“ဘာလဲ မကြိုက်ဘူးလား”

ခပ်ရှရှ ခွန့်လေသံကနေ အပြည့်အဝမူးယစ်ခြင်းကို ခံစားနေရသည်။ ခွန်က ဘာလို့မူးနေရတာလဲ။ သရဲလဲအရက်သောက်လို့ရတာလား။ နောက်ပြီး ခွန့်ပုံစံက ဘာလို့စိတ်ညစ်နေတယ်လို့ သူခံစားနေရတာလဲ။

“အား.....မွှေးလိုက်တာ”

ခွန်က သူ့ဆံစတို့ကို ဖွဖွမွှေးကာ ပြောလိုက်သည်။ ခွန့်နှုတ်ဖျားမှာ နူးညံ့သည့်အပြုံးတစ်ခုရှိနေပေမဲ့ ထိုအပြုံးသည် ယခု ခွန့်အသွင်အပြင်နဲ့လားလားမှမဆိုင်ပါပေ။ ခွန့်ကြည့်ရတာ ဆယ်ကျော်သက် လူဆိုးလေးတစ်ယောက်လို သူခံစားနေရသည်။

ခွန်က သူ့နှဖူးလေးကို ဖွဖွနမ်းလိုက်သည်။ ထိုမှတဆင့် နှာခေါင်းကို ဖြတ်ကာ နှုတ်ခမ်းဆီသို့ ဖြေးဖြေးချင်း ဦးတည်သွားသည်။ ခွန့်နှုတ်ခမ်းသည် ရေခဲမုန့်ကိုစားနေရသလိုမျိုး အေးစက်စက်နှင့်အရသာရှိလှသည်။ ခွန်က ကောန် နှုတ်ခမ်းကို တရှိုက်မက်မက် နမ်းရှိုက်နေသည်။ လျှာနှစ်ခုသည် ပွတ်တိုက်သွားကာ သူ့ကိုညည်းသံအနည်းငယ်ထွက်စေသည်။ ခွန်က သူအသက်ရှူရပ်တော့မည်အထိ သူ့ကိုဝါးစားမတတ်ကို နမ်းရှိုက်နေခဲ့သည်။

ပြီးနောက် ခွန့်မျက်လုံးတွေက သူ့လက်ပေါ်ကို ကျရောက်သွားသည်။
“ဒီလက်လေးက”

ခွန်က သူ့လက်ကို ဆုပ်ကိုင်ကာ ဗလုံးဗထွေးပြောရင်း ရယ်နေပြန်သည်။
“ဒီလက်လေးက ကိုယ်မဟုတ်တဲ့လူရဲ့ပါးကို ထိခဲ့တာ”

သူက ကောန်ရဲ့လက်ဖဝါးမှတဆင့် လက်တံတလျှောက်ကို တရှိုက်မတ်မတ်နမ်းသည်။ လက်မောင်းရင်းသို့ရောက်တော့လည်း ကောန်ရဲ့လည်တိုင်‌လေးမှာ အလွတ်ပေးမခံရပဲ ပြင်းပြင်းထန်ထန် အနမ်းခံနေရသည်။

“ခွန် လွှတ်ပါဦး။ ခင်ဗျားဘာတွေလုပ်နေတာလဲ။ ခွန်.........”

ကောန်ရဲ့လေသံလေးက နူးညံ့ပြီးသနားစရာကောင်းလှသည်။ ဒီအသံလေးက ခွန့်ကို ခဏတော့အသိဝင်စေပေမဲ့ မနက်ကမြင်ကွင်းကို ပြန်သတိရလိုက်သည့်အခါမှာတော့ ခွန့်အာရုံတွေက မှောင်မိုက်သွားသည်။ သူဒီကောင်လေးကို လုံးဝလက်မလွှတ်ချင်ပါ။ သူသိတာက သူဒီကောင်လေးကို မြတ်နိုးသလို ဒီကောင်လေးကလဲ သူ့ကိုမြတ်နိုးသင့်တာမဟုတ်လား။ ဒီလိုမဟုတ်ခဲ့ဘူးဆိုရင်တောင် ဒီကောင်လေးတစ်ယောက်ထဲရှိနေတယ်ဆိုရင် သူသည်းခံနိုင်ပါသေးသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Hikayelerin yaşadığı yer. Şimdi keşfedin