဲရင် စကားတောင်ကွဲအောင် မပြောနိုင်တော့။

“ဘာဖြစ်လို့လဲ ငါ့ကိုပြောပြလို့ရပြီလား”

သွေးတွေကို သုတ်ပေးပြီးသွားတော့ လူဂါက အီရာ့ကိုမေးသည်။ အီရာကတော့ လူဂါ့ရင်ခွင်ထဲပိုတိုးဝင်လိုက်ကာ တသိမ့်သိမ့် ငိုနေသည်။ ကောင်လေးငိုတာကို ပထမဆုံးမြင်ဖူးတာဖြစ်သောကြောင့် လူဂါ ကြောင်ငေးနေမိသည်။ ဒီဖြူနုနုလေးက ငိုတတ်တာပဲလား။ ကျောကိုဖွဖွပွတ်ပေးလိုက်တော့ အသက်မရှိသည့်လူလို ငြိမ်နေသည်။ သူ့ရင်ဘတ်နားကို ကပ်ကာ အသက်ရှူနေပုံက သူ့ကိုယ်သင်းနံ့ကိုပဲ မရအရ ရှူနေသည့်လူလို။

“သွားကြမယ်”

ရုတ်တရက် ထကာ မျက်ရည်သုတ်လိုက်တော့လည်း မျက်နှာက ခုနက ငိုခဲ့တာမဟုတ်သည့်အတိုင်း တင်းမာလျက်။

“ဘယ်ကိုလဲ”

“လိုက်ချင်လိုက် မလိုက်ချင်နေ”

ခပ်ဆတ်ဆတ်ပြောကာ ပြေးလွှားသွားသော ကောင်လေးကြောင့် စိတ်ပူစွာလိုက်ရပြန်သည်။ ဒီဟာလေး ဒီနေ့ ဘာဖြစ်နေတာလဲ။ ကောင်လေးခြေလှမ်းတွေက ကျောက်သားခန်းမဆီ ဦးတည်နေတာမို့ စိတ်ထင့်လာရသည်။ ဘာလဲ။ ဘာတွေထပ်လုပ်ဦးမလို့များလဲ။

တံခါးကို ဝုန်းခနဲဖွင့်ဝင်လာသည့် အီရာ့ကို နတ်ဘုရားအားရှိခိုးနေကြသည့် လူအားလုံးနီးပါးက ဝိုင်းကြည့်ကြသည်။ အီရာကြည့်လိုက်တော့ ခုနက အာ့ခ် ဆိုသည့် ကောင်မလေး၏ လက်ထဲတွင် ပန်းကုံးလေးတစ်ခုရောက်နေသည်။ နတ်ဘုရားကို ပူဇော်ထားသည့်ပန်းကုံး။ လူဂါပြောပြခဲ့ပုံအရ သတို့သမီးသည် ထိုပန်းကုံးလေးကို အိမ်ယူသွားကာ မင်္ဂလာပွဲနေ့ရောက်သည်အထိ ယောကျ်ားလေးတစ်ဦးတစ်ယောက်နှင့်မျှ မတွေ့ဘဲနေရသည်။

ကိုယ်တိုင်တောင် မထိန်းချုပ်နိုင်တော့သော ခြေလှမ်းတို့က ကောင်မလေးဆီရောက်သွားကာ ပန်းကုံးကို ဆွဲချလိုက်သည်။ ကြိုးပြတ်သွားသော ပန်းနုရောင်ပန်းပွင့်တွေက မြေပြင်သို့ ကစဥ့်ကလျားရိုက်ခတ်သည်။

“ကျွန်တော် ဒီမင်္ဂလာပွဲကို ကန့်ကွက်ပါမယ်”

“ဘာ”

“ဘာတွေဖြစ်တာလဲ”

“ကန့်ကွက်တယ်တဲ့လား”

“ဆန်ဒိုမင်းသားက ဘာလို့ကန့်ကွက်တာလဲ ငါတို့ရိုးရာကို သူမသိဘူးလား”

“အရှင်နတ်ဘုရားရဲ့ ဆန္ဒကို ဘယ်သူကန့်ကွက်ဖူးလို့လဲ”

“ဟယ် အဓိပ္ပာယ်မရှိတာ။ နတ်ဘုရားစီစဥ်ပေးတဲ့ မင်္ဂလာပွဲက တစ်ခါမှ ပျက်ဖူးတယ်လို့ မကြားဖူးဘူး။ ဒါက ဘယ်လို ပြောရဲတာလဲ”

နောက်ကလူတွေ ပွက်လောရိုက်ကုန်ကြသလောက် အီရာနှင့်မျက်နှာချင်းဆိုင်နေသည့် နက်ထန်ကတော့ ဘာတစ်ခွန်းမှ မပြောဘဲ အီရာ့မျက်လုံးတွေထဲသို့ စိုက်ကြည့်ရုံသာ လုပ်နေသည်။

“မင်းက ဘာလို့လဲ”

အမိန့်သံဆန်သော အရှင်မ၏ လေသံကို သူ တည့်ပင်ရင်ဆိုင်လိုက်သည်။

“ဘာလို့ဆိုတော့ ကျွန်တော်ချစ်နေလို့”

မျက်ဝန်းထောင့်မှ လူဂါ၏အရိပ်လေးကို လှမ်းမြင်လိုက်တော့ အံကြိတ်လိုက်မိသည်။ ကျွန်တော့်ကို မလိုချင်တဲ့လူတစ်ယောက်အတွက် တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုပြီး သိက္ခာအကျမခံနိုင်ဘူးလူဂါ။ ခင်ဗျားသာ ကျွန်တော့်ကိုချစ်နေတယ်ဆိုရင် ဒီသိက္ခာတွေ မာနတွေက သဲလောက်တောင် တန်ဖိုးမရှိပေမဲ့ အခုက မတူဘူးမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ခင်ဗျား မင်္ဂလာပွဲပျက်ဖို့က အဓိကမို့ ကျွန်တော်ဘာလုပ်လုပ် အပြစ်မတင်ကြေးပါ။ ဘဝကတိုတိုလေးလေ။ အတ္တကြီးတယ်တွေ ဘာတွေ လာမပြောနဲ့။ ကျွန်တော့်မျက်လုံးထဲမှာတော့ ခင်ဗျားကို ကျွန်တော်မပိုင်ရရင်တောင် ဘယ်သူမှ မပိုင်စေရဘူး လူဂါ။ ဒါ..... ကျွန်တော့်ရဲ့ သစ္စာ.....။

.......................................................................................................................................................................................................................

“ကိုယ်ရံတော်ရော ပြန်ကောင်းလာပြီလား”

“အင်း ကောင်းလာပါပြီ။”

“ဆိုတော့ ဘာလဲ။ သူက ကိုယ်တော့်ဆီမှာ အမှုထမ်းဖို့ သဘောတူပြီလား”

“နိုးပါ။ အာ.....မဟုတ်ပါဘူး။ သူက အစတည်းက ကျွန်တော့်ကိုယ်ရံတော်ပါပဲလေ။ ခုလည်း အဲ့လိုပဲ။ နောင်လည်း အဲ့လိုပဲ”

ခေါင်းကိုမော့ချီကာ ပိုင်ဆိုင်မှုခွဲတမ်းချနေပါသော ဘုရင်အညိုရောင်လေးသည် ကိုက်စားပစ်ချင်လောက်အောင် အမြင်ကတ်စရာကောင်းလှသည်။ သူ့မျက်လုံးထဲမှာတော့ အညိုရောင်လေးသည် ချစ်စရာကောင်းလည်း ကိုက်စားချင်သည်။ အမြင်ကတ်စရာကောင်းလာလည်း ကိုက်စားချင်သည်။ သနားစရာကောင်းလည်း ကိုက်စားချင်သည်။ အလိုလိုနေရင်းကိုလည်း ကိုက်စားချင်နေသည်။ ဟိုတစ်နေ့ပြီးကတည်းက အနားကပ်မခံတာ သုံးရက်ကြီးများတောင် ရှိခဲ့ပြီ။ အခုလည်း သူနဲ့လက်ဖက်ရည် ထိုင်သောက်တာပါတဲ့။ ၆ပေအကွာကနေ သောက်နေတယ်။ ဒီခင်ပွန်းမှာ ကူးစရာပိုးမွှားတွေ ဘာတွေလည်း ရှိတာမဟုတ်ဘဲနဲ့။

“အရှင်မင်းကြီး အိမ်ရှေ့မင်းသားလေးရောက်လာပါပြီ”

အိမ်ရှေ့မင်းသားဆိုသည့်စကားကြောင့် ရှီလာ အလန့်တကြားခေါင်းထောင်ကြည့်မိသည်။

“အင်း ဝင်ခွင့်ပေးလိုက်ပါ။ သူ့မယ်တော်နဲ့လည်း တွေ့ရတာပေါ့”

သူ့ရှေ့က လူကြီးကတော့ အပြုံးမပျက် ပြောနေဆဲ။ သောက်နေသည့် ဆေးလက်ဖက်ရည်တွေတောင် လည်ပင်းထဲ တစ်ဆို့သွားသည်။ ကြည့်စမ်း။ ငါလေးနဲ့ မတွေ့ခင် မယားတွေ ရာချီအောင် ယူထားလို့မှမကသေး။ ကလေးပါ ရှိလိုက်သေးတယ်။ ဒါ...ဒါကတော့ တော်တော်လွန်သွားပြီ။ ဒီကိစ္စက သူ့ရင်ကို ဓားနဲ့ အစိမ်းလိုက်ခွဲနေသလိုလို သူ့လည်ချောင်းကိုပဲ ဘရိတ်ဓားနဲ့လှီးနေသလိုလိုပင်။ အက်ရှရှ ကြေကွဲကွဲခံစားချက်ကြီး။ ဘာတဲ့? သူ့မယ်တော်? ဟက် သွားစမ်းပါ။ ငါက ဘာလို့ ကိုယ့်ခင်ပွန်းရဲ့ဇနီးရဲ့ သားကို သားတော်ရမှာလဲ။ ပေါက်ပေါက်ရှာရှာပါပဲ။

ကလေးနဲ့ပြိုင်ပြီး နောင်ချိန်ချဖို့ တွေးထားပေမဲ့ ရောက်လာတော့ အနှီးထုတ်လေးထဲက ဖြူလုံးလုံးလေးကြောင့် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ဒီဟာလေးက ချစ်စရာလေးဟ။ အာ.....နိုးနိုး။ မဟုတ်ဘူး။ ငါ က လေး မ ချစ် တတ် ဘူး။ ဟုတ်တယ် တကယ်မချစ်တတ်ဘူး။ မချစ်ဘူး။ အဲ့မျက်လုံးရွဲတွေနဲ့ လာမကြည့်နဲ့။ ဂျာလကီး ဂျောင်း။

“ဟားဟားဟား ကြည့်စမ်းပါဦး သားတော်လေးက အတော်တက်ကြွနေပါလား”

ကလေးထက်ပိုတက်ကြွနေသော သူ့ချစ်သူကိုကြည့်ပြီး သွားတွေယားလာသည်။ အင်းလေ။ သားတော်သားတော်နဲ့ အတော်လေး ချစ်နေလိုက်။

ဟိုဘက်စောင်းပြီး တမင်ထိုင်လိုက်သော်လည်း အလိုက်ကန်းဆိုး မသိသောထိုလူကြီးက အနှီးထုတ်ဖြူလေးကို သူ့ရှေ့တည့်တည့်ထိုးပေးလာသည်။

“ကြည့်စမ်းပါဦး ကိုယ့်ဧကရီလေးရဲ့ ကိုယ်တို့သားလေးက မချောဘူးလား ဟားဟားဟား”

“ဘာကိုယ်တို့သားလေးလဲ ကျွန်တော့်ကလေးမှ မဟုတ်တာကို”

“ကိုယ့်သားက မင်းသားပဲပေါ့။ လူချင်း မခွဲခြားရဘူးလေ အညိုရောင်လေးရဲ့။ လာပါ ချီကြည့်ပါဦး”

“ကလေး မချစ်တတ်ဘူး ကျွန်တော်”

မချစ်တတ်ဘူးသာ ပြောလိုက်ရတာ။ အနှီးထဲက သတ္တဝါက လက်တုတ်တုတ်လေးတွေနဲ့ လာယမ်းပြနေသည်မို့  တစ်ချက်တော့ ကြည့်လိုက်မိသေးသည်။ တကယ်ချစ်စရာလေးဟ။ ဒါပေမဲ့ တော်ပါ။ သူ့ကလေးကို ထိန်းမပေးနိုင်ပါဘူး။ ကိုယ်က မိထွေး အဲလေ ပထွေးကောင်းလေးဆိုပေမဲ့ မနှိပ်စက်ဘဲပဲနေပေးနိုင်မယ် ထိန်းပေးတာအထိတော့ မလုပ်နိုင်ပေါင်။

“ကိုယ့်ကလေး မဟုတ်ပါဘူး။ အီရာ့ကို သိတယ်မို့လား။ သူ့ညီအရင်းပါ။ ကိုယ်တော့် ဝမ်းကွဲ”

“တကယ်ကြီးလား”

ချက်ချင်းအသံထွက်လာသော ရှီလာကြောင့် နော်ဂါပြုံးလိုက်မိသည်။

“ကိုယ့်ဧကရီလေးက လက်စသတ်တော့ သဝန်တိုနေတာပဲ ဟားဟား”

Zawgyi

“အကၡရာက အ”

“အိုး အာ့စ္ နင္ပဲ”

အရွင္မ စကားေၾကာင့္ ႃပံုးမိသမ်ွ ေကာင္မေလးေတြဘက္မွ ကၽြတ္စီကၽြတ္စီအသံေတြေၾကာင့္ မဲ့က်သြားရသည္။ ၿမွားက အီရာ့ဘက္ကို ခ်ိန္တာေပမဲ့ အီရာ့ေရ႔ွမွာ ေကာင္မေလးတစ္ေယာက္ခံေနေသးသည္။ သူမ နာမည္က အာ့စ္။

“စစ္သူႀကီးနဲ႔ အာ့စ္တို႔လား အရမ္းလိုက္ဖက္တာပဲေနာ္။”

“အိုး အာ့စ္ နင္သိပ္ကံေကာင္းတယ္”

“စစ္သူႀကီးလို လူကိုရတာပဲ သိပ္ကံေကာင္းတယ္”

“ေနာက္ဆံုးေတာ့ စစ္သူႀကီးလို ခန႔္ညားတဲ့လူလည္း ဇနီးရသြားၿပီေပါ့”

ဆူညံဆူညံအသံေတြကို ပန္းအိုးက်ကဲြသံတစ္ခုက ၿဖိဳခဲြလိုက္သည္။ အပ္တစ္ေခ်ာင္းက ပန္းအိုးႀကီးတစ္ခုလံုးကို ျပဳတ္က်ကဲြသြားရေလာက္ေအာင္ အားႏွင့္ဟုန္ႏွင့္ျဖတ္သန္းသြားတာျဖစ္သည္။ အပ္ပိုင္ရွင္ကေတာ့ တည္တင္းေနေသာ မ်က္ႏွာထားႏွင့္ အံႀကိတ္ေနလ်က္။

“အီရာ မင္း ဘာျဖစ္လို႔လဲ”

ခုနကေတာ့ တစ္လံုးမွဝင္မေျပာေသာ လူဂါက သူ႔ကိုလာေမးသည္။ အီရာက ခပ္မဲ့မဲ့မ်က္ႏွာထားႏွင့္ အပ္ကို သြားေကာက္လိုက္ကာ ရိွသမ်ွလူေတြအကုန္လံုး၊ နတ္ဘုရားရုပ္ထုပါမက်န္ မ်က္ေစာင္းတစ္ခ်က္ထိုးကာ ဟြန႔္ခနဲရယ္ရင္း ထြက္သြားေလသည္။ အီရာရဲ့ အျပဳအမူကို တစ္ၪီးမွ နားမလည္လိုက္။

“အရွင္မ ကၽြန္ေတာ္ ဘာျဖစ္လဲလို႔ သြားၾကၫ့္လိုက္ပါၪီးမယ္”

စကားသံဆံုးတာႏွင့္ လွစ္ခနဲအျပင္ေရာက္သြားၿပီျဖစ္ေသာ လူဂါ့ကို တားႏိုင္ျခင္းငွာ အရွင္မလည္း မစြမ္းသာေတာ့။ အခမ္းအနား အဆံုးသတ္ျခင္းကို ဆက္လုပ္ဖို႔သာရိွေတာ့တာမို႔ သက္ျပင္းခ်ၿပီးသာ အစီအရင္ ဆက္လုပ္ေနလိုက္သည္။ တစ္ဖက္မွာလည္း အီရာတစ္ေယာက္ ေတြ့ကရာေတာအုပ္ထဲဝင္တိုးေတာ့သည္။ ညဘက္မို႔ မီးတုတ္မရိွသၫ့္ဘက္မ်ားတြင္ ေမွာင္မဲကာ ျခင္ေတြ ေပါမ်ားေနေသာ္လည္း သူ႔စိတ္ထဲမွာ ဗလာျဖစ္ေနသည္။ အဆိပ္အပ္ကို တင္းတင္းၾကပ္ၾကပ္ကိုင္ကာ တစ္ေယာက္ေယာက္ကို ပစ္ေပါက္ခ်င္စိတ္မ်ားက တရိပ္ရိပ္တက္လ်ွက္။

“အီရာ မင္းဘာျဖစ္လို႔လဲ”

အေမာတေကာေလသံႏွင့္အတူ အေနာက္မွေရာက္လာေသာ လူဂါ၏ ဓားကို ဆဲြယူကာ အနီးရိွ အပင္တစ္ခုသို႔ အားႏွင့္လႊဲခုတ္လိုက္သည္။ ေဒါသႏွင့္ခုတ္ေနတာမို႔ ခုတ္ခ်က္ေတြက အားပါလွသည္။ သို႔ေသာ္ အပ္ကိုင္ခဲ့သၫ့္ လက္ျဖစ္တာေၾကာင့္ အတင္းအၾကပ္ႀကီး ဓားကိုင္ရသၫ့္အခါ ပြန္းပဲ့ကာ ေသြးေတြထြက္လာသည္။ တစ္ကိုယ္လံုး ခၽြေးေတြရႊဲေနသလို လက္မွာလည္း ေသြးေတြႏွင့္။ ေနာက္ၿပီး မ်က္ႏွာမွာလည္း ခၽြေးႏွင့္ေရာေသာ မ်က္ရည္ေတြႏွင့္။ ဘယ္ေလာက္ပဲ စိတ္မာသလို ေနခဲ့ပါေစ။ သူ ၿပိဳလဲေနမိတာ သူသာသိပါသည္။ ဘယ္သူ႔ကိုမွ အျပစ္မတင္ရေသးခင္ လူဂါ ဒီလက္ထပ္ပဲြကို မျငင္းခဲ့တာကို ပထမဆံုးသြားေတြးမိသည္။ မျငင္းဘူးဆိုမွေတာ့ တကယ္လက္ထပ္ခ်င္စိတ္ရိွေနလို႔ေပါ့။ မေကာင္းတဲ့လူႀကီး။ ေသာက္က်င့္ကို ပက္ပက္စက္စက္မေကာင္းတာပဲ။

ဒုတ္!!!

ၿပီးေတာ့ နတ္ဘုရားဆိုတဲ့ လူဝႀကီး။ စားဖို႔ပဲ ေတြးေနတာလားမသိ။ ၿမွားေလးေတာင္ ရွင္းေအာင္ မၫႊန္ျပႏိုင္ဘူးေလ။ သူက အဲ့လိုမရွင္းမရွင္းေတြလုပ္ေတာ့ သူက လူေတြအမ်ားႀကီးေရ႔ွမွာ ‘ၿမွားခ်က္က မရွင္းလို႔ပါ ကၽြန္ေတာ္နဲ႔ အဲ့မိန္းကေလးနဲ႔ ယွဥ္ၿပီး ျပန္ခ်ိန္ပါရေစ’ လို႔သြားေျပာရမွာလား။ သူက ေယာက်္ားေလးမို႔ ဒီလိုေျပာလိုက္ရင္ ဘယ္လို အထင္ခံရမလဲ။ ကိုယ္ေတြတိုင္းျပည္မွာသာ ေယာက်္ားေလး ဧကရီတို႔ မိဖုရားတို႔က ဘာမွမဆန္းတာ ဒီဘက္မွာက ၾကားေတာင္ ၾကားဖူးၾကမည္မထင္။ တကယ္ပဲ သြားေျပာၿပီ ထားၪီး။ ကံတရားက သူ႔ဘက္မပါခဲ့ရင္ေရာ။ အက်င့္ပုတ္တဲ့ နတ္ဘုရားစုတ္။

ဒုတ္!!!

ေနာက္ၿပီး အဲ့လက္ထပ္ပဲြက မျဖစ္မေနက်င္းပရမဲ့ ဟာမ်ိဳး။ ျငင္းခြင့္မရိွ။ ဖ်က္ခြင့္မရိွတဲ့ေလ။ အဲ့ေလာက္ပဲ နတ္ဘုရားကို အလြန္အကၽြံကိုးကြယ္ရလား။ အရွင္မတို႔ကလည္း တကယ္ေရွးရိုးစဲြတာပဲ။ လက္မထပ္ေတာ့ဘာျဖစ္လဲ။ ဟိုစစ္သူႀကီးဆိုတဲ့ အစုတ္ပလုပ္ႀကီးကေရာ ႏြားျပာႀကီးေအာက္သြားမရိွသလို ၿဖဲျပီး ဘယ္မိန္းမရရ ယူမွာပဲလား။

ဒုတ္!!!

ေဒါသေတြက ထြက္လာေလေလ။ သစ္ပင္ႀကီးကို လူမ်က္ႏွာေတြ ျမင္ေယာင္ၿပီး ပိုပိုခုတ္ခ်င္လာေလေလျဖစ္သည္။ ခုတ္ေကာင္းေကာင္းႏွင့္ ခုတ္ေနတာကို လူဂါကလည္း တစ္ခ်က္မွ မတားဘဲ ရပ္သာၾကၫ့္ေနသည္။ အီရာကလည္း သစ္ပင္ႀကီးမျပတ္မခ်င္း ခုတ္ေနမလားမသိ။ ဓားက ဓားမမဟုတ္ဘဲ ရိုးရိုးဓားျဖစ္ေနတာေတာင္ အရာေတြ အနက္ႀကီးထင္ကုန္တာ ဓားမသာဆို တစ္ခ်က္တည္းနဲ႔ ဒီသစ္ပင္ထက္ပိုင္းျပတ္ေလာက္ပါသည္။ ဒီျဖဴႏုႏုေလးမွာ ဘယ္တုန္းက အဲ့လို အားေတြရလာတာမ်ားလဲ။ ၿပီးေတာ့ ဓားေတာင္ ခုမွ ကိုင္ဖူးတဲ့လူက ဘာလို႔ ဒီေလာက္ေတာင္ ျဖစ္ေနရတာလဲ။

“ေတာ္ေတာ့။ ေသြးေတြ”

လူဂါက အရိွန္ျဖင့္ ခုတ္ေနေသာ ေကာင္ေလးကို ေနာက္ကေနထိန္းဖက္ကာ ဓားကိုလႊင့္ပစ္လိုက္သည္။ လက္ဖဝါးႏွစ္ဖက္ကိုျဖန႔္ၾကၫ့္ေတာ့ ေသြးရဲရဲေတြက ၾကၫ့္ရက္စရာမရိွ။ လက္မွာပတ္ထားေလ့ရိွသၫ့္ အေမေပးထားခဲ့ေသာ ဝတ္ရံုအနားစေလးကို ျဖဳတ္ကာ ေကာင္ေလး လက္ဖဝါးမွာ စီးေပးလိုက္သည္။ အီရာကေတာ့ ရင္ခြင္ထဲမွာ ၿငိမ္ၿပီး မ်က္လံုးေလးနဲ႔သာ လိုက္ၾကၫ့္ႏိုင္သည္။ အားေတြကို မတရားထုတ္သံုးထားရတာမို႔ အသက္ျပင္းျပင္းရႉရံုကလဲြရင္ စကားေတာင္ကဲြေအာင္ မေျပာႏိုင္ေတာ့။

“ဘာျဖစ္လို႔လဲ ငါ့ကိုေျပာျပလို႔ရၿပီလား”

ေသြးေတြကို သုတ္ေပးၿပီးသြားေတာ့ လူဂါက အီရာ့ကိုေမးသည္။ အီရာကေတာ့ လူဂါ့ရင္ခြင္ထဲပိုတိုးဝင္လိုက္ကာ တသိမ့္သိမ့္ ငိုေနသည္။ ေကာင္ေလးငိုတာကို ပထမဆံုးျမင္ဖူးတာျဖစ္ေသာေၾကာင့္ လူဂါ ေၾကာင္ေငးေနမိသည္။ ဒီျဖဴႏုႏုေလးက ငိုတတ္တာပဲလား။ ေက်ာကိုဖြဖြပြတ္ေပးလိုက္ေတာ့ အသက္မရိွသၫ့္လူလို ၿငိမ္ေနသည္။ သူ႔ရင္ဘတ္နားကို ကပ္ကာ အသက္ရႉေနပံုက သူ႔ကိုယ္သင္းနံ႔ကိုပဲ မရအရ ရႉေနသၫ့္လူလို။

“သြားၾကမယ္”

ရုတ္တရက္ ထကာ မ်က္ရည္သုတ္လိုက္ေတာ့လည္း မ်က္ႏွာက ခုနက ငိုခဲ့တာမဟုတ္သၫ့္အတိုင္း တင္းမာလ်က္။

“ဘယ္ကိုလဲ”

“လိုက္ခ်င္လိုက္ မလိုက္ခ်င္ေန”

ခပ္ဆတ္ဆတ္ေျပာကာ ေျပးလႊားသြားေသာ ေကာင္ေလးေၾကာင့္ စိတ္ပူစြာလိုက္ရျပန္သည္။ ဒီဟာေလး ဒီေန့ ဘာျဖစ္ေနတာလဲ။ ေကာင္ေလးေျခလွမ္းေတြက ေက်ာက္သားခန္းမဆီ ၪီးတည္ေနတာမို႔ စိတ္ထင့္လာရသည္။ ဘာလဲ။ ဘာေတြထပ္လုပ္ၪီးမလို႔မ်ားလဲ။

တံခါးကို ဝုန္းခနဲဖြင့္ဝင္လာသၫ့္ အီရာ့ကို နတ္ဘုရားအားရိွခိုးေနၾကသၫ့္ လူအားလံုးနီးပါးက ဝိုင္းၾကၫ့္ၾကသည္။ အီရာၾကၫ့္လိုက္ေတာ့ ခုနက အာ့ခ္ ဆိုသၫ့္ ေကာင္မေလး၏ လက္ထဲတြင္ ပန္းကံုးေလးတစ္ခုေရာက္ေနသည္။ နတ္ဘုရားကို ပူေဇာ္ထားသၫ့္ပန္းကံုး။ လူဂါေျပာျပခဲ့ပံုအရ သတို႔သမီးသည္ ထိုပန္းကံုးေလးကို အိမ္ယူသြားကာ မဂၤလာပဲြေန့ေရာက္သည္အထိ ေယာက်္ားေလးတစ္ၪီးတစ္ေယာက္ႏွင့္မ်ွ မေတြ့ဘဲေနရသည္။

ကိုယ္တိုင္ေတာင္ မထိန္းခ်ဳပ္ႏိုင္ေတာ့ေသာ ေျခလွမ္းတို႔က ေကာင္မေလးဆီေရာက္သြားကာ ပန္းကံုးကို ဆဲြခ်လိုက္သည္။ ႀကိဳးျပတ္သြားေသာ ပန္းႏုေရာင္ပန္းပြင့္ေတြက ေျမျပင္သို႔ ကစဥ့္ကလ်ားရိုက္ခတ္သည္။

“ကၽြန္ေတာ္ ဒီမဂၤလာပဲြကို ကန႔္ကြက္ပါမယ္”

“ဘာ”

“ဘာေတျြဖစ္တာလဲ”

“ကန႔္ကြက္တယ္တဲ့လား”

“ဆန္ဒိုမင္းသားက ဘာလို႔ကန႔္ကြက္တာလဲ ငါတို႔ရိုးရာကို သူမသိဘူးလား”

“အရွင္နတ္ဘုရားရဲ့ ဆႏၵကို ဘယ္သူကန႔္ကြက္ဖူးလို႔လဲ”

“ဟယ္ အဓိပၸာယ္မရိွတာ။ နတ္ဘုရားစီစဥ္ေပးတဲ့ မဂၤလာပဲြက တစ္ခါမွ ပ်က္ဖူးတယ္လို႔ မၾကားဖူးဘူး။ ဒါက ဘယ္လို ေျပာရဲတာလဲ”

ေနာက္ကလူေတြ ပြက္ေလာရိုက္ကုန္ၾကသေလာက္ အီရာႏွင့္မ်က္ႏွာခ်င္းဆိုင္ေနသၫ့္ နက္ထန္ကေတာ့ ဘာတစ္ခြန္းမွ မေျပာဘဲ အီရာ့မ်က္လံုးေတြထဲသို႔ စိုက္ၾကၫ့္ရံုသာ လုပ္ေနသည္။

“မင္းက ဘာလို႔လဲ”

အမိန႔္သံဆန္ေသာ အရွင္မ၏ ေလသံကို သူ တၫ့္ပင္ရင္ဆိုင္လိုက္သည္။

“ဘာလို႔ဆိုေတာ့ ကၽြန္ေတာ္ခ်စ္ေနလို႔”

မ်က္ဝန္းေထာင့္မွ လူဂါ၏အရိပ္ေလးကို လွမ္းျမင္လိုက္ေတာ့ အံႀကိတ္လိုက္မိသည္။ ကၽြန္ေတာ့္ကို မလိုခ်င္တဲ့လူတစ္ေယာက္အတြက္ တံုးတိုက္တိုက္ က်ားကိုက္ကိုက္ဆိုၿပီး သိကၡာအက်မခံႏိုင္ဘူးလူဂါ။ ခင္ဗ်ားသာ ကၽြန္ေတာ့္ကိုခ်စ္ေနတယ္ဆိုရင္ ဒီသိကၡာေတြ မာနေတြက သဲေလာက္ေတာင္ တန္ဖိုးမရိွေပမဲ့ အခုက မတူဘူးမဟုတ္လား။ ဘာပဲျဖစ္ျဖစ္ ခင္ဗ်ား မဂၤလာပဲြပ်က္ဖို႔က အဓိကမို႔ ကၽြန္ေတာ္ဘာလုပ္လုပ္ အျပစ္မတင္ေၾကးပါ။ ဘဝကတိုတိုေလးေလ။ အႂတၲကီးတယ္ေတြ ဘာေတြ လာမေျပာနဲ႔။ ကၽြန္ေတာ့္မ်က္လံုးထဲမွာေတာ့ ခင္ဗ်ားကို ကၽြန္ေတာ္မပိုင္ရရင္ေတာင္ ဘယ္သူမွ မပိုင္ေစရဘူး လူဂါ။ ဒါ..... ကၽြန္ေတာ့္ရဲ့ သစၥာ.....။

.......................................................................................................................................................................................................................

“ကိုယ္ရံေတာ္ေရာ ျပန္ေကာင္းလာၿပီလား”

“အင္း ေကာင္းလာပါၿပီ။”

“ဆိုေတာ့ ဘာလဲ။ သူက ကိုယ္ေတာ့္ဆီမွာ အမႈထမ္းဖို႔ သေဘာတူၿပီလား”

“ႏိုးပါ။ အာ.....မဟုတ္ပါဘူး။ သူက အစတည္းက ကၽြန္ေတာ့္ကိုယ္ရံေတာ္ပါပဲေလ။ ခုလည္း အဲ့လိုပဲ။ ေနာင္လည္း အဲ့လိုပဲ”

ေခါင္းကိုေမာ့ခ်ီကာ ပိုင္ဆိုင္မႈခဲြတမ္းခ်ေနပါေသာ ဘုရင္အညိုေရာင္ေလးသည္ ကိုက္စားပစ္ခ်င္ေလာက္ေအာင္ အျမင္ကတ္စရာေကာင္းလွသည္။ သူ႔မ်က္လံုးထဲမွာေတာ့ အညိုေရာင္ေလးသည္ ခ်စ္စရာေကာင္းလည္း ကိုက္စားခ်င္သည္။ အျမင္ကတ္စရာေကာင္းလာလည္း ကိုက္စားခ်င္သည္။ သနားစရာေကာင္းလည္း ကိုက္စားခ်င္သည္။ အလိုလိုေနရင္းကိုလည္း ကိုက္စားခ်င္ေနသည္။ ဟိုတစ္ေန့ၿပီးကတည္းက အနားကပ္မခံတာ သံုးရက္ႀကီးမ်ားေတာင္ ရိွခဲ့ၿပီ။ အခုလည္း သူနဲ႔လက္ဖက္ရည္ ထိုင္ေသာက္တာပါတဲ့။ ၆ေပအကြာကေန ေသာက္ေနတယ္။ ဒီခင္ပြန္းမွာ ကူးစရာပိုးမႊားေတြ ဘာေတြလည္း ရိွတာမဟုတ္ဘဲနဲ႔။

“အရွင္မင္းႀကီး အိမ္ေရ႔ွမင္းသားေလးေရာက္လာပါၿပီ”

အိမ္ေရ႔ွမင္းသားဆိုသၫ့္စကားေၾကာင့္ ရွီလာ အလန႔္တၾကားေခါင္းေထာင္ၾကၫ့္မိသည္။

“အင္း ဝင္ခြင့္ေပးလိုက္ပါ။ သူ႔မယ္ေတာ္နဲ႔လည္း ေတြ့ရတာေပါ့”

သူ႔ေရ႔ွက လူႀကီးကေတာ့ အႃပံုးမပ်က္ ေျပာေနဆဲ။ ေသာက္ေနသၫ့္ ေဆးလက္ဖက္ရည္ေတြေတာင္ လည္ပင္းထဲ တစ္ဆို႔သြားသည္။ ၾကၫ့္စမ္း။ ငါေလးနဲ႔ မေတြ့ခင္ မယားေတြ ရာခ်ီေအာင္ ယူထားလို႔မွမကေသး။ ကေလးပါ ရိွလိုက္ေသးတယ္။ ဒါ...ဒါကေတာ့ ေတာ္ေတာ္လြန္သြားၿပီ။ ဒီကိစၥက သူ႔ရင္ကို ဓားနဲ႔ အစိမ္းလိုက္ခဲြေနသလိုလို သူ႔လည္ေခ်ာင္းကိုပဲ ဘရိတ္ဓားနဲ႔လွီးေနသလိုလိုပင္။ အက္ရွရွ ေၾကကဲြကဲြခံစားခ်က္ႀကီး။ ဘာတဲ့? သူ႔မယ္ေတာ္? ဟက္ သြားစမ္းပါ။ ငါက ဘာလို႔ ကိုယ့္ခင္ပြန္းရဲ့ဇနီးရဲ့ သားကို သားေတာ္ရမွာလဲ။ ေပါက္ေပါက္ရွာရွာပါပဲ။

ကေလးနဲ႔ၿပိဳင္ၿပီး ေနာင္ခ်ိန္ခ်ဖို႔ ေတြးထားေပမဲ့ ေရာက္လာေတာ့ အႏွီးထုတ္ေလးထဲက ျဖဴလံုးလံုးေလးေၾကာင့္ ရယ္ရမလို ငိုရမလို ျဖစ္သြားသည္။ ဒီဟာေလးက ခ်စ္စရာေလးဟ။ အာ.....ႏိုးႏိုး။ မဟုတ္ဘူး။ ငါ က ေလး မ ခ်စ္ တတ္ ဘူး။ ဟုတ္တယ္ တကယ္မခ်စ္တတ္ဘူး။ မခ်စ္ဘူး။ အဲ့မ်က္လံုးရဲြေတြနဲ႔ လာမၾကၫ့္နဲ႔။ ဂ်ာလကီး ေဂ်ာင္း။

“ဟားဟားဟား ၾကၫ့္စမ္းပါၪီး သားေတာ္ေလးက အေတာ္တက္ႂကြေနပါလား”

ကေလးထက္ပိုတက္ႂကြေနေသာ သူ႔ခ်စ္သူကိုၾကၫ့္ၿပီး သြားေတြယားလာသည္။ အင္းေလ။ သားေတာ္သားေတာ္နဲ႔ အေတာ္ေလး ခ်စ္ေနလိုက္။

ဟိုဘက္ေစာင္းၿပီး တမင္ထိုင္လိုက္ေသာ္လည္း အလိုက္ကန္းဆိုး မသိေသာထိုလူႀကီးက အႏွီးထုတ္ျဖဴေလးကို သူ႔ေရ႔ွတၫ့္တၫ့္ထိုးေပးလာသည္။

“ၾကၫ့္စမ္းပါၪီး ကိုယ့္ဧကရီေလးရဲ့ ကိုယ္တို႔သားေလးက မေခ်ာဘူးလား ဟားဟားဟား”

“ဘာကိုယ္တို႔သားေလးလဲ ကၽြန္ေတာ့္ကေလးမွ မဟုတ္တာကို”

“ကိုယ့္သားက မင္းသားပဲေပါ့။ လူခ်င္း မခဲြျခားရဘူးေလ အညိုေရာင္ေလးရဲ့။ လာပါ ခ်ီၾကၫ့္ပါၪီး”

“ကေလး မခ်စ္တတ္ဘူး ကၽြန္ေတာ္”

မခ်စ္တတ္ဘူးသာ ေျပာလိုက္ရတာ။ အႏွီးထဲက သတၲဝါက လက္တုတ္တုတ္ေလးေတြနဲ႔ လာယမ္းျပေနသည္မို႔  တစ္ခ်က္ေတာ့ ၾကၫ့္လိုက္မိေသးသည္။ တကယ္ခ်စ္စရာေလးဟ။ ဒါေပမဲ့ ေတာ္ပါ။ သူ႔ကေလးကို ထိန္းမေပးႏိုင္ပါဘူး။ ကိုယ္က မိေထြး အဲေလ ပေထြးေကာင္းေလးဆိုေပမဲ့ မႏိွပ္စက္ဘဲပဲေနေပးႏိုင္မယ္ ထိန္းေပးတာအထိေတာ့ မလုပ္ႏိုင္ေပါင္။

“ကိုယ့္ကေလး မဟုတ္ပါဘူး။ အီရာ့ကို သိတယ္မို႔လား။ သူ႔ညီအရင္းပါ။ ကိုယ္ေတာ့္ ဝမ္းကဲြ”

“တကယ္ႀကီးလား”

ခ်က္ခ်င္းအသံထြက္လာေသာ ရွီလာေၾကာင့္ ေနာ္ဂါႃပံုးလိုက္မိသည္။

“ကိုယ့္ဧကရီေလးက လက္စသတ္ေတာ့ သဝန္တိုေနတာပဲ ဟားဟား”

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

1.1M 87K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
221K 22K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
7.4K 569 11
ငါတို႔၂​ေယာက္​ရဲ႕ ၅ႏွစ္​တာတြဲခဲ့ၾကတဲ့သံ​ေယာဇဥ္​က အဲ့​ေလာက္​​ေတာင္​ ​ေလ်ာ့ရဲ​ေနသလား ​​ေျပာရက္​​တယ္​ ၅စကၠန္​႔​ေလာက္​ပဲၾကာတဲ့လမ္​းခြဲမယ္​ ဆိုတဲ့ စကား​ကင...
1.2M 42.8K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd