Uni
Saint_ကျွန်တော့်အတွက် ခင်ဗျားရဲ့ အချစ်တွေက ဘယ်မှာလဲ။
Perth_ကိုယ်မင်းကိုကြည့်တဲ့ အကြည့်တွေကြားမှာ။
Saint_ကျွန်တော့်အတွက် ခင်ဗျားရဲ့မြတ်နိုးမှုတွေကရော?
Perth_ကိုယ်မင်းကို မတော်တဆလိုလိုနဲ့ ပေးခဲ့တဲ့ ဂရုစိုက်မှုသေးသေးလေးတွေကြားမှာ။
Saint_အာ........ကျွန်တော်နည်းနည်းရှက်သွားပြီ။
Perth_ကိုယ့်အသက်က ဘယ်မှာရှိလဲဆိုတာ သိချင်သေးလား။ (ရှက်သွားသဖြင့် နီရဲသွားသော Saint၏ပါးနုနုတို့ကို ခပ်ဖွဖွထိတို့လျှက်။)
Saint_အွန်း ပြောပြလေဗျာ။
Perth_မင်းရဲ့ချစ်စရာမျက်လုံးလေးတွေ၊ နီရဲရဲနှုတ်ခမ်းလေး၊ ပန်းနုရောင်သွေးနေတဲ့ မင်းရဲ့အသားလေး၊ နောက်ပြီး မင်းရဲ့နှလုံးသားဖြူဖြူလေး.....နို့နံ့သင်းသင်းလေးပါမကျန် မင်းနဲ့ပတ်သတ်သမျှ အရာအားလုံးဟာ ကိုယ့်အသက်ပဲ။
Saint_ကျွန်တော် ခင်ဗျားကို နမ်းလို့ရမလား။ (ပါးလေးရော နားရွက်လေးတွေပါနီလျှက် ချစ်စရာကောင်းစွာ ပြောနေ)
Perth_ သေချာတာပေါ့ ( နှုတ်ခမ်း ထိုးပေးလျှက်)
.....................................................
..................................................................................................................................................................
လွန်ခဲ့သောနှစ်(အဖြစ်အပျက်အားလုံးမစတင်မီက)....နှစ်သစ်ကူးနေ့ရက်များ........။
“Can ဘယ်သွားမလို့လဲ”
သူ့သူငယ်ချင်း၏ အသံကို မသိကျိုးကျွံပြုကာ သေရည်ပုလင်းကိုဆွဲလျှက် တိမ်တွေပေါ်ကိုခုန်ပျံသွားလိုက်သည်။ အတော်လေး နိမ့်လာသောအခါ လူ့ပြည်ဘက်က ဆူဆူညံညံအသံတွေကို ကြားလာရသည်။ မီးတွေကလည်း တထိန်ထိန်။ အင်းလေ။ နယူးရီးယားဆိုလား ဘာလားကိုး။ လူသားတွေကလေ တော်တော်လေးအပေါက်အစသိပ်များတာပဲ။ ပျော်ပွဲရွှင်ပွဲကို မရမကဖန်တီး၊ ပျော်စရာဆိုအကုန်ပျော်၊ အရမ်းပျော်၊ မဟားတရားပျော်။ ဟွန့် ကောင်းလိုက်ကြတာ သူတို့ကျ ချစ်သူလေးလက်ကိုဆွဲပြီး ဟိုသွားဒီသွား ဟိုစားဒီစား။ သူတို့ကို ဖူးစာဖက်ပေးရတဲ့ ဒီနတ်ပိစိလေးတွေကျတော့ တစ်နေ့တစ်နေ့ အဆူခံ၊ အငေါက်ခံ၊ အဟောက်ခံရနဲ့။ လွယ်ကိုမလွယ်ဘူး။ ကျေလည်းမကျေနပ်ဘူးကွ။
ဖူးစာရေးနတ်ဘုရားဆိုတဲ့ မုတ်ဆိတ်ဖြူအဖိုးကြီးဆီက မ,လာသော သေရည်အိုးကို မော့လိုက်သည်။ ထိုင်နေသည့် တိမ်တိုက်ကြီးဘေးက တိမ်တိုက်တစ်ခုကိုဖဲ့ကာ ပါးစပ်ထဲထည့်၍ ကောက်ဝါးသည်။ ဒါက ဘယ်လိုအရသာနေလဲဆိုရင် သကြားမပါတဲ့ အာတာပူစီကို ရေဆွတ်ပြီး စားရသလိုပဲ။ တိမ်တွေကိုစားရတာက ပြဿနာတော့မရှိပေမဲ့ ခပ်မြင့်မြင့်က တိမ်တွေကိုပဲပိုစားဖို့ recommendပေးတယ်။ အနိမ့်ပိုင်းက တိမ်တွေက ဖုန်တွေကပ်နေလို့ မသန့်ဘူးလေ။ အစားအသောက်မှာလည်း အဲ့သလို ကျန်းမာရေးအသိက ရှိရသေးတယ်။
ထားပါ။ သူကလွယ်လွယ်နဲ့ စိတ်ညစ်တတ်တဲ့လူတော့ အဲလေမှားလို့ နတ်တော့မဟုတ်ဘူး။ ဒါပေမဲ့လည်း ဒီနေ့က အတော်လေး ကံဆိုးတဲ့နေ့ဆိုတာတော့ သူပြောနိုင်တယ်။ မနက်ကနေနတ်ဘုရားရဲ့ နေခြည်ဥယျာဥ်ဆီ ခိုးသွားမိတာ နေနတ်ဘုရားနဲ့တော့ တွေ့မလာပေမဲ့ သူ့အစ်ကိုတော် စစ်နတ်ဘုရားနဲ့တိုးလို့ နတ်သားလေးပြေး အချောကြီးပြေး ပြေးလိုက်ရသေးတယ်။ လမ်းမှာခလုပ်တိုက်ပြီးမှောက်လဲကုန်လို့ ချည်ပေးရမဲ့ ကြိုးနီတွေ အောက်ပြုတ်ကျကုန်ပါလေရော။ ဒီတော့ ဖူးစာရေးနတ်ဘုရားဆိုတဲ့ မုတ်ဆိတ်ဖြူအဖိုးကြီးက သူ့ကိုနမော်နမဲ့နိုင်တယ်ဆိုပြီး ဆူပါလေရော။ အဆူခံရတယ်ဆိုတာ ကောင်းတဲ့ဖီလင်ကို မဖြစ်စေဘူးဗျ။ အင်းလေ အဆူခံရမှတော့ ဘယ်ကောင်းမလဲ။
အဘိုးကြီးဆီက သမ,လာခဲ့သော စစ်နတ်ဘုရား၏ဖူးစာကြိုးနီလေးကို ထုတ်ကြည့်လိုက်သည်။ မနက်က အဲ့လူကြီးကြောင့် ငါအဆူခံလိုက်ရတာ။ အရင်းစစ်ရင် အဖျားတုတယ်...အဲလေ အရင်းစစ်ရင် အမြစ်မြေကဆိုတဲ့အတိုင်း စစ်နတ်ဘုရားနဲ့သာ မတွေ့လာရင် ငါပြေးရမှာလည်း မဟုတ်သလို ခလုပ်တိုက်မှာလည်းမဟုတ်ဘူး။ ခလုတ်မတိုက်မှတော့ ဘယ်အဆူခံရတော့မလဲ။ ကြည့်နေစမ်း ခင်ဗျားကြီး။ ဒီနေ့တော့ ခင်ဗျားရဲ့ကြိုးနီကို တစ်ယောက်ယောက်ဆီမှာချည်ပေးပြီး ခင်ဗျားရဲ့ အေးချမ်းနေတဲ့ဘဝကြီးကိုနှောင့်ယှက်ပစ်မယ်။ သူသဘောတကျတွေးလိုက်သည်။ အင်းလေ စစ်နတ်ဘုရားဆိုတဲ့ လူကြီးက ဖူးစာဖက်ဆိုတာမျိုးကို သဘောမကျဖြစ်လေ့ရှိပြီး အချစ်ကိုမလိုလားသည့် လူစား အဲလေနတ်စားမျိုးကိုး။ ဒါကြောင့် သူ့ကိုလက်စားချေဖို့ ဒီနည်းကိုရွေးရတောပေါ့။
နတ်ဘုရားတွေရဲ့ကြိုးနီတွေက အရေးကြီးအဆင့်မှာရှိတယ်။ ဒါကြောင့် အကြီးအကဲတွေကပဲ သိမ်းထားကြတာ။ ဒါပေမဲ့ ဒီနေ့ အဆူခံရပြီးပြန်မလို့အလုပ်မှာ ကြိုးနီတွေကို စစ်ဆေးနေတာနဲ့ သွားကြုံတယ်လေ။ နှစ်သစ်ကူးအထိမ်းအမှတ် ပေါက်ကရချည်ဖို့ တစ်ကြိုးကိုကောက်မ,လာခဲ့တာ။ ဖြစ်ချင်တော့ စစ်နတ်ဘုရားရဲ့ကြိုးနီဖြစ်နေတယ်လေ။ သူသေချာပြောရဲတယ်။ ဒါက စစ်နတ်ဘုရားဆိုတဲ့လူကြီးကို ပြန်လက်စားချေဖို့ ဘိုးဘေးနတ်ဘုရားတွေက သူ့ကိုအခွင့်အရေးပေးလိုက်တာပဲ။ အင်းလေ ရလာတဲ့ အခွင့်အရေးကို လက်လွှတ်စရာလား။
တိမ်တွေပေါ်က ခုန်ဆင်းကာ လူတွေကြားသို့တိုးဝင်လိုက်သည်။ သူ့ကိုမမြင်နိုင်သည့်လူသားတွေကတော့ အသွားအလာမပြတ်။ ပျော်ရွှင်မပြတ်ပင်။ သူလည်း ပွင့်နေသည့် မှန်ပြတင်းပေါက်၏ဘောင်ပေါ်ထိုင်ကာ ခဏနားလိုက်သည်။ လေဟုန်စီးရတာလည်း မပင်ပန်းဘူးများ ထင်နေလား။
“အဲ့....အဲ့....ခစ်ခစ်”
ကလေးပိစိလေးအသံကို ကြားလိုက်ရတာကြောင့် Canနောက်လှည့်ကြည့်လိုက်သည်။ လေးဘက်တွား ကလေးပိစိတစ်ယောက်က သူ့ကိုကြည့်ရင်း တခစ်ခစ်ရယ်နေသည်။ ဒါကအထူးအဆန်းတော့မဟုတ်။ ကလေးပိစိတွေကတော့ စူးရှတဲ့အမြင်ရှိလို့ သူတို့ကိုမြင်ရတယ်လေ။
“ဘာလဲ ငါညစ်နေတယ် လာပြီးရယ်မနေနဲ့”
မျက်နှာထားတည်တည်နဲ့ ပိတ်ဟောက်လိုက်သော်လည်း ဝကစ်ကစ်ပြည့်ဖောင်းဖောင်း ထိုသတ္တဝါလေးသည် ရယ်မောမပျက်ပင် သူ့အနားသို့ ယက်ကန်ယက်ကန်ဖြင့် ရောက်လာသည်။ လက်ဖောင်းဖောင်းအိအိတွေက သူ့ဆီကိုလှမ်းကာ သူ့လက်ထဲမှ တွဲလောင်းကျနေသည့် ကြိုးနီလေးကို လှမ်းဆွဲသည်။
“ဟေ့ရောင် ဒါကစားစရာမဟုတ်ဘူးကွ နတ်ပြည်ရဲ့စစ်နတ်ဘုရားပိုင်တဲ့ဖူးစာကြိုး။ ဖယ် လွှတ်”
အတင်းကုပ်ကတ်ဆွဲထားသည့် လက်ဖောင်းလေးနှစ်ဖက်ကို ဖယ်ချသော်လည်း ထိုသတ္တဝါလေးမှာ လွှတ်မချသည့်အပြင် ကြိုးနီကို ပါးစပ်လေးနဲ့ပါ ကုန်းကိုက်လိုက်သေးသည်။ ပါးဖောင်းဖောင်းကြီးတွေကို အစွမ်းကုန်ပြသကာ ကိုက်ဆွဲနေသော ကလေးပေါက်စကိုကြည့်ရင်း သူသက်ပြင်းချလိုက်သည်။ ဒီဟာလေးက ဘာလို့ဒီလောက်တောင် ကိုက်နေရတာလဲ မသိဘူး။
“ဟျောင့် ဒါမင်းဟာမဟုတ်ဘူး မင်းအသက်ပြည့်မှ ငါကိုယ်တိုင်ကြိုးနီတစ်ခုလာချည်ပေးပါ့မယ်ကွာ လွှတ်ပါတော့ဟဲ့ အမလေး မောလို့ခဏဝင်နားပါတယ် ဘယ်လိုဟာလေးနဲ့တွေ့လဲကိုမသိဘူး”
ကလေးပိစိသည် သူ့စကားကိုနားလည်သည့်အလား လက်နှစ်ဖက်ကို ပိုတင်းကြပ်စွာဆုပ်ကိုင်ကာ ပါးစပ်မှကိုက်ထားတာကိုလည်း ပိုပိုပြီး တိုးလိုက်သည်။ သူ့ဆီကြည့်လာသော မျက်လုံးကြည်လဲ့လဲ့တို့၏ အရိပ်အယောင်တွင် မကျေနပ်ခြင်းတို့အပြည့်။
သူစိတ်သိပ်မရှည်ချင်တော့။ ဝတ်ရုံလက်ကိုမ,တင်ကာ မတ်တပ်ထရပ်လိုက်သည်။
“ဘာလဲဟျောင့် မိုက်ကြည့်ကြည့်တာလား။ one one ချမလား။”
သူ၏ မိုက်ကန်းကန်းပုံကိုကြောက်သွားရှာဟန်တူသည်။ ကလေးသည် လက်နှင့်ပါးစပ်နှစ်ခုလုံးကိုလွှတ်မပေးသေးဘဲ မျက်ရည်တွေ ဝိုင်းခနဲအိခနဲထွက်လာကာ တအီအီငိုနေရှာသည်။ ငင့် သကောင့်သားလေးလုပ်မှ ငါလည်း ကလေးကိုအနိုင်ကျင့်တဲ့ နတ်သားချောလေးဖြစ်ရော့မယ်။
ကြိုးနီကို တပ်မက်စွာ တတိတိကိုက်နေသော ပေါက်စကို တစ်ချက်ကြည့်လိုက်သည်။ လွှတ်ခိုင်းလို့မရမှတော့ မင်းကိုပဲ ချည်လိုက်တော့မယ်။ ငါလည်း လူရှာပြီး အလုပ်ရှုပ်စရာမလိုတော့ဘူး။ ဟားဟား ကောင်းကင်စစ်နတ်ဘုရားက သုံးနှစ်သားလေးနဲ့ ဖူးစာဖက်သာဆို ငါရဲ့လက်စားချေမှူကြီးအဆင်ပြေပြီလို့ ပြောလို့ရမယ်။
“မလွှတ်ချင်ဘူးလား။ လိုချင်လို့လား”
မျက်ရည်ရွှဲနေသည့်မျက်ဝန်းတို့သည် ပြန်လည်တောက်ပလာကာ ခေါင်းတဆတ်ဆတ်ညိတ်ပြလာ၏။
“အိုခေလေ လာ ကိုကိုချည်ပေးမယ်”
သူ့လက်ထဲရှိ ကြိုးတစ်ဖက်စွန်းကို ကောင်လေးလက်ကောက်ဝတ်ဆီချည်လိုက်သည်။ ကြိုးနီလေးသည် ခဏတာလောက် တောက်ပလာကာ ပြန်လည်မှိန်ကျသွားသည်။ ချည်နှောင်မှုက တရားဝင်ခဲ့ပြီ....။
“သွားတော့မယ် ငါ့ကောင်ရီး။ ငါ့ကျေးဇူးကိုမမေ့နဲ့ ကြားလား မင်းကို ကောင်းကင်စစ်နတ်ဘုရားနဲ့တောင် ချိတ်ပေးခဲ့တာနော်။ အဲ့ဘဲကြီးက ကြောက်ဖို့ကောင်းပေမဲ့ အချောကြီးဟ။ ကြားလား။ ငါသွားပြီ”
ကြိုးနီလေးကို ကိုက်လျှက်ကျန်ခဲ့သော ကလေးလေးကိုကြည့်ပြီး ရယ်လိုက်မိသည်။ တိမ်တွေပေါ်ပြန်ခုန်တက်ကာ အိပ်ချင်မူးတူးနှင့် အိပ်လိုက်တော့သည်။ မနက်ရောက်သော် သေရည်တွေသောက်ပြီး ပေါက်ကရတွေလုပ်ခဲ့သော ဖူးစာရေးနတ်မင်းလေးသည် ဘာကိုမျှ မမှတ်မိတော့ပါချေ။ သူက ဘာမှမမှတ်မိတော့လို့ အဆင်ပြေနေသလောက် စစ်နတ်ဘုရားနန်းဆောင်မှာတော့ ဖူးစာဖက်ပေါ်လာပြီဆို၍ ရာသီဥတု မငြိမ်မသက်ဖြစ်သွားသည်။ ဤသည်ပင် နှလုံးသားနှစ်ခု၏ ဆုံမှတ်အစဖြစ်ခဲ့လေသည်။
A/N
အဟဲ သူတို့နှစ်ယောက်ရဲ့ဖူးစာကြိုးနီချည်မိရခြင်းအကြောင်းက Canလေး ပေါက်ကရလုပ်ရင်း ဖြစ်သွားတာပါတဲ့။ အမလေး ပစ်ကိုလည်း ပေါက်ကရချည်ပေးမဲ့ ဖူးစာရေးနတ်မင်းတစ်ယောက်လောက်။ ဒီအပိုင်းကလေ စပါယ်ရှယ်part ရေးပေးတာပါ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေဆိုတာထက် နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားနိုင်ပါစေလို့ပဲ ဆုတောင်းပေးမယ်။ ၂၀၂၁က ပိုကောင်းလာဖို့မလိုပါဘူး အဲ့ဒီနှစ်မှာရှင်သန်မဲ့ ကျွန်တော်တို့တွေသာ ပိုကောင်းအောင် ကြိုးစားဖို့လိုတာပါ။
Zawgyi
Saint_ကၽြန္ေတာ့္အတြက္ ခင္ဗ်ားရဲ့ အခ်စ္ေတြက ဘယ္မွာလဲ။
Perth_ကိုယ္မင္းကိုၾကၫ့္တဲ့ အၾကၫ့္ေတြၾကားမွာ။
Saint_ကၽြန္ေတာ့္အတြက္ ခင္ဗ်ားရဲ့ျမတ္ႏိုးမႈေတြကေရာ?
Perth_ကိုယ္မင္းကို မေတာ္တဆလိုလိုနဲ႔ ေပးခဲ့တဲ့ ဂရုစိုက္မႈေသးေသးေလးေတြၾကားမွာ။
Saint_အာ........ကၽြန္ေတာ္နည္းနည္းရွက္သြားၿပီ။
Perth_ကိုယ့္အသက္က ဘယ္မွာရိွလဲဆိုတာ သိခ်င္ေသးလား။ (ရွက္သြားသျဖင့္ နီရဲသြားေသာ Saint၏ပါးႏုႏုတို႔ကို ခပ္ဖြဖြထိတို႔လ်ွက္။)
Saint_အြန္း ေျပာျပေလဗ်ာ။
Perth_မင္းရဲ့ခ်စ္စရာမ်က္လံုးေလးေတြ၊ နီရဲရဲႏႈတ္ခမ္းေလး၊ ပန္းႏုေရာင္ေသြးေနတဲ့ မင္းရဲ့အသားေလး၊ ေနာက္ၿပီး မင္းရဲ့ႏွလံုးသားျဖဴႁဖူေလး.....ႏို႔နံ႔သင္းသင္းေလးပါမက်န္ မင္းနဲ႔ပတ္သတ္သမ်ွ အရာအားလံုးဟာ ကိုယ့္အသက္ပဲ။
Saint_ကၽြန္ေတာ္ ခင္ဗ်ားကို နမ္းလို႔ရမလား။ (ပါးေလးေရာ နားရြက္ေလးေတြပါနီလ်ွက္ ခ်စ္စရာေကာင္းစြာ ေျပာေန)
Perth_ ေသခ်ာတာေပါ့ ( ႏႈတ္ခမ္း ထိုးေပးလ်ွက္)
.......................................................................................................................................................................................................................
လြန္ခဲ့ေသာႏွစ္(အျဖစ္အပ်က္အားလံုးမစတင္မီက)....ႏွစ္သစ္ကူးေန့ရက္မ်ား........။
“Can ဘယ္သြားမလို႔လဲ”
သူ႔သူငယ္ခ်င္း၏ အသံကို မသိက်ိဳးကၽြံျပဳကာ ေသရည္ပုလင္းကိုဆဲြလ်ွက္ တိမ္ေတြေပၚကိုခုန္ပ်ံသြားလိုက္သည္။ အေတာ္ေလး နိမ့္လာေသာအခါ လူ႔ျပည္ဘက္က ဆူဆူညံညံအသံေတြကို ၾကားလာရသည္။ မီးေတြကလည္း တထိန္ထိန္။ အင္းေလ။ နယူးရီးယားဆိုလား ဘာလားကိုး။ လူသားေတြကေလ ေတာ္ေတာ္ေလးအေပါက္အစသိပ္မ်ားတာပဲ။ ေပ်ာ္ပဲြရႊင္ပဲြကို မရမကဖန္တီး၊ ေပ်ာ္စရာဆိုအကုန္ေပ်ာ္၊ အရမ္းေပ်ာ္၊ မဟားတရားေပ်ာ္။ ဟြန႔္ ေကာင္းလိုက္ၾကတာ သူတို႔က် ခ်စ္သူေလးလက္ကိုဆဲြၿပီး ဟိုသြားဒီသြား ဟိုစားဒီစား။ သူတို႔ကို ဖူးစာဖက္ေပးရတဲ့ ဒီနတ္ပိစိေလးေတြက်ေတာ့ တစ္ေန့တစ္ေန့ အဆူခံ၊ အေငါက္ခံ၊ အေဟာက္ခံရနဲ႔။ လြယ္ကိုမလြယ္ဘူး။ ေက်လည္းမေက်နပ္ဘူးကြ။
ဖူးစာေရးနတ္ဘုရားဆိုတဲ့ မုတ္ဆိတ္ျဖဴအဖိုးႀကီးဆီက မ,လာေသာ ေသရည္အိုးကို ေမာ့လိုက္သည္။ ထိုင္ေနသၫ့္ တိမ္တိုက္ႀကီးေဘးက တိမ္တိုက္တစ္ခုကိုဖဲ့ကာ ပါးစပ္ထဲထၫ့္၍ ေကာက္ဝါးသည္။ ဒါက ဘယ္လိုအရသာေနလဲဆိုရင္ သၾကားမပါတဲ့ အာတာပူစီကို ေရဆြတ္ၿပီး စားရသလိုပဲ။ တိမ္ေတြကိုစားရတာက ျပႆနာေတာ့မရိွေပမဲ့ ခပ္ျမင့္ျမင့္က တိမ္ေတြကိုပဲပိုစားဖို႔ recommendေပးတယ္။ အနိမ့္ပိုင္းက တိမ္ေတြက ဖုန္ေတြကပ္ေနလို႔ မသန႔္ဘူးေလ။ အစားအေသာက္မွာလည္း အဲ့သလို က်န္းမာေရးအသိက ရိွရေသးတယ္။
ထားပါ။ သူကလြယ္လြယ္နဲ႔ စိတ္ညစ္တတ္တဲ့လူေတာ့ အဲေလမွားလို႔ နတ္ေတာ့မဟုတ္ဘူး။ ဒါေပမဲ့လည္း ဒီေန့က အေတာ္ေလး ကံဆိုးတဲ့ေန့ဆိုတာေတာ့ သူေျပာႏိုင္တယ္။ မနက္ကေနနတ္ဘုရားရဲ့ ေနျခည္ဥယ်ာဥ္ဆီ ခိုးသြားမိတာ ေနနတ္ဘုရားနဲ႔ေတာ့ ေတြ့မလာေပမဲ့ သူ႔အစ္ကိုေတာ္ စစ္နတ္ဘုရားနဲ႔တိုးလို႔ နတ္သားေလးေျပး အေခ်ာႀကီးေျပး ေျပးလိုက္ရေသးတယ္။ လမ္းမွာခလုပ္တိုက္ၿပီးေမွာက္လဲလို႔ ခ်ည္ေပးရမဲ့ ႀကိဳးနီေတြ ေအာက္ျပဳတ္က်ကုန္ပါေလေရာ။ ဒီေတာ့ ဖူးစာေရးနတ္ဘုရားဆိုတဲ့ မုတ္ဆိတ္ျဖဴအဖိုးႀကီးက သူ႔ကိုနေမာ္နမဲ့ႏိုင္တယ္ဆိုၿပီး ဆူပါေလေရာ။ အဆူခံရတယ္ဆိုတာ ေကာင္းတဲ့ဖီလင္ကို မျဖစ္ေစဘူးဗ်။ အင္းေလ အဆူခံရမွေတာ့ ဘယ္ေကာင္းမလဲ။
အဘိုးႀကီးဆီက သမ,လာခဲ့ေသာ စစ္နတ္ဘုရား၏ဖူးစာႀကိဳးနီေလးကို ထုတ္ၾကၫ့္လိုက္သည္။ မနက္က အဲ့လူႀကီးေၾကာင့္ ငါအဆူခံလိုက္ရတာ။ အရင္းစစ္ရင္ အဖ်ားတုတယ္...အဲေလ အရင္းစစ္ရင္ အျမစ္ေျမကဆိုတဲ့အတိုင္း စစ္နတ္ဘုရားနဲ႔သာ မေတြ့လာရင္ ငါေျပးရမွာလည္း မဟုတ္သလို ခလုပ္တိုက္မွာလည္းမဟုတ္ဘူး။ ခလုတ္မတိုက္မွေတာ့ ဘယ္အဆူခံရေတာ့မလဲ။ ၾကၫ့္ေနစမ္း ခင္ဗ်ားႀကီး။ ဒီေန့ေတာ့ ခင္ဗ်ားရဲ့ႀကိဳးနီကို တစ္ေယာက္ေယာက္ဆီမွာခ်ည္ေပးၿပီး ခင္ဗ်ားရဲ့ ေအးခ်မ္းေနတဲ့ဘဝႀကီးကိုေနွာင့္ယွက္ပစ္မယ္။ သူသေဘာတက်ေတြးလိုက္သည္။ အင္းေလ စစ္နတ္ဘုရားဆိုတဲ့ လူႀကီးက ဖူးစာဖက္ဆိုတာမ်ိဳးကို သေဘာမက်ျဖစ္ေလ့ရိွၿပီး အခ်စ္ကိုမလိုလားသၫ့္ လူစား အဲေလနတ္စားမ်ိဳးကိုး။ ဒါေၾကာင့္ သူ႔ကိုလက္စားေခ်ဖို႔ ဒီနည္းကိုေရြးရေတာေပါ့။
နတ္ဘုရားေတြရဲ့ႀကိဳးနီေတြက အေရးႀကီးအဆင့္မွာရိွတယ္။ ဒါေၾကာင့္ အႀကီးအကဲေတြကပဲ သိမ္းထားၾကတာ။ ဒါေပမဲ့ ဒီေန့ အဆူခံရၿပီးျပန္မလို႔အလုပ္မွာ ႀကိဳးနီေတြကို စစ္ေဆးေနတာနဲ႔ သြားႄကံုတယ္ေလ။ ႏွစ္သစ္ကူးအထိမ္းအမွတ္ ေပါက္ကရခ်ည္ဖို႔ တစ္ႀကိဳးကိုေကာက္မ,လာခဲ့တာ။ ျဖစ္ခ်င္ေတာ့ စစ္နတ္ဘုရားရဲ့ႀကိဳးနီျဖစ္ေနတယ္ေလ။ သူေသခ်ာေျပာရဲတယ္။ ဒါက စစ္နတ္ဘုရားဆိုတဲ့လူႀကီးကို ျပန္လက္စားေခ်ဖို႔ ဘိုးေဘးနတ္ဘုရားေတြက သူ႔ကိုအခြင့္အေရးေပးလိုက္တာပဲ။ အင္းေလ ရလာတဲ့ အခြင့္အေရးကို လက္လႊတ္စရာလား။
တိမ္ေတြေပၚက ခုန္ဆင္းကာ လူေတြၾကားသို႔တိုးဝင္လိုက္သည္။ သူ႔ကိုမျမင္ႏိုင္သၫ့္လူသားေတြကေတာ့ အသြားအလာမျပတ္။ ေပ်ာ္ရႊင္မျပတ္ပင္။ သူလည္း ပြင့္ေနသၫ့္ မွန္ျပတင္းေပါက္၏ေဘာင္ေပၚထိုင္ကာ ခဏနားလိုက္သည္။ ေလဟုန္စီးရတာလည္း မပင္ပန္းဘူးမ်ား ထင္ေနလား။
“အဲ့....အဲ့....ခစ္ခစ္”
ကေလးပိစိေလးအသံကို ၾကားလိုက္ရတာေၾကာင့္ Canေနာက္လွၫ့္ၾကၫ့္လိုက္သည္။ ေလးဘက္တြား ကေလးပိစိတစ္ေယာက္က သူ႔ကိုၾကၫ့္ရင္း တခစ္ခစ္ရယ္ေနသည္။ ဒါကအထူးအဆန္းေတာ့မဟုတ္။ ကေလးပိစိေတြကေတာ့ စူးရွတဲ့အျမင္ရိွလို႔ သူတို႔ကိုျမင္ရတယ္ေလ။
“ဘာလဲ ငါညစ္ေနတယ္ လာၿပီးရယ္မေနနဲ႔”
မ်က္ႏွာထားတည္တည္နဲ႔ ပိတ္ေဟာက္လိုက္ေသာ္လည္း ဝကစ္ကစ္ျပၫ့္ေဖာင္းေဖာင္း ထိုသတၲဝါေလးသည္ ရယ္ေမာမပ်က္ပင္ သူ႔အနားသို႔ ယက္ကန္ယက္ကန္ျဖင့္ ေရာက္လာသည္။ လက္ေဖာင္းေဖာင္းအိအိေတြက သူ႔ဆီကိုလွမ္းကာ သူ႔လက္ထဲမွ တဲြေလာင္းက်ေနသၫ့္ ႀကိဳးနီေလးကို လွမ္းဆဲြသည္။
“ေဟ့ေရာင္ ဒါကစားစရာမဟုတ္ဘူးကြ နတ္ျပည္ရဲ့စစ္နတ္ဘုရားပိုင္တဲ့ဖူးစာႀကိဳး။ ဖယ္ လႊတ္”
အတင္းကုပ္ကတ္ဆဲြထားသၫ့္ လက္ေဖာင္းေလးႏွစ္ဖက္ကို ဖယ္ခ်ေသာ္လည္း ထိုသတၲဝါေလးမွာ လႊတ္မခ်သၫ့္အျပင္ ႀကိဳးနီကို ပါးစပ္ေလးနဲ႔ပါ ကုန္းကိုက္လိုက္ေသးသည္။ ပါးေဖာင္းေဖာင္းႀကီးေတြကို အစြမ္းကုန္ျပသကာ ကိုက္ဆဲြေနေသာ ကေလးေပါက္စကိုၾကၫ့္ရင္း သူသက္ျပင္းခ်လိုက္သည္။ ဒီဟာေလးက ဘာလို႔ဒီေလာက္ေတာင္ ကိုက္ေနရတာလဲ မသိဘူး။
“ေဟ်ာင့္ ဒါမင္းဟာမဟုတ္ဘူး မင္းအသက္ျပၫ့္မွ ငါကိုယ္တိုင္ႀကိဳးနီတစ္ခုလာခ်ည္ေပးပါ့မယ္ကြာ လႊတ္ပါေတာ့ဟဲ့ အမေလး ေမာလို႔ခဏဝင္နားပါတယ္ ဘယ္လိုဟာေလးနဲ႔ေတြ့လဲကိုမသိဘူး”
ကေလးပိစိသည္ သူ႔စကားကိုနားလည္သၫ့္အလား လက္ႏွစ္ဖက္ကို ပိုတင္းၾကပ္စြာဆုပ္ကိုင္ကာ ပါးစပ္မွကိုက္ထားတာကိုလည္း ပိုပိုၿပီး တိုးလိုက္သည္။ သူ႔ဆီၾကၫ့္လာေသာ မ်က္လံုးၾကည္လဲ့လဲ့တို႔၏ အရိပ္အေယာင္တြင္ မေက်နပ္ျခင္းတို႔အျပၫ့္။
သူစိတ္သိပ္မရွည္ခ်င္ေတာ့။ ဝတ္ရံုလက္ကိုမ,တင္ကာ မတ္တပ္ထရပ္လိုက္သည္။
“ဘာလဲေဟ်ာင့္ မိုက္ၾကၫ့္ၾကၫ့္တာလား။ one one ခ်မလား။”
သူ၏ မိုက္ကန္းကန္းပံုကိုေၾကာက္သြားရွာဟန္တူသည္။ ကေလးသည္ လက္ႏွင့္ပါးစပ္ႏွစ္ခုလံုးကိုလႊတ္မေပးေသးဘဲ မ်က္ရည္ေတြ ဝိုင္းခနဲအိခနဲထြက္လာကာ တအီအီငိုေနရွာသည္။ ငင့္ သေကာင့္သားေလးလုပ္မွ ငါလည္း ကေလးကိုအႏိုင္က်င့္တဲ့ နတ္သားေခ်ာေလးျဖစ္ေရာ့မယ္။
ႀကိဳးနီကို တပ္မက္စြာ တတိတိကိုက္ေနေသာ ေပါက္စကို တစ္ခ်က္ၾကၫ့္လိုက္သည္။ လႊတ္ခိုင္းလို႔မရမွေတာ့ မင္းကိုပဲ ခ်ည္လိုက္ေတာ့မယ္။ ငါလည္း လူရွာၿပီး အလုပ္ရႈပ္စရာမလိုေတာ့ဘူး။ ဟားဟား ေကာင္းကင္စစ္နတ္ဘုရားက သံုးႏွစ္သားေလးနဲ႔ ဖူးစာဖက္သာဆို ငါရဲ့လက္စားေခ်မွဴႀကီးအဆင္ေျပၿပီလို႔ ေျပာလို႔ရမယ္။
“မလႊတ္ခ်င္ဘူးလား။ လိုခ်င္လို႔လား”
မ်က္ရည္ရႊဲေနသၫ့္မ်က္ဝန္းတို႔သည္ ျပန္လည္ေတာက္ပလာကာ ေခါင္းတဆတ္ဆတ္ညိတ္ျပလာ၏။
“အိုေခေလ လာ ကိုကိုခ်ည္ေပးမယ္”
သူ႔လက္ထဲရိွ ႀကိဳးတစ္ဖက္စြန္းကို ေကာင္ေလးလက္ေကာက္ဝတ္ဆီခ်ည္လိုက္သည္။ ႀကိဳးနီေလးသည္ ခဏတာေလာက္ ေတာက္ပလာကာ ျပန္လည္မိွန္က်သြားသည္။ ခ်ည္ေနွာင္မႈက တရားဝင္ခဲ့ၿပီ....။
“သြားေတာ့မယ္ ငါ့ေကာင္ရီး။ ငါ့ေက်းဇူးကိုမေမ့နဲ႔ ၾကားလား မင္းကို ေကာင္းကင္စစ္နတ္ဘုရားနဲ႔ေတာင္ ခ်ိတ္ေပးခဲ့တာေနာ္။ အဲ့ဘဲႀကီးက ေၾကာက္ဖို႔ေကာင္းေပမဲ့ အေခ်ာႀကီးဟ။ ၾကားလား။ ငါသြားၿပီ”
ႀကိဳးနီေလးကို ကိုက္လ်ွက္က်န္ခဲ့ေသာ ကေလးေလးကိုၾကၫ့္ၿပီး ရယ္လိုက္မိသည္။ တိမ္ေတြေပၚျပန္ခုန္တက္ကာ အိပ္ခ်င္မူးတူးႏွင့္ အိပ္လိုက္ေတာ့သည္။ မနက္ေရာက္ေသာ္ ေသရည္ေတြေသာက္ၿပီး ေပါက္ကရေတြလုပ္ခဲ့ေသာ ဖူးစာေရးနတ္မင္းေလးသည္ ဘာကိုမ်ွ မမွတ္မိေတာ့ပါေခ်။ သူက ဘာမွမမွတ္မိေတာ့လို႔ အဆင္ေျပေနသေလာက္ စစ္နတ္ဘုရားနန္းေဆာင္မွာေတာ့ ဖူးစာဖက္ေပၚလာၿပီဆို၍ ရာသီဥတု မၿငိမ္မသက္ျဖစ္သြားသည္။ ဤသည္ပင္ ႏွလံုးသားႏွစ္ခု၏ ဆံုမွတ္အစျဖစ္ခဲ့ေလသည္။
A/N
အဟဲ သူတို႔ႏွစ္ေယာက္ရဲ့ဖူးစာႀကိဳးနီခ်ည္မိရျခင္းအေၾကာင္းက Canေလး ေပါက္ကရလုပ္ရင္း ျဖစ္သြားတာပါတဲ့။ အမေလး ပစ္ကိုလည္း ေပါက္ကရခ်ည္ေပးမဲ့ ဖူးစာေရးနတ္မင္းတစ္ေယာက္ေလာက္။ ဒီအပိုင္းကေလ စပါယ္ရွယ္part ေရးေပးတာပါ။ ႏွစ္သစ္မွာ ေပ်ာ္ရႊင္ပါေစဆိုတာထက္ ႏွစ္သစ္မွာ ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ထားႏိုင္ပါေစလို႔ပဲ ဆုေတာင္းေပးမယ္။ ၂၀၂၁က ပိုေကာင္းလာဖို႔မလိုပါဘူး အဲ့ဒီႏွစ္မွာရွင္သန္မဲ့ ကၽြန္ေတာ္တို႔ေတြသာ ပိုေကာင္းေအာင္ ႀကိဳးစားဖို႔လိုတာပါ။ ခ်စ္တယ္ ျမတ္ႏိုးတယ္ ေက်းဇူးလည္းတင္ပါတယ္💖