𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...
By pickpachacon333
972K 111K 5.5K
Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More
Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!
Part-82
5.7K 763 94
By pickpachacon333
Uni
ရှီလာက သူ့ရှေ့ကလူကို ကြောင်ကြည့်နေမိသည်။ ဆန်ဒိုဘုရင်ဆိုသည့် ထိုသူကတော့ သမားတော်ကို မေးလို့မြန်းလို့မပြီးနိုင်သေး။
“လက်နဲ့နယ်ပြီး ဖိသုတ်ရမှာနော်”
ပြောပြောဆိုဆို ဒဏ်ရာပေါ်ဖိလာသည့် သူ့လက်ကြောင့် ရှီလာ စပ်ဖျင်းဖျင်းခံစားလိုက်ရသည်။
“အ့....နာတယ်ဗျ”
နော်ဂါက ရှီလာ့ကို တစ်ချက်ငေးလိုက်သည်။ ဒီငေးမောမှု၏ အဓိပ္ပါယ်ကို ရှီလာ မဖော်ထုတ်နိုင်။
သို့သော် စပ်ဖျင်းဖျင်းခံစားချက်ကို နောက်တစ်ကြိမ် ထပ်ပြီးခံစားလိုက်ရပြန်သည်။
“အား......ကျစ် နာပါတယ်ဆို ခင်ဗျားအဲ့လောက်တောင် ဖိစရာလိုလို့လား”
“လိုတာပေါ့ ကိုယ့်အညိုရောင်လေးရဲ့။ ဖိမှ ဆေးက အနာထဲရောက်မှာလေ။ မြန်မြန်သက်သာတော့ ကောင်းတာပေါ့”
ဘာကောင်းတာလဲ လို့ ပြန်မမေးလိုက်မိ။ တကယ်ကိုပါပဲ ဆေးစိမ်းစိမ်းနံနံကြီးတွေကို လက်နဲ့ ပယ်ပယ်နယ်နယ်သုတ်ကာ သူ့ဒဏ်ရာတွေပေါ် အတင်းဖိနေသောပါပဲ။ နေပါဦး အငြိုးရှိလို့နှိပ်စက်တယ်ပြောရအောင်လည်း သူကပဲ ကိုယ့်နိုင်ငံကို လာ တိုက်တာလေ။ ကိုယ့်ကိုတောင် ဖမ်းထားလိုက်သေးတာ။ အငြိုးရှိရမှာ ကိုယ်မဟုတ်ဘူးလား။
“အားးးအာ့....ဒါတော့များသွားပြီ တကယ်နာပါတယ်ဆိုနေ။”
ယောကျ်ားပီပီ အော်သံမထွက်ဖို့အံကြိတ်ပြန်တော့လည်း မ‌အော်အော်အောင် ဖိပြန်သည်။ ဒီလူကြီး ဘယ်လိုတွေ ဖြစ်နေတာလဲ။
“ဟာ......ကိုယ့်မိဖုရားလေးကလည်း။ ဖိဖို့လိုပါတယ်ဆိုနေ ဟုတ်တယ်မလား သမားတော်။ လူနာဆိုတာ နာကြောင်း အော်နေရမယ်လေ နို့မို့ လူနာမပီသဘဲနေမှာပေါ့”
ငင့်။ ဘာလောဂျစ်ကြီးလဲ။ အချိန်ပြည့်ပဲ ‌‌‌အော်နေရမည့်ပုံ။ နေပါဦး နေပါဦး မဟုတ်မှ ငါလေးရဲ့အော်သံကိုများ ဒီလူကြီး သာယာနေသလားပဲ။ အား......အမေရေ။ သားတော့ လူ့အခွင့်အရေးချိုးဖောက်ခံရသလို ခံစားနေရပြီ။
“ဟိုလေ မင်းကြီး အမှန်တော့ အဲ့လောက်ကြီးဖိစရာမလိုပါဘူး ဒဏ်ရာထဲဝင်အောင် သာသာလေးဖိပြီး ပွတ်ပေးရင်ရပါပြီ”
ပြောမိလိုက်သော သမားတော်လေးခမျာ နော်ဂါ၏ လျှာမရှည်နဲ့ ဟူသော အကြည့်ကြား ဆွံ့အသွားရသည်။ ထိုအကြည့်တို့သည် ရှီလာဘက်ရောက်သည်နှင့် မျက်နှာဖုံးကောက်တပ်ထားသလားမှတ်ရအောင် ရုပ်ပြောင်းရုပ်လွှဲမြန်စွာဖြင့် ခပ်ပြုံးပြုံးဖြစ်သွားပြန်သည်။ ပြုံးနေမှဖြစ်မယ်လေ။ မယ်တော်ပြောဖူးတယ်။ သူက ပြုံးနေရင် အပင်ပေါ်က ပန်းတွေကိုတောင် ကြွေစေနိုင်လောက်တဲ့ ခန့်ညားမှုမျိုးကို ပိုင်ထားတာတဲ့။ ဒီတော့ အညိုရောင်လေး ကြွေဖို့ သူပြုံးထားမှဖြစ်မယ်လေ။ ကိုယ်ပြုံးနေမယ် အညိုရောင်လေး ကြွေစမ်း ကြွေစမ်း။ ဒီက မင်းရဲ့အရှင်က မင်းရဲ့ ဟိုဂျမ်းစိန်မိဘုရားဆယ်ယောက်ထက် အပုံကြီးသာတယ်။
“နည်းနည်းလေးပဲ ဖိပါ။ သမားတော်ပြောတဲ့အတိုင်း။ ခင်ဗျားက ကျွန်တော့်ကို တမင်နှိပ်စက်နေသလိုပဲ”
လေသံဖျော့ဖျော့နှင့်ပြောလာသော အညိုရောင်လေးကြောင့် သူလက်အားကို ညင်သာလိုက်ရသည်။ တကယ်နှိပ်စက်နေတယ်လို့ ထင်သွားမှဖြင့် ဒုက္ခဖြစ်နေပါဦးမယ်။
“အင်းပါအင်းပါ ကိုယ်ပတ်တီးစီးပေးမယ်နော်”
ပတ်တီးကို ညင်ညင်သာသာလေးစီးပေးလိုက်တော့ သူ့ဘုရင်ငယ်လေးက မျက်လုံးလေးမှိတ်ကာ ဇိမ်ခံနေသည်။ ဆေးက ပူတာမို့ ပတ်တီးနဲ့စီးလိုက်သည့်အခါ တင်းသွားကာ နွေးနွေးလေးခံစားရပြီး ဇိမ်ကျလှသည်။ နာတာတောင် ဘယ်နားရှိလို့ ရှိမှန်းပင် သိမှာမဟုတ်။ ကောင်လေးက ဇိမ်ခံနေတာ အကြောင်းမဟုတ်။ ကြည့်နေရသည့် ဒီလူမှာ ကောင်လေး၏ မျက်နှာထားလေးကို ငေးကာ ပတ်တီးစီးပေးနေသည့် လက်တွေပင် ဟိုချော်ဒီချော်။
“အရှင် ရေ”
သူ တံတွေးခဏခဏမျိုချနေတာကို မြင်သည့်အမှုထမ်းက အလိုက်သိစွာ ရေကမ်းပေးလာသည်။ ထိုရေတွေကိုပင် အညိုရောင်လေး အလားမှတ်ယူကာ တစ်ဝကြီးသောက်ချပစ်လိုက်သည်။ ‌ရေကို ရောယောင်ကာဝါးစားမိပြန်သေးသည်။ အမှန်တော့ ရေကိုဝါးချင်နေတာမဟုတ်ဘူး။ အညိုရောင်လေးကို ဝါးချင်နေတာ။ ဒါပေမဲ့ မဖြစ်သေးပါဘူး။ ချက်ချင်းကြီး လုပ်ယူလိုက်ရင် သူ့ကို သူ့အသည်းလေးက တစ်သက်လုံးမုန်းသွားတော့မှာပေါ့။ ရှင်ဘုရင်တို့ရဲ့ မာနတွေက သိတဲ့အတိုင်းပဲ။ ငါ့ကိုစော်ကားတာ။ ငါ့မာနကို ချိုးတာ။တမင်သက်သက် အနိုင်ကျင့်တာ ဘလာဘလာ စသည်ဖြင့်ပေါ့။ အဲ့လိုတွေ တွေးမိသွားရင် အဆင်မပြေဘူးလေ။
အဲ့ဒါကြောင့် သူအညိုရောင်လေးကို ဖြည်းဖြည်းချင်းပဲ ချည်းကပ်ဦးမယ်။ စိတ်မရှည်ရင်တော့လည်း ထသိမ်းပိုက်ချင် သိမ်းပိုက်မှာပေါ့လေ။ အဲ့ခါကျရင်တော့လည်း မရမကကျေနပ်အောင်ချော့ရုံပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲတယ်ပဲပြောရမလား။ ဆဌမ အာရုံကိုပဲ လွှဲချရမလားမသိဘူး။ အညိုရောင်လေးက သူ့ကို ချစ်တယ်လို့ ခံစားနေမိတယ်။ သူ့ကိုကြည့်တဲ့မျက်လုံးတွေ ပြောတဲ့စကားတွေထဲမှာ အကျဥ်းစံဘုရင်တစ်ယောက် ရှိသင့်တဲ့ ဒေါသတွေကို မမြင်ရဘူး။ အဲ့အစားသူ့ကို စိတ်ကောက်နေသလိုပဲ။ အရင်ထဲက သိကျွမ်းဖူးတဲ့လူတွေလို။ အရင်ထဲက တွဲဖူးတဲ့လက်တွေလို...ထိကိုင်မိသမျှဟာ ပထမဆုံးဆိုပေမဲ့ နှစ်ယောက်လုံးမှာ အနေခက်တာမျိုး မခံစားရသလိုပင်။ ရင်းနှီးကျွမ်းဝင်မှုတွေ ရှိနေကြသည်။
ပြီးရင် အညိုရောင်လေး ဘာစားရတာကြိုက်တယ်ဆိုတာကိုရော ဘာအရောင်ကို သဘောကျတယ်ဆိုတာကိုရော သူ့ခေါင်းထဲမှာ အလိုလိုသိနေသည်။ တစ်ခုပြီးတစ်ခု တန်းစီပြီးထွက်လာတာကြောင့် သူ့ကိုယ်သူ အံ့ဩမိသည်။ နောက်ပြီး... မထူးဆန်းဘူးလား။ ကောင်လေးကို စတွေ့တုန်းက ကောင်လေးက သူ့အဆောင်ဆီ မရိုးမသားချောင်းကြည့်နေတာပေမဲ့ အရမ်းကိုချစ်ပြီး မြတ်နိုးမိသွားတာ။ ခုန်လာတဲ့နှလုံးသားက သူဘဝတလျှောက်လုံးရှာနေတဲ့ ပိုင်ရှင်ကိုတွေ့ပြီဆိုပြီး ပျော်ရွှင်နေတဲ့ ဟန်မျိုး။
“လာ ကိုယ်ပြန်ရုံပေးမယ်”
ဆေးမလိမ်းခင် ခွာချခံထားရသည့် ဝတ်ရုံစတွေအား မနိုင်မနင်း ကောက်နေသည့်ကောင်လေးကို ကူညီပြီး ဝတ်ရုံ ရုံပေးလိုက်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အကုန်လုံးက အညိုရောင်လေးကို သူ့အမိန့်အတိုင်း မော့တောင် မကြည့်ကြ။ တော်သေးတာပေါ့။ သူ့ရတနာလေးရဲ့အလှကို သူများတွေရှာတွေ့သွားမှာအရမ်းစိုးရိမ်တယ်။ ကောင်လေးရဲ့ အကြည့်တစ်ချက်က သူ့လိုလူကိုတောင် ကြွေအောင်လုပ်နိုင်တာ။ မတော်လို့ အမှုထမ်းတွေကပါ သူ့ကောင်လေးကို ချစ်လာမိရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒီအထိက ကိစ္စမရှိပေမဲ့ ကောင်လေးက သူ့လိုဖမ်းချုပ်ထားတတ်တဲ့ ဘုရင်အစား ရိုကျိုးတတ်တဲ့ တစ်ယောက်ယောက်ကို ချစ်သွားရင် ဒါမှမဟုတ် မိန်းမတစ်ယောက်ယောက်ကို သဘောကျသွားရင် ဒီဘုရင်ပဲ ရင်ကွဲရမှာလေ။ အညိုရောင်လေးကို ဘယ်သူ့မှမပေးနိုင်ဘူး။ ဒီကောင်လေးကို သူပိုင်တာ။ နောက်ပြီး  သူ့ကိုလည်း ဒီကောင်လေးပဲ ပိုင်တယ်။
ဆေးတွေပေနေသည့် လက်တွေအား ပဝါလေးနဲ့စိမ်ပြေနပြေသုတ်ကာ အကုန်လုံးကို ထွက်သွားဖို့ အချက်ပြလိုက်သည်။ အညိုရောင်လေးရဲ့ အသားလေးတွေ ဘယ်လောက်တောင် အိစက်နေသလဲ သူသိပြီးသား။ ဓားကိုင်တဲ့လက်ဖဝါးတွေကသာ ကြမ်းရှရှလေးဖြစ်နေတာ ကျန်တဲ့နေရာတွေက နူးညံ့ချက်ပဲ။ ဒါကို သမားတော်ကို ပေးထိခိုင်းရအောင် သူအဲ့လောက်ထိ မရက်ရောနိုင်ဘူးလေ။ အရေးပေါ်ကိစ္စဆိုရင်တော့ ထားပါပေါ့။ ခုက ဆေးလိမ်းပေးတာပဲကို။ သူလုပ်ပေးလို့ရသေးတယ်။ နောက်ပြီး ပြောရရင် ဒီလက်တွေကို သုတ်ပစ်ချင်တာတောင်မဟုတ်ဘူး။ အညိုရောင်လေးက သူ့ကိုညစ်ပတ်တယ်ဆိုပြီး အနားကပ်မခံမှာကြောက်လို့သာရယ်။
“အိပ်ချင်နေပြီလား”
ရှီလာ ခေါင်းညိတ်ပြလိုက်သည်။ အိပ်ထားပြီးသားပေမဲ့ တစ်ဖြဲနှစ်ဖြဲစားသောက်ထားမိတာတွေရယ်၊ ဆေးက အပူရှိန်ရယ်ကြောင့် မျက်လုံးကမှေးလာသည်။ ဒါပေမဲ့ လှဲလိုက်ရင်လည်း ဗိုက်ကနာလာရော။ စားပြီး *စားဝကြီးကိုး။
“ဒါမဲ့ဗိုက်အောင့်တယ်။ ထိုင်ဦးမယ်”
အိပ်ယာပေါ်လှဲပြီးကာမှ ကုန်းရုန်းထလာသည့် ကောင်လေးအနားကို သွားလိုက်မိသည်။
“ဒီလိုလုပ်မလား ကိုယ်လေးကို တစောင်းလေးအိပ်လိုက်လေနော်။ ကိုယ်မင်းကို အိပ်ပျော်သွားအောင် ကူပေးမယ်”
ပြောပြောဆိုဆို သူ့ခေါင်းကိုပေါင်ပေါ်တင်ခံလိုက်ရကာ ဆေးအပူရှိန်အနည်းငယ် ကျန်နေသေးသည့် လက်ဖဝါးနွေးနွေးက သူ့ဗိုက်ပေါ်အချိန်ကိုက်ရောက်ရှိလာသည်။ ငြင်းမလို့ စာစီနေသည့် စကားလုံးတွေသည်နှုတ်ဖျားထက်မှ ပျောက်ရှသွားသည်။ ဇိမ်ကျလိုက်တာ.......။
“အိပ်သာအိပ် ကိုယ်ရှိနေပေးမယ်”
အင်းဆိုသော အသံလေးတောင် သေချာထွက်လိုက်ရဲ့လား ကိုယ်တိုင် မသိတော့ပါ။ ချစ်ရသူ၏ အငွေ့အသက် နွေးနွေးလေးနဲ့အတူ ခန္ဓာကိုယ်လေးသည်လည်း အလွန်ဇိမ်ရှိစွာဖြင့် နူးညံ့အိစက်သည့် အိပ်စက်ခြင်းဆီသို့........။
“လူဂါ ကျွန်တော် ဆေးယူလာတယ်”
အခန်းဝရောက်လာသော ကောင်လေးအား တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ကောင်လေးရဲ့ ခြေထောက်ဒဏ်ရာက ပျောက်တော့ကျတော့လည်း ချက်ချင်းကိုပင်။ ကောင်လေးကိုယ်တိုင်ပြောပြသည့်စကားအရတော့ ကောင်လေးသည် အဆိပ်ပညာရှင် ဟူ၏။ ဓားမကိုင်နိုင်သော်လည်း အဆိပ်မှာအလွန်ကျွမ်းကျင်သော ဆန်ဒို၏ ဒုတိယမင်းသား။
“ဒီတစ်ခါလည်း ဒါကိုပဲခင်ဗျားသောက်ရဦးမှာ မပူပါနဲ့ နောက်နေ့ဆိုရင်တော့ ဒီ့ထက်ခါးတာလေး သောက်လို့ရပါပြီ။ အဲလေ စတာပါ ဒီ့ထက်အခါးပေါ့တာလေးကို ပြောတာ”
“အဲ့မှာပဲ ထားလိုက်ပါ။ ကျွန်တော်သောက်လိုက်ပါ့မယ်”
မင်းသားဆိုတာသိကတည်းက မင်းနဲ့ငါဆိုသည့်အသုံးအနှုန်းအစား မင်းသားနဲ့ကျွန်တော်ဆိုသည့် ဝေါဟာရကို ပြောင်းလဲသုံးစွဲသည့် စစ်သူကြီးဟာ အီရာ့မျက်လုံးထဲမှာတော့ ကလိကလိဖြစ်ဖွယ်ဖြစ်နေသည်။ ဒီလူကြီးဟာလေ။ အဲ့တာပဲ။ သူ့အတွက်နဲ့ ဒီကပြည်တော်မပြန်သေးဘဲ နေပေးနေတာကို ကျေးဇူးမတင်ဘူး။ ပြောလိုက်ရင် စကားလုံးစိမ်းစိမ်းတွေနဲ့....။ အားအားရှိ သူ့ဘုရင်ကိုပဲ တွေးနေတော့တာပဲ။ ကြာရင် လူဂါက သူ့ဘုရင်ကို ကြိတ်ကြိုက်နေတာလို့တောင် သူထင်သွားတော့မယ်။
“အရှင်ရှီလာအတွက် စိတ်မ‌ကောင်းဖြစ်နေတုန်းလား”
“ကျွန်တော်..........”
“ခင်ဗျား ကြိုပြောရင်တောင်......အဲ့ဒီတောင်အနောက်ဘက်ကို သူမသွားရင်တောင် သူက ဒီလိုဖြစ်ဖို့ သတ်မှတ်ခံရပြီးသားဆို ဖြစ်ကိုဖြစ်မှာပဲ။ ခင်ဗျားတို့က ကံကြမ္မာနတ်ဘုရားကို ကိုးကွယ်ကြတယ်မဟုတ်လား။ အင်းလေ အဲ့လိုပါပဲ။ သူလည်း ကံကြမ္မာနတ်ဘုရားရဲ့ စီရင်တာကိုခံလိုက်ရတာပဲလေ။ ခင်ဗျားကြောင့်မဟုတ်သလို ဘယ်သူ့ကြောင့်မှလည်း မဟုတ်ဘူး။ ဒါကို အမြဲပဲ မှိုင်တွေမနေနဲ့။ အရှင်ရှီလာရဲ့ ညီတော်ရှိသေးတယ်မဟုတ်လား။ ခင်ဗျားသူ့ကို အမှုထမ်းပေးရဦးမယ်လေ။ စစ်သူကြီး တာဝန်ကို မကျေတာလား ဒါက”
မကျေနပ်ချက်တွေစုပြုံကာ တရစပ်တရားဟောနေလိုက်သည်။ လက်ကလည်း ဆေးအခါးကြီးကို ဇွန်းနဲ့ခပ်ပြီး တိုက်နေတာမို့ လူဂါခမျာ တစ်ခုခုပြန်ပြောချင်ရင်တောင် ဘာမှပြန်ပြောလို့ရမှာမဟုတ်။ ရုတ်တရက် လက်ကို လာတွန်းတာကြောင့် ဆေးတိုက်တာကို ခဏရပ်ပေးလိုက်သည်။ ဒီအခါးက အရမ်းပြင်းတာမို့ ခံနိုင်ရည်ရှိဖို့ မလွယ်ဘူးဆိုတာ သူသိသည်။
“ကျွန်တော်.....အပြစ်ရှိသလို ခံစားရတယ်။ နှစ်အကြာကြီးခစားလာရတဲ့ အရှင့်ကို ကျွန်တော် မကာကွယ်ပေးနိုင်ခဲ့ဘူး။ အရှင့် စစ်သူကြီးဖြစ်ပြီးတော့”
“ကာကွယ်ရမှာက ကိုယ်ရံတော်ရဲ့တာဝန်မဟုတ်ဘူးလား။ နေပါဦး အရှင်ရှီလာပျောက်သွားကတည်းက သူ့ကိုမမြင်သလိုပဲနော်”
အခုလောက်ဆို ဆန်ဒိုရဲ့တစ်နေရာရာမှာ သူ့သခင်နဲ့အတူ (ဒါမှမဟုတ်လည်း တစ်ကွဲတစ်ပြားဆီဖြစ်ချင်ဖြစ်မှာပေါ့) အပိတ်ခံနေရလောက်ပြီဆိုတာ သိပေမဲ့ မသိချင်ယောင်ပဲဆောင်နေလိုက်သည်။ ဘော်ဟူလာက ဘယ်လောက်ပဲ အင်အားနည်းပါစေ သူတို့ဘုရင်ကိုဖမ်းသွားတာသိရင် လာတိုက်မှာအသေအချာပဲ။ ဒါကိုကြောက်လို့တော့ ဘယ်ဟုတ်မလဲ။ တကယ်ကြောက်တာက အဲ့လိုလာတိုက်ရင် အစ်ကိုတော်နဲ့ သူ့ရဲ့မယားတော်လေး အင်း ပြောရရင် ဘော်ဟူလာ ဘုရင်ဟောင်းလေးပေါ့လေ။ သူတို့နှစ်ယောက်အဆင်မပြေမှာကြောက်လို့။  ဒါကြောင့် လည်လွန်းလှပါသော အစ်ကို‌တော်က ဒါကို အသည်းအသန်လှို့ဝှက်ပေးထားဖို့ အမိန့်ချထားခြင်းဖြစ်သည်။
“ကျွန်တော့်အထင်တော့ သူလည်းမရှိလောက်တော့ဘူး။သူက အရှင့်ကို ငယ်ငယ်ထဲက ကာကွယ်ပေးလာတာ။ အရှင်သေရင် သူလည်း သေမှာပဲ။ အင်း တကယ်တော့ သူသေမှလည်း အရှင့်ကို သတ်လို့ရပါလိမ့်မယ်”
တွေးတွေးဆဆနှင့်ပြောလာသော လူဂါ့ကို အားနာစွာကြည့်လိုက်သည်။ တကယ်တော့ သူတို့ဘုရင်ဟောင်းလေး အန္တရာယ် ကင်းပါတယ်။ အဲလေ သူ့အစ်ကိုတော်က ဝါးစားမှာကိုဖယ်ထားလိုက်ရင်ပေါ့။ ဒါပေမဲ့လည်း ဒီလူက သူ့ဘုရင်သေသွားပြီဆိုပြီး သပ်သပ်မဲ့ ပူဆွေးနေရတာပဲ။ ဟူး....သူတကယ်ပဲ ဒီလူကိုပျော်အောင်လုပ်ပေးချင်တာ။
အဲ့ဒီနေ့က အရှင်ရှီလာ ဓားဆွဲပြီးရောက်လာတော့ ခန္ဓာကိုယ်မှာဆောင်ထားတဲ့ အဆိပ်မှုန့်ကို ပက်မလို့တွေးလိုက်ပေမဲ့ အစ်ကိုတော်ရဲ့ဟာလေးမို့လို့ ဒီတိုင်းပဲ အခုတ်ခံလိုက်မယ်လို့ တွေးလိုက်တာ။ ဒါပေမဲ့ ဘယ်သူသိမှာလဲ။ လူဂါက သူ့အနားကို လာပြီး သူ့အစားဝင်ခံပေးသွားခဲ့တယ်။ ဒီမြင်ကွင်းက သူ့မြင်လွှာတွေမှာ အတော်လေးစွဲသွားတယ်။ ဒါကြောင့် ဆန်ဒိုကိုမပြန်သေးဘဲ လူဂါနေကောင်းသည်အထိ နေသွားဖို့ဆုံးဖြတ်လိုက်တာ။ အစ်ကို‌တော်ကတောင် နောက်သွားသေးတယ်။ ‘နှစ်လမ်းပဲရှိတယ် မင်းဆွဲစားမလား။ မင်းကိုယ်မင်းပန်းကန်ထဲထည့်ပြီး ဆွဲစားခံမလား’တဲ့။
သူ့ရှေ့မှာရှိသည့် အားကိုးချင်စရာဗလကြီးနှင့် လူသန်ကြီးကို တစ်ချက်ကြည့်လိုက်သည်။
‘အင်း ဆွဲစားရမလား အစားပဲခံလိုက်ရမလား’
.......................................................................................................................................................................................................................
A/N
နယူးရီးယားမှာ ပစ်ပစ်ကိုတွေ့ချင်လား အဟီး။ တွေ့ချင်ရင်လေ love to heart pageရဲ့ liveမှာ လာရှာပါ။ မနက်ဖြန် ည၇နာရီခွဲမှာပါ။ ပစ်ပစ်နဲ့လာတွေ့ပါ လပ်ဗျူးအသဲတို့။
*စားပြီးစားဝကြီး ဆိုတာကလေ စားပြီးစဝဆိုတာကိုပြောတာပါ။ သတ်ပုံကဘယ်ဟာမှန်လဲ မသိဘူးရယ်။ နောက်ကျမှ ရှာကြည့်ဦးမယ်။ သိရင်လည်း ပြောကြပါဦး။
Zawgyi
“အ့....နာတယ်ဗျ”
“အရှင် ရေ”
“အိပ်ချင်နေပြီလား”
“ဒါမဲ့ဗိုက်အောင့်တယ်။ ထိုင်ဉီးမယ်”
“ကျွန်တော်..........”
.......................................................................................................................................................................................................................
A/N
Continue Reading
You'll Also Like
83.2K 8.3K 51
Rebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးက...
58.8K 5.4K 15
Uni Betaယောင်ဆောင်ထားတဲ့ Omegaကောင်လေးဟာ ကျောင်းရဲ့ နံပါတ်၂ Alphaကိုမှ ချစ်မိသွားသတဲ့။ Zawgyi Betaယောင်ဆောင်ထားတဲ့ Omegaကောင်လေးဟာ ကျောင်းရဲ့ နံပါတ်...
221K 22K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.1M 87K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.