Uni
“ဟွန့်”
ထိုလူသည် ဟွန့်ခနဲမြည်တမ်းကာ ကြိုးကို သူ၏ ဓားရှည်နှင့် တိခနဲဖြတ်လိုက်သည်။ ကြိုးတွေပြေလျော့သွားပြီးခဏချင်းမှာပဲ ဂေါ့က တစ်ဖက်လူလက်ထဲမှ ဓားရှည်ကိုဖြတ်ခနဲဆွဲလုလိုက်ကာ လည်ပင်းကို တစ်ချက်တည်းချိန်ဖြတ်လိုက်သည်။ သို့သော် သွက်လက်စွာ ရှောင်တိမ်းလိုက်တာကြောင့် လည်ပင်းတော့ပြတ်မသွား။ ဂေါ့က ထပ်ပြီး တိုက်ခိုက်မလို့ပြင်ပေမဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည့် အသံများကြောင့် ရဲမက်တွေပြေးလာသံကို ကြားလိုက်ရသည်။ တစ်ယောက်နဲ့အများမို့ ဆက်မတိုက်တော့ဘဲ လွတ်မြောက်ရေးကိုသာရှေးရှု၍ ဓားကိုခါးကြားထိုးလျှက် ခပ်သွက်သွက်ထွက်ပြေးတော့သည်။
“တပ်မှူးလေး တပ်မှူးလေး...........အဆင်ပြေရဲ့လား။ ရဲမက်တို့ အကျဥ်းသားကို လိုက်ကြစမ်း”
တပ်စုခေါင်းဆောင်ပေးလိုက်သော အမိန့်ကို ခမ် က လက်ကာပြ၍တားလိုက်သည်။ ရှောင်လိုက်တုန်းက ရသွားသော ပွန်းပဲ့ရာကို တစ်ချက်ဖိပွတ်ကာ ဟိုမိန်းကလေး ထွက်ပြေးသွားသည့်ဘက်ကို ကြည့်လိုက်သည်။
“လွှတ်ပေးလိုက်ပါ။ သူ့ကို အဆိပ်တိုက်ထားလို့ အသက်ကြာကြာမရှင်နိုင်ပါဘူး”
တပ်မှူးပြောတာလည်း မှန်နေတာမို့ တပ်စုခေါင်းဆောင်က ခေါင်းညိတ်လိုက်ကာ သူ့လူတွေကို ပြန်စုစေလိုက်သည်။ သက်ပြင်းခပ်လေးလေးချမိတော့ တပ်မှူးက တစ်ချက်ငဲ့ကြည့်လာသည်။ ဒီကောင်မလေးရဲ့ ကိုယ်ခံပညာက အရမ်းကောင်းနေတာမို့ အရှင်မင်းကြီးက ချက်ချင်းသတ်မပစ်သေးဘဲ သူ့ဆီမှာ အမှုထမ်းနိုင်မထမ်းနိုင် မေးပြီးမှ လက်မခံရင်သတ်ပစ်ခိုင်းတာ။ တကယ်လို့သာ ဒီကလေးမက လက်ခံခဲ့ရင် အခုလောက်ဆို အဆိပ်ဖြေဆေးတိုက်ပြီး တပ်မှုးအဆင့်လောက်ကို ရနေလောက်ပြီ။ ဒါပေမဲ့ နောက်ဆုံးတော့ သေလမ်းကိုပဲ ရွေးသွားတော့တာပဲ။ ဟုတ်တော့လည်း ဟုတ်တာပဲလေ။ ဘယ်သူက ဒီလိုကို့ယို့ကားယားအခြေအနေကြီးမှာ သူများတိုင်းပြည်အတွက် အမှုထမ်းချင်ပါ့မလဲ။ အင်း။ သူမ တတ်ထားတဲ့ ကိုယ်ခံပညာတွေကတော့ အတော်လေး နှမြောဖို့ ကောင်းသားပါပဲ။
တစ်ဖက်မှာလည်း ဂေါ့က နန်းတော်ရှိရာဆီ မှန်းသမ်းပြီး ခရီးဆက်နေရသည်။ စစ်တပ်ထဲက အောင်မြင်စွာထွက်လာခဲ့ပြီး မြို့တော်ဈေးထဲရောက်လာပြီမို့ နန်းတော်ရှိရာဆီသွားရတာက လွယ်ကူလှသည်။ မနက်ပိုင်းဖြစ်နေတုန်းမို့ မဝင်သေးဘဲ ညအမှောင်ကို စောင့်နေလိုက်သည်။ အရှင် ဘယ်လိုနေလဲ သူသေချာကြည့်ရမည် မဟုတ်လား။ နေဝင်လာတော့ အမှောင်ရိပ်မှာ ချိန်းတွေ့နေကြတဲ့ အစောင့်တပ်သားနဲ့ အပျိုတော်တစ်ယောက်ကို မေ့လဲသွားအောင် လုပ်လိုက်ကာ အပျိုတော်လေးရဲ့အဝတ်အစားကို လဲလှယ်၍ နန်းတော်ထဲကို ဝင်လာလိုက်သည်။ ညလည်းမှောင်လာပြီမို့ ကင်းလှည့်နေသည့် ရဲမက်တွေမှတပါး အပျိုတော်တွေတောင် အပြင်မှာသိပ်မရှိတော့။ လူအလစ်တွင် ဧကရီဆောင်ဟု ထင်ရသော အဆောင်ပေါ် ခပ်ဖွဖွခြေလှမ်း၍ တက်လိုက်သည်။ ခေါင်မိုးပေါ်ခြေချမိသည်နှင့် အေးစက်စက်အထိအတွေ့က လည်ပင်းကို လာထောက်သည်။
ကျစ်.... ဒီကောင်တွေ ထင်ထားတာထက် ပိုပြီးလျင်သားပဲ။
ဟိုရွံစရာလူဆီက ဆွဲလုလာသည့်ဓားကို ထုတ်ကာ နောက်ကလူကို တစ်ပြန်လှည့်၍ တိုက်ခိုက်လိုက်သည်။ သာမန်လူဆိုရင်တော့ ကိုယ့်လည်ပင်းကို ဓားထောက်ခံထားရသည့်အချိန်တွင် မလှုပ်ရှားနိုင်မှာ သေချာပေမဲ့ ဂေါ့က သာမန်လူမှမဟုတ်ဘဲ။ အရင်ထဲက သေရမှာကို မကြောက်အောင် လေ့ကျင့်ပေးခံခဲ့ရသလို အခုအချိန်မှာ သူ့ရဲ့စိတ်အခြေအနေကလည်း ဘာမဆို တုံးတိုက်တိုက်ကျားကိုက်ကိုက် ဇွတ်တိုးမည့်အခြေအနေဖြစ်နေသည်။
တစ်ဖက်လူကလည်း ခေတော့မခေ။ အင်းလေ။ မခေလို့ ဘုရင့်ကိုယ်ရံတော်လုပ်နေတာပေါ့။ အစကတော့ ဂေါ့လည်း အသံမထွက်အောင် ထိန်းပြီးတိုက်နေပေမဲ့ စိတ်ထဲကတောက်လောက်နေသည့် ဒေါသတွေကို ဖြေလျော့ဖို့ရာ တစ်ဖက်လူကို အသေအလဲ လိုက်လံတိုက်ခိုက်မိသည်။ သူရဲကောင်းတစ်ယောက်က သူ့စိတ်သူမထိန်းနိုင်ရင် အဲ့တိုက်ပွဲကို ရှုံးလိမ့်မယ်ဆိုတဲ့အကြောင်း သူ မကြားဖူးလို့တော့မဟုတ်။ သို့ပေမဲ့ အခုအချိန်မှာ အနိုင်အရှုံးထက် သူ့ရင်ထဲက ဒေါသတွေကို လျှော့ပစ်ဖို့က ပိုပိုပြီးအရေးကြီးနေခဲ့သည်။
“ချွင်...........ထန်”
ဓားနှစ်လက်၏ ထိခတ်သံက ပိုပိုပြီးကျယ်လောင်လာသလို ရဲမက်တွေကလည်း အဆောင်အောက်မှာ ဝိုင်းလာသည်။ ထို့အပြင် ဘုရင်ဝတ်ရုံဆင်ထားသော လူတစ်ယောက်က အဆောင်ထဲကထွက်လာသည်။ သူ၏ လက်ထဲမှာလည်း စောင်လေးနှင့်ထုတ်ထားသော လူတစ်ယောက်။
သူ့ မျက်လုံးတွေ ပြူးကျယ်ထိတ်လန့်သွားသည်။
“အရှင်........အ.......”
အာရုံသည် အရှင့်ဆီသို့ ခဏလေးရောက်လိုက်ချိန်တွင် တစ်ဖက်လူ၏ ဓားချက်သည် သူ၏ ကျောပေါ်သို့ မညှာမတာ ကျရောက်လာသည်။ ကျောပေါ်မှ အတိုင်းအဆမရှိနာကျင်မှုထက် စောင်ထုတ်လေးထဲမှာ မျက်လုံးလေးမှိတ်လျက်သား ငြိမ်သက်နေသည့် အရှင့်ကို ကြည့်ရတာ ပိုပြီးနာကျင်ရသည်။ တစ်ပိုင်းတစ်စ ပေါ်နေသည့် အရှင့်လည်ပင်းလေးမှ နီညိုညိုအမှတ်တွေကို ကြည့်မိတော့ မျက်လုံးတွေပင် ဝေဝါးသွားရသည်။ အရှင့်နှုတ်ခမ်းလေးလည်း ဖူးယောင်လို့။ ဒီခွေးမသားတွေ......။
“အ......ဖူး......”
ဒေါသကြောင့်လား ဒဏ်ရာကြောင့်လား မသိပေမဲ့ သွေးတွေကို မှုတ်ထုတ်လိုက်မိသည်။ ဒီငယ်သားက ခွင့်လွှတ်ဖို့ မသင့်ပါဘူးအရှင်။ အရှင့်ကို ကာကွယ်မပေးနိုင်ခဲ့ဘူး။ မပြီးဆုံးသေးသော နာကျင်မှုတွေ၊ မပြေပျောက်သေးသော ဒေါသတွေနဲ့ စိတ်မချနိုင်သေးသော ခံစားချက်တို့ကြားမှပင် သူ သတိလစ်သွားသည်။ ဖြစ်နိုင်ရင် သူသတိလစ်သွားသလို လောကကြီးကိုလည်း ခဏရပ်သွားစေချင်မိသည်။ အရှင့်ကို ဒီ့ထက်ပိုမဆိုးခင် ကယ်ထုတ်ချင်သေးသည်မဟုတ်လား။
“အင်.......ဟင်း........”
လက်ထဲက စောင်ထုတ်လေးက လူးလွန့်လာသည်မို့ နော်ဂါတစ်ယောက် သူ့ကိုယ်ရံတော်ကို ခေါင်းညိတ်ပြကာ အဆောင်ထဲသို့ အလွန်သွက်လက်သော ခြေလှမ်းတို့ဖြင့် ပြန်ဝင်လာခဲ့သည်။ တော်တော်လေး ညည်းတွားလိုက်ရသဖြင့် ပင်ပန်းသွားပုံရသော ကောင်လေးသည် အိပ်ပျော်သွားသည်မှာ အတော်လေးကြာပြီ။ သူလည်း ဘေးမှာထိုင်နေရင်း ကောင်လေး၏မျက်နှာကို ကြည့်မဝစွာငေးနေမိသည့်အချိန်မှာပင် တိုက်ခိုက်သံတွေကြားလိုက်ရတာဖြစ်သည်။ အိပ်နေသည့် ကောင်လေးကို တစ်ယောက်တည်းထားခဲ့ရမှာလည်း စိတ်မချတာကြောင့် စောင်လေးနှင့် ပတ်ကာ အပြင်ကို ထွက်ကြည့်မိတာဖြစ်သည်။ ကျူးကျော်သူသည် အချုပ်ခန်းမှာ ချုပ်ထားသည့် ကောင်လေး၏ ကိုယ်ရံတော်ဖြစ်နေလိမ့်မယ်လို့တော့ မထင်လိုက်မိ။ သတ်လိုက်ရမလားဟု အချက်ပြကာ မေးလာသော ကိုယ်ရံတော်ကို မသတ်ဘဲ ဆေးကုပေးလိုက်ဖို့သာ အချက်ပြအမိန့်ပေးရင်း ကောင်လေးနိုးမလာခင် အထဲကို အမြန်ပြန်ဝင်လာခဲ့ရသည်။ ကောင်လေးကို နိုးနိုးချင်းမှာ သွေးထွက်သံယိုတွေ မမြင်စေချင်ဘူးမဟုတ်လား။
“နော်.....ဂါ.....”
“အင်း”
အားမရှိသည့်လေသံဖျော့ဖျော့လေးနှင့် ဖြည်းဖြည်းလေးခေါ်လာသော ကောင်လေး၏ အသံသည် လေပြေလေးဖြတ်တိုက်သွားသလို နူးညံ့ညင်သာလှသည်မို့ သူပြုံးလိုက်မိသည်။
“ဗိုက်ဆာတယ်”
မျက်လုံးကို အကုန်အစင်မဖွင့်သေးဘဲ ဗိုက်ဆာနေသည့်ကောင်လေးကို သူ့ရင်ခွင်ထဲကို ပွေ့လိုက်ကာ သူ့ရင်ဘတ်ကို မှီစေ၍ ထိုင်ခိုင်းလိုက်သည်။
“ကိုယ် ပြင်ထားတယ်။ ခွံ့ကျွေးမယ်နော်”
အညိုရောင်လေးသည် ခေါင်းနှစ်ချက်သာ ညိတ်လာသည်။ မျက်လုံးကတော့ ကောင်းကောင်းမပွင့်တတ်သေး။ ပျော့ခွေကာ အားမရှိသလို ဖြစ်နေသော ကောင်လေးကို အားရှိလာအောင် ထိုးသိပ်ကျွေးပစ်လိုက်သည်။
“တော်ပြီ မစားတော့ပါဘူးဆိုနေ ဗိုက်အင့်နေပြီ”
အတော်များများခွံ့ကျွေးအပြီးမှာတော့ ဘုရင်အညိုရောင်လေးက လက်တစ်ဖက်နှင့်ဗိုက်ကိုဖိလျက် နောက်လက်တစ်ဖက်က ဇွန်းကို ရန်သူသဖွယ် တွန်းဖယ်ကာ ပြောလာသည်။
“တစ်ဇွန်းပဲ တစ်ဇွန်းပဲ ကိုယ့်ဧကရီလေး အားရှိလာအောင်လို့”
ဘာမှ ထပ်မပြောတော့ဘဲ မျက်လုံးလှန်ကြည့်လာသည့် ကောင်လေးကို သွားဖြဲပြလိုက်ကာ လက်ထဲကဇွန်းလေးကို ကိုယ့်ပါးစပ်ထဲပဲ ထိုးထည့်လိုက်ရသည်။ ဟောဒီက ဘုရင်ကြီးသည် သူ့အညိုရောင်ဘုရင်လေးကို ကြောက်ရပါသည်။
“ကဲကဲ ဒါဆို အိပ်တော့”
“ဟာ......ဗိုက်အောင့်မှာပေါ့ဗျ။”
ကောင်လေးပြောတာလည်း မှန်တာပဲမို့ လုပ်စရာတစ်ခုခုကို အပြေးအလွှားစဥ်းစားရပြန်သည်။
“ခုမှ ညပဲရှိသေးတယ် ကိုယ့်ဘုရင်လေးရဲ့။ ဘာလုပ်ကြမလဲ ကိုယ်တို့”
“ခင်ဗျားအိပ်ချင်နေတယ်မဟုတ်လား”
ကောင်လေးစကားကြောင့် သူမျက်ခုံးပင့်လိုက်မိသည်။ ဟုတ်တာပေါ့။ အားသုံးမိသွားတဲ့အပြင် ကောင်လေးအိပ်ပျော်သွားတော့လည်း တစ်ချိန်လုံး ထိုင်ကြည့်နေမိတာလေ။ ခု အစားနည်းနည်းဝင်သွားတော့ သူလည်းအိပ်ချင်လာတာပေါ့။ ဒါပေမဲ့ အိပ်လို့မဖြစ်သေးဘူးလေ။ အိပ်ရင်တောင် သူ့ဝက်ပေါက်လေးကို ဖက်ပြီးအိပ်မှပေါ့။ တစ်ယောက်တည်းတော့ မအိပ်ချင်ပေါင်။ ဒါကြောင့် ခေါင်းသာခါပြလိုက်သည်။ ထားပါတော့ သူ့ဘုရင်အညိုရောင်လေး အိပ်မှပဲ အတူဝင်အိပ်ပါတော့မယ်လေ။
“အဲ့ဒါဆို ဘာလုပ်ကြမလဲ”
“ပန်းချီဆွဲမလား ကိုယ့်ကိုဆွဲပေးလေ”
နော်ဂါ့ကိုကြည့်ရင်း ရှီလာ့မျက်နှာ မဲ့ကျသွားသည်။ ဒီက ပုံတူပန်းချီတောင် မပြောနဲ့ ဟိုခြစ်ဒီခြစ်တောင် အတော်လေး အားထုတ်ရပါတယ်ဆိုမှ။ မျက်နှာပျက်သွားစေလောက်သည့် သူ့အတွေးတွေကို နော်ဂါကလည်း တန်းရိပ်မိသည်။
“ကိုယ်လည်း နည်းနည်းမှ မဆွဲတတ်ဘူး။ စိတ်မပူနဲ့ ကြိုက်သလိုသာဆွဲ။ မတတ်တဲ့လူ အချင်းချင်းပဲဟာ”
ရယ်ရယ်မောမော ပြောလာသည့် နော်ဂါ့နှစ်သိမ့်စကားကြောင့် ရှီလာက ပြုံးလိုက်မိသည်။ သူ့ချစ်သူဟာ သူ့စိတ်အလုံးစုံကို အစကနေအဆုံးထိ အားလုံးကို သိနေတော့တာပဲ။
“ပြီးတာပဲ။ ဒါပေမဲ့ ခင်ဗျားကိုတော့ မဆွဲဘူး။ ခင်ဗျားနဲ့တူတူဆွဲမယ်။ နော် ခင်ဗျားက ကျွန်တော့် ထိုင်ခုံကြီး လုပ်ပေါ့”
ပြုံးဖြီးဖြီးပြောလာသည့် အညိုရောင် ဘုရင်လေးအလိုကျ ပန်းချီဆွဲသည့်ခုံပေါ်မှာ သူအရင်ထိုင်ပြီးမှ ကောင်လေးကို ပွေ့ကာ အပေါ်က ထိုင်စေသည်။ အင်း ဒီလိုမှပဲဖြစ်မှာပါပဲလေ။ မဟုတ်ရင် ကောင်လေး ထိုင်လို့ရမဲ့ နူးနူးညံ့ညံ့အခင်းမျိုးက တကယ်ပဲ ထိုင်လို့အဆင်ပြေပါ့မလားဆိုတာ သူသိနိုင်တာမှမဟုတ်ဘဲ။
“ဘာပုံဆွဲချင်လို့လဲ”
နော်ဂါ၏ လေငွေ့နွေးနွေးတို့သည် ရှီလာ့လည်ပင်းကိုဖြတ်၍ နားရွက်ထဲသို့ နူးညံ့စွာစီးဝင်သည်။ ရှီလာက ရဲတက်သွားသည့် နားရွက်လေးကို ပွတ်လိုက်ရင်း
“ကျား ကျားပုံဆွဲမယ်”
“ဆွဲဆွဲ ကိုယ်ကြည့်ပေးမယ်”
ရှီလာလည်း ကျားပုံလေးကို စိတ်ပါလက်ပါဆွဲရင်း လောကကြီးကို ခဏမေ့သွားသည်။ အစင်းလေးတွေပါသည့် ပုံသေးသေးကလေးသည် ဝက်ဝံလိုလို ကြောင်လိုလိုဖြစ်နေသည်။ ကျားပုံလို့ ပြောတောင် ကျားလို့ မသိသာတာမို့ သူ နှာခေါင်းရှုံ့လိုက်မိသည်။
“နော်ဂါ ကျွန်တော် ဆွဲတာ မတူဘူးဖြစ်နေတယ်”
စိတ်ညစ်ညစ်နှင့် အနောက်က သူကြီးကိုလှမ်းတိုင်မိတော့ ဖြေသံအဖြစ် ဟောက်သံတိုးညှင်းညှင်းက ထွက်လာသည်။ သူ ရယ်လိုက်မိကာ အနောက်သို့လှည့်ကြည့်လိုက်သည်။ မျက်နှာချောချောက အနီးကပ်အနေနှင့် ပိုလို့တောင် ချောမောနေသေးသည်။ သူ့ခါးကို တင်းကြပ်စွာ တွယ်ဆက်ထားသည့် လက်နှစ်ဖက်က အိပ်ပျော်သွားတာတောင် ခိုင်မြဲစွာ ရှိနေဆဲ။
သူ့ချစ်သူ နိုးသွားမည်စိုးတာကြောင့် ငြိမ်ငြိမ်လေးသာ ထိုင်နေရင်း ရင်ခွင်ထဲမှာပင် မျက်လုံးတွေကို မှိတ်လိုက်သည်။ ဘယ်လောက်ပဲ မှီရမှီရ မရိုးသွားသည့် ဒီရင်ခွင်ကြီးသည် အံ့ဩဖို့တော့ ကောင်းလှပါသည်။ အင်းလေ။ အချစ်ဆိုတာ ပဥ္စလက်ပညာ တစ်ပါးပဲမဟုတ်လား။ ခပ်နွေးနွေးကခုန်နေသော နှလုံးသားနှင့်အတူ ချစ်သူ၏ပါးတစ်ဖက်အား ခပ်ဖွဖွနမ်းလိုက်သည်။ မနက်ရောက်လို့ လာနှိုးသည့် ကုန်းကုန်လေးမှာတော့ ပန်းချီခန်းထဲက ထိုင်ခုံပေါ်မှာ တစ်ယောက်ပေါ်တစ်ယောက် ထပ်ထိုင်ရင်း လုံးလုံးထွေးထွေးနှင့် အိပ်ပျော်နေကြသော ရှင်ဘုရင်နှင့် ဧကရီကြောင့် ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ ဖြစ်နေလျှက်။
.....................................................................................................................................................................................................................
A/N
အဟီး သင်တန်းတွေပြန်ဖွင့်တော့ ဒါ့ပယ်တွေ ထရစ်ပယ်တွေ အပ်လို့တော့မရတော့ဘူး။ အဲ့အစား ဒေးလီးအပ်ပေးပါ့မယ်။ အယ်လဲ့။ လပ်ဗျူး။ မဆူရက်ဘူး ဆိုတော့ ပိုပြီးချစ်ရပါတယ်။ ဒီကအမိုက်အမဲလေးကို ခွေးလွှတ်ပေးကြလို့ ကျေးဇူးပါ။ ရှဲရှဲ။ အိုက်နီ။ အာလာဗျူး။ ဒါနဲ့လေ သိလား။ အစကတော့ စတိုရီလိုင်းက ကိုယ်ရံတော်လွတ်သွားတဲ့ အချိန်ကစပြီး ခါးမဲ့ကိစ္စကိုလေ။ ဘယ်ကဘယ်လို ဖြစ်သွားတယ်မသိဘူး။ သူတို့ဟာ သူတို့ ထိန်းပြီး မချိုချိုအောင် လုပ်သွားတယ်။ ကတောက်စ်။ ဒရမ်မာ ချိုးဖူးချင်လို့ဟာကို။
Zawgyi
“ဟြန႔္”
ထိုလူသည္ ဟြန႔္ခနဲျမည္တမ္းကာ ႀကိဳးကို သူ၏ ဓားရွည္ႏွင့္ တိခနဲျဖတ္လိုက္သည္။ ႀကိဳးေတြေျပေလ်ာ့သြားၿပီးခဏခ်င္းမွာပဲ ေဂါ့က တစ္ဖက္လူလက္ထဲမွ ဓားရွည္ကိုျဖတ္ခနဲဆဲြလုလိုက္ကာ လည္ပင္းကို တစ္ခ်က္တည္းခ်ိန္ျဖတ္လိုက္သည္။ သို႔ေသာ္ သြက္လက္စြာ ေရွာင္တိမ္းလိုက္တာေၾကာင့္ လည္ပင္းေတာ့ျပတ္မသြား။ ေဂါ့က ထပ္ၿပီး တိုက္ခိုက္မလို႔ျပင္ေပမဲ့ ရုန္းရင္းဆန္ခတ္ျဖစ္သြားသၫ့္ အသံမ်ားေၾကာင့္ ရဲမက္ေတြေျပးလာသံကို ၾကားလိုက္ရသည္။ တစ္ေယာက္နဲ႔အမ်ားမို႔ ဆက္မတိုက္ေတာ့ဘဲ လြတ္ေျမာက္ေရးကိုသာေရွးရႈ၍ ဓားကိုခါးၾကားထိုးလ်ွက္ ခပ္သြက္သြက္ထြက္ေျပးေတာ့သည္။
“တပ္မွဴးေလး တပ္မွဴးေလး...........အဆင္ေျပရဲ့လား။ ရဲမက္တို႔ အက်ဥ္းသားကို လိုက္ၾကစမ္း”
တပ္စုေခါင္းေဆာင္ေပးလိုက္ေသာ အမိန႔္ကို ခမ္ က လက္ကာျပ၍တားလိုက္သည္။ ေရွာင္လိုက္တုန္းက ရသြားေသာ ပြန္းပဲ့ရာကို တစ္ခ်က္ဖိပြတ္ကာ ဟိုမိန္းကေလး ထြက္ေျပးသြားသၫ့္ဘက္ကို ၾကၫ့္လိုက္သည္။
“လႊတ္ေပးလိုက္ပါ။ သူ႔ကို အဆိပ္တိုက္ထားလို႔ အသက္ၾကာၾကာမရွင္ႏိုင္ပါဘူး”
တပ္မွဴးေျပာတာလည္း မွန္ေနတာမို႔ တပ္စုေခါင္းေဆာင္က ေခါင္းညိတ္လိုက္ကာ သူ႔လူေတြကို ျပန္စုေစလိုက္သည္။ သက္ျပင္းခပ္ေလးေလးခ်မိေတာ့ တပ္မွဴးက တစ္ခ်က္ငဲ့ၾကၫ့္လာသည္။ ဒီေကာင္မေလးရဲ့ ကိုယ္ခံပညာက အရမ္းေကာင္းေနတာမို႔ အရွင္မင္းႀကီးက ခ်က္ခ်င္းသတ္မပစ္ေသးဘဲ သူ႔ဆီမွာ အမႈထမ္းႏိုင္မထမ္းႏိုင္ ေမးၿပီးမွ လက္မခံရင္သတ္ပစ္ခိုင္းတာ။ တကယ္လို႔သာ ဒီကေလးမက လက္ခံခဲ့ရင္ အခုေလာက္ဆို အဆိပ္ေျဖေဆးတိုက္ၿပီး တပ္မႈးအဆင့္ေလာက္ကို ရေနေလာက္ၿပီ။ ဒါေပမဲ့ ေနာက္ဆံုးေတာ့ ေသလမ္းကိုပဲ ေရြးသြားေတာ့တာပဲ။ ဟုတ္ေတာ့လည္း ဟုတ္တာပဲေလ။ ဘယ္သူက ဒီလိုကို႔ယို႔ကားယားအေျခအေနႀကီးမွာ သူမ်ားတိုင္းျပည္အတြက္ အမႈထမ္းခ်င္ပါ့မလဲ။ အင္း။ သူမ တတ္ထားတဲ့ ကိုယ္ခံပညာေတြကေတာ့ အေတာ္ေလး ႏွေျမာဖို႔ ေကာင္းသားပါပဲ။
တစ္ဖက္မွာလည္း ေဂါ့က နန္းေတာ္ရိွရာဆီ မွန္းသမ္းၿပီး ခရီးဆက္ေနရသည္။ စစ္တပ္ထဲက ေအာင္ျမင္စြာထြက္လာခဲ့ၿပီး ၿမိဳ႔ေတာ္ေဈးထဲေရာက္လာၿပီမို႔ နန္းေတာ္ရိွရာဆီသြားရတာက လြယ္ကူလွသည္။ မနက္ပိုင္းျဖစ္ေနတုန္းမို႔ မဝင္ေသးဘဲ ညအေမွာင္ကို ေစာင့္ေနလိုက္သည္။ အရွင္ ဘယ္လိုေနလဲ သူေသခ်ာၾကၫ့္ရမည္ မဟုတ္လား။ ေနဝင္လာေတာ့ အေမွာင္ရိပ္မွာ ခ်ိန္းေတြ့ေနၾကတဲ့ အေစာင့္တပ္သားနဲ႔ အပ်ိဳေတာ္တစ္ေယာက္ကို ေမ့လဲသြားေအာင္ လုပ္လိုက္ကာ အပ်ိဳေတာ္ေလးရဲ့အဝတ္အစားကို လဲလွယ္၍ နန္းေတာ္ထဲကို ဝင္လာလိုက္သည္။ ညလည္းေမွာင္လာၿပီမို႔ ကင္းလွၫ့္ေနသၫ့္ ရဲမက္ေတြမွတပါး အပ်ိဳေတာ္ေတြေတာင္ အျပင္မွာသိပ္မရိွေတာ့။ လူအလစ္တြင္ ဧကရီေဆာင္ဟု ထင္ရေသာ အေဆာင္ေပၚ ခပ္ဖြဖြေျခလွမ္း၍ တက္လိုက္သည္။ ေခါင္မိုးေပၚေျခခ်မိသည္ႏွင့္ ေအးစက္စက္အထိအေတြ့က လည္ပင္းကို လာေထာက္သည္။
က်စ္.... ဒီေကာင္ေတြ ထင္ထားတာထက္ ပိုၿပီးလ်င္သားပဲ။
ဟိုရြံစရာလူဆီက ဆဲြလုလာသၫ့္ဓားကို ထုတ္ကာ ေနာက္ကလူကို တစ္ျပန္လွၫ့္၍ တိုက္ခိုက္လိုက္သည္။ သာမန္လူဆိုရင္ေတာ့ ကိုယ့္လည္ပင္းကို ဓားေထာက္ခံထားရသၫ့္အခ်ိန္တြင္ မလႈပ္ရွားႏိုင္မွာ ေသခ်ာေပမဲ့ ေဂါ့က သာမန္လူမွမဟုတ္ဘဲ။ အရင္ထဲက ေသရမွာကို မေၾကာက္ေအာင္ ေလ့က်င့္ေပးခံခဲ့ရသလို အခုအခ်ိန္မွာ သူ႔ရဲ့စိတ္အေျခအေနကလည္း ဘာမဆို တံုးတိုက္တိုက္က်ားကိုက္ကိုက္ ဇြတ္တိုးမၫ့္အေျခအေနျဖစ္ေနသည္။
တစ္ဖက္လူကလည္း ေခေတာ့မေခ။ အင္းေလ။ မေခလို႔ ဘုရင့္ကိုယ္ရံေတာ္လုပ္ေနတာေပါ့။ အစကေတာ့ ေဂါ့လည္း အသံမထြက္ေအာင္ ထိန္းၿပီးတိုက္ေနေပမဲ့ စိတ္ထဲကေတာက္ေလာက္ေနသၫ့္ ေဒါသေတြကို ေျဖေလ်ာ့ဖို႔ရာ တစ္ဖက္လူကို အေသအလဲ လိုက္လံတိုက္ခိုက္မိသည္။ သူရဲေကာင္းတစ္ေယာက္က သူ႔စိတ္သူမထိန္းႏိုင္ရင္ အဲ့တိုက္ပဲြကို ရႈံးလိမ့္မယ္ဆိုတဲ့အေၾကာင္း သူ မၾကားဖူးလို႔ေတာ့မဟုတ္။ သို႔ေပမဲ့ အခုအခ်ိန္မွာ အႏိုင္အရႈံးထက္ သူ႔ရင္ထဲက ေဒါသေတြကို ေလ်ွာ့ပစ္ဖို႔က ပိုပိုၿပီးအေရးႀကီးေနခဲ့သည္။
“ခၽြင္...........ထန္”
ဓားႏွစ္လက္၏ ထိခတ္သံက ပိုပိုၿပီးက်ယ္ေလာင္လာသလို ရဲမက္ေတြကလည္း အေဆာင္ေအာက္မွာ ဝိုင္းလာသည္။ ထို႔အျပင္ ဘုရင္ဝတ္ရံုဆင္ထားေသာ လူတစ္ေယာက္က အေဆာင္ထဲကထြက္လာသည္။ သူ၏ လက္ထဲမွာလည္း ေစာင္ေလးႏွင့္ထုတ္ထားေသာ လူတစ္ေယာက္။
သူ႔ မ်က္လံုးေတြ ျပဴးက်ယ္ထိတ္လန႔္သြားသည္။
“အရွင္........အ.......”
အာရံုသည္ အရွင့္ဆီသို႔ ခဏေလးေရာက္လိုက္ခ်ိန္တြင္ တစ္ဖက္လူ၏ ဓားခ်က္သည္ သူ၏ ေက်ာေပၚသို႔ မၫွာမတာ က်ေရာက္လာသည္။ ေက်ာေပၚမွ အတိုင္းအဆမရိွနာက်င္မႈထက္ ေစာင္ထုတ္ေလးထဲမွာ မ်က္လံုးေလးမိွတ္လ်က္သား ၿငိမ္သက္ေနသၫ့္ အရွင့္ကို ၾကၫ့္ရတာ ပိုၿပီးနာက်င္ရသည္။ တစ္ပိုင္းတစ္စ ေပၚေနသၫ့္ အရွင့္လည္ပင္းေလးမွ နီညိုညိုအမွတ္ေတြကို ၾကၫ့္မိေတာ့ မ်က္လံုးေတြပင္ ေဝဝါးသြားရသည္။ အရွင့္ႏႈတ္ခမ္းေလးလည္း ဖူးေယာင္လို႔။ ဒီေခြးမသားေတြ......။
“အ......ဖူး......”
ေဒါသေၾကာင့္လား ဒဏ္ရာေၾကာင့္လား မသိေပမဲ့ ေသြးေတြကို မႈတ္ထုတ္လိုက္မိသည္။ ဒီငယ္သားက ခြင့္လႊတ္ဖို႔ မသင့္ပါဘူးအရွင္။ အရွင့္ကို ကာကြယ္မေပးႏိုင္ခဲ့ဘူး။ မၿပီးဆံုးေသးေသာ နာက်င္မႈေတြ၊ မေျပေပ်ာက္ေသးေသာ ေဒါသေတြနဲ႔ စိတ္မခ်ႏိုင္ေသးေသာ ခံစားခ်က္တို႔ၾကားမွပင္ သူ သတိလစ္သြားသည္။ ျဖစ္ႏိုင္ရင္ သူသတိလစ္သြားသလို ေလာကႀကီးကိုလည္း ခဏရပ္သြားေစခ်င္မိသည္။ အရွင့္ကို ဒီ့ထက္ပိုမဆိုးခင္ ကယ္ထုတ္ခ်င္ေသးသည္မဟုတ္လား။
“အင္.......ဟင္း........”
လက္ထဲက ေစာင္ထုတ္ေလးက လူးလြန႔္လာသည္မို႔ ေနာ္ဂါတစ္ေယာက္ သူ႔ကိုယ္ရံေတာ္ကို ေခါင္းညိတ္ျပကာ အေဆာင္ထဲသို႔ အလြန္သြက္လက္ေသာ ေျခလွမ္းတို႔ျဖင့္ ျပန္ဝင္လာခဲ့သည္။ ေတာ္ေတာ္ေလး ညည္းတြားလိုက္ရသျဖင့္ ပင္ပန္းသြားပံုရေသာ ေကာင္ေလးသည္ အိပ္ေပ်ာ္သြားသည္မွာ အေတာ္ေလးၾကာၿပီ။ သူလည္း ေဘးမွာထိုင္ေနရင္း ေကာင္ေလး၏မ်က္ႏွာကို ၾကၫ့္မဝစြာေငးေနမိသၫ့္အခ်ိန္မွာပင္ တိုက္ခိုက္သံေတြၾကားလိုက္ရတာျဖစ္သည္။ အိပ္ေနသၫ့္ ေကာင္ေလးကို တစ္ေယာက္တည္းထားခဲ့ရမွာလည္း စိတ္မခ်တာေၾကာင့္ ေစာင္ေလးႏွင့္ ပတ္ကာ အျပင္ကို ထြက္ၾကၫ့္မိတာျဖစ္သည္။ က်ူးေက်ာ္သူသည္ အခ်ဳပ္ခန္းမွာ ခ်ဳပ္ထားသၫ့္ ေကာင္ေလး၏ ကိုယ္ရံေတာ္ျဖစ္ေနလိမ့္မယ္လို႔ေတာ့ မထင္လိုက္မိ။ သတ္လိုက္ရမလားဟု အခ်က္ျပကာ ေမးလာေသာ ကိုယ္ရံေတာ္ကို မသတ္ဘဲ ေဆးကုေပးလိုက္ဖို႔သာ အခ်က္ျပအမိန႔္ေပးရင္း ေကာင္ေလးႏိုးမလာခင္ အထဲကို အျမန္ျပန္ဝင္လာခဲ့ရသည္။ ေကာင္ေလးကို ႏိုးႏိုးခ်င္းမွာ ေသြးထြက္သံယိုေတြ မျမင္ေစခ်င္ဘူးမဟုတ္လား။
“ေနာ္.....ဂါ.....”
“အင္း”
အားမရိွသၫ့္ေလသံေဖ်ာ့ေဖ်ာ့ေလးႏွင့္ ျဖည္းျဖည္းေလးေခၚလာေသာ ေကာင္ေလး၏ အသံသည္ ေလေျပေလးျဖတ္တိုက္သြားသလို ႏူးညံ့ညင္သာလွသည္မို႔ သူႃပံုးလိုက္မိသည္။
“ဗိုက္ဆာတယ္”
မ်က္လံုးကို အကုန္အစင္မဖြင့္ေသးဘဲ ဗိုက္ဆာေနသၫ့္ေကာင္ေလးကို သူ႔ရင္ခြင္ထဲကို ေပြ့လိုက္ကာ သူ႔ရင္ဘတ္ကို မွီေစ၍ ထိုင္ခိုင္းလိုက္သည္။
“ကိုယ္ ျပင္ထားတယ္။ ခြံ႔ကၽြေးမယ္ေနာ္”
အညိုေရာင္ေလးသည္ ေခါင္းႏွစ္ခ်က္သာ ညိတ္လာသည္။ မ်က္လံုးကေတာ့ ေကာင္းေကာင္းမပြင့္တတ္ေသး။ ေပ်ာ့ေခြကာ အားမရိွသလို ျဖစ္ေနေသာ ေကာင္ေလးကို အားရိွလာေအာင္ ထိုးသိပ္ကၽြေးပစ္လိုက္သည္။
“ေတာ္ၿပီ မစားေတာ့ပါဘူးဆိုေန ဗိုက္အင့္ေနၿပီ”
အေတာ္မ်ားမ်ားခြံ႔ကၽြေးအၿပီးမွာေတာ့ ဘုရင္အညိုေရာင္ေလးက လက္တစ္ဖက္ႏွင့္ဗိုက္ကိုဖိလ်က္ ေနာက္လက္တစ္ဖက္က ဇြန္းကို ရန္သူသဖြယ္ တြန္းဖယ္ကာ ေျပာလာသည္။
“တစ္ဇြန္းပဲ တစ္ဇြန္းပဲ ကိုယ့္ဧကရီေလး အားရိွလာေအာင္လို႔”
ဘာမွ ထပ္မေျပာေတာ့ဘဲ မ်က္လံုးလွန္ၾကၫ့္လာသၫ့္ ေကာင္ေလးကို သြားၿဖဲျပလိုက္ကာ လက္ထဲကဇြန္းေလးကို ကိုယ့္ပါးစပ္ထဲပဲ ထိုးထၫ့္လိုက္ရသည္။ ေဟာဒီက ဘုရင္ႀကီးသည္ သူ႔အညိုေရာင္ဘုရင္ေလးကို ေၾကာက္ရပါသည္။
“ကဲကဲ ဒါဆို အိပ္ေတာ့”
“ဟာ......ဗိုက္ေအာင့္မွာေပါ့ဗ်။”
ေကာင္ေလးေျပာတာလည္း မွန္တာပဲမို႔ လုပ္စရာတစ္ခုခုကို အေျပးအလႊားစဥ္းစားရျပန္သည္။
“ခုမွ ညပဲရိွေသးတယ္ ကိုယ့္ဘုရင္ေလးရဲ့။ ဘာလုပ္ၾကမလဲ ကိုယ္တို႔”
“ခင္ဗ်ားအိပ္ခ်င္ေနတယ္မဟုတ္လား”
ေကာင္ေလးစကားေၾကာင့္ သူမ်က္ခံုးပင့္လိုက္မိသည္။ ဟုတ္တာေပါ့။ အားသံုးမိသြားတဲ့အျပင္ ေကာင္ေလးအိပ္ေပ်ာ္သြားေတာ့လည္း တစ္ခ်ိန္လံုး ထိုင္ၾကၫ့္ေနမိတာေလ။ ခု အစားနည္းနည္းဝင္သြားေတာ့ သူလည္းအိပ္ခ်င္လာတာေပါ့။ ဒါေပမဲ့ အိပ္လို႔မျဖစ္ေသးဘူးေလ။ အိပ္ရင္ေတာင္ သူ႔ဝက္ေပါက္ေလးကို ဖက္ၿပီးအိပ္မွေပါ့။ တစ္ေယာက္တည္းေတာ့ မအိပ္ခ်င္ေပါင္။ ဒါေၾကာင့္ ေခါင္းသာခါျပလိုက္သည္။ ထားပါေတာ့ သူ႔ဘုရင္အညိုေရာင္ေလး အိပ္မွပဲ အတူဝင္အိပ္ပါေတာ့မယ္ေလ။
“အဲ့ဒါဆို ဘာလုပ္ၾကမလဲ”
“ပန္းခ်ီဆဲြမလား ကိုယ့္ကိုဆဲြေပးေလ”
ေနာ္ဂါ့ကိုၾကၫ့္ရင္း ရွီလာ့မ်က္ႏွာ မဲ့က်သြားသည္။ ဒီက ပံုတူပန္းခ်ီေတာင္ မေျပာနဲ႔ ဟိုျခစ္ဒီျခစ္ေတာင္ အေတာ္ေလး အားထုတ္ရပါတယ္ဆိုမွ။ မ်က္ႏွာပ်က္သြားေစေလာက္သၫ့္ သူ႔အေတြးေတြကို ေနာ္ဂါကလည္း တန္းရိပ္မိသည္။
“ကိုယ္လည္း နည္းနည္းမွ မဆဲြတတ္ဘူး။ စိတ္မပူနဲ႔ ႀကိဳက္သလိုသာဆဲြ။ မတတ္တဲ့လူ အခ်င္းခ်င္းပဲဟာ”
ရယ္ရယ္ေမာေမာ ေျပာလာသၫ့္ ေနာ္ဂါ့ႏွစ္သိမ့္စကားေၾကာင့္ ရွီလာက ႃပံုးလိုက္မိသည္။ သူ႔ခ်စ္သူဟာ သူ႔စိတ္အလံုးစံုကို အစကေနအဆံုးထိ အားလံုးကို သိေနေတာ့တာပဲ။
“ၿပီးတာပဲ။ ဒါေပမဲ့ ခင္ဗ်ားကိုေတာ့ မဆဲြဘူး။ ခင္ဗ်ားနဲ႔တူတူဆဲြမယ္။ ေနာ္ ခင္ဗ်ားက ကၽြန္ေတာ့္ ထိုင္ခံုႀကီး လုပ္ေပါ့”
ႃပံုးၿဖီးၿဖီးေျပာလာသၫ့္ အညိုေရာင္ ဘုရင္ေလးအလိုက် ပန္းခ်ီဆဲြသၫ့္ခံုေပၚမွာ သူအရင္ထိုင္ၿပီးမွ ေကာင္ေလးကို ေပြ့ကာ အေပၚက ထိုင္ေစသည္။ အင္း ဒီလိုမွပဲျဖစ္မွာပါပဲေလ။ မဟုတ္ရင္ ေကာင္ေလး ထိုင္လို႔ရမဲ့ ႏူးႏူးညံ့ညံ့အခင္းမ်ိဳးက တကယ္ပဲ ထိုင္လို႔အဆင္ေျပပါ့မလားဆိုတာ သူသိႏိုင္တာမွမဟုတ္ဘဲ။
“ဘာပံုဆဲြခ်င္လို႔လဲ”
ေနာ္ဂါ၏ ေလေငြ့ေနြးေနြးတို႔သည္ ရွီလာ့လည္ပင္းကိုျဖတ္၍ နားရြက္ထဲသို႔ ႏူးညံ့စြာစီးဝင္သည္။ ရွီလာက ရဲတက္သြားသၫ့္ နားရြက္ေလးကို ပြတ္လိုက္ရင္း
“က်ား က်ားပံုဆဲြမယ္”
“ဆဲြဆဲြ ကိုယ္ၾကၫ့္ေပးမယ္”
ရွီလာလည္း က်ားပံုေလးကို စိတ္ပါလက္ပါဆဲြရင္း ေလာကႀကီးကို ခဏေမ့သြားသည္။ အစင္းေလးေတြပါသၫ့္ ပံုေသးေသးကေလးသည္ ဝက္ဝံလိုလို ေၾကာင္လိုလိုျဖစ္ေနသည္။ က်ားပံုလို႔ ေျပာေတာင္ က်ားလို႔ မသိသာတာမို႔ သူ ႏွာေခါင္းရႈံ႔လိုက္မိသည္။
“ေနာ္ဂါ ကၽြန္ေတာ္ ဆဲြတာ မတူဘူးျဖစ္ေနတယ္”
စိတ္ညစ္ညစ္ႏွင့္ အေနာက္က သူႀကီးကိုလွမ္းတိုင္မိေတာ့ ေျဖသံအျဖစ္ ေဟာက္သံတိုးၫွင္းၫွင္းက ထြက္လာသည္။ သူ ရယ္လိုက္မိကာ အေနာက္သို႔လွၫ့္ၾကၫ့္လိုက္သည္။ မ်က္ႏွာေခ်ာေခ်ာက အနီးကပ္အေနႏွင့္ ပိုလို႔ေတာင္ ေခ်ာေမာေနေသးသည္။ သူ႔ခါးကို တင္းၾကပ္စြာ တြယ္ဆက္ထားသၫ့္ လက္ႏွစ္ဖက္က အိပ္ေပ်ာ္သြားတာေတာင္ ခိုင္ၿမဲစြာ ရိွေနဆဲ။
သူ႔ခ်စ္သူ ႏိုးသြားမည္စိုးတာေၾကာင့္ ၿငိမ္ၿငိမ္ေလးသာ ထိုင္ေနရင္း ရင္ခြင္ထဲမွာပင္ မ်က္လံုးေတြကို မိွတ္လိုက္သည္။ ဘယ္ေလာက္ပဲ မွီရမွီရ မရိုးသြားသၫ့္ ဒီရင္ခြင္ႀကီးသည္ အံ့ဩဖို႔ေတာ့ ေကာင္းလွပါသည္။ အင္းေလ။ အခ်စ္ဆိုတာ ပဥၥလက္ပညာ တစ္ပါးပဲမဟုတ္လား။ ခပ္ေနြးေနြးကခုန္ေနေသာ ႏွလံုးသားႏွင့္အတူ ခ်စ္သူ၏ပါးတစ္ဖက္အား ခပ္ဖြဖြနမ္းလိုက္သည္။ မနက္ေရာက္လို႔ လာႏိႈးသၫ့္ ကုန္းကုန္ေလးမွာေတာ့ ပန္းခ်ီခန္းထဲက ထိုင္ခံုေပၚမွာ တစ္ေယာက္ေပၚတစ္ေယာက္ ထပ္ထိုင္ရင္း လံုးလံုးေထြးေထြးႏွင့္ အိပ္ေပ်ာ္ေနၾကေသာ ရွင္ဘုရင္ႏွင့္ ဧကရီေၾကာင့္ ဘာလုပ္လို႔ လုပ္ရမယ္မွန္းမသိ ျဖစ္ေနလ်ွက္။
.....................................................................................................................................................................................................................
A/N
အဟီး သင္တန္းေတျြပန္ဖြင့္ေတာ့ ဒါ့ပယ္ေတြ ထရစ္ပယ္ေတြ အပ္လို႔ေတာ့မရေတာ့ဘူး။ အဲ့အစား ေဒးလီးအပ္ေပးပါ့မယ္။ အယ္လဲ့။ လပ္ဗ်ူး။ မဆူရက္ဘူး ဆိုေတာ့ ပိုၿပီးခ်စ္ရပါတယ္။ ဒီကအမိုက္အမဲေလးကို ေခြးလႊတ္ေပးၾကလို႔ ေက်းဇူးပါ။ ရွဲရွဲ။ အိုက္နီ။ အာလာဗ်ူး။ ဒါနဲ႔ေလ သိလား။ အစကေတာ့ စတိုရီလိုင္းက ကိုယ္ရံေတာ္လြတ္သြားတဲ့ အခ်ိန္ကစၿပီး ခါးမဲ့ကိစၥကိုေလ။ ဘယ္ကဘယ္လို ျဖစ္သြားတယ္မသိဘူး။ သူတို႔ဟာ သူတို႔ ထိန္းၿပီး မခ်ိဳခ်ိဳေအာင္ လုပ္သြားတယ္။ ကေတာက္စ္။ ဒရမ္မာ ခ်ိဳးဖူးခ်င္လို႔ဟာကို။