"မင်းရဲ့ အားဖြည့် အချောင်းသာ စားပြီး ပါးစပ်ပိတ်နေလိုက်"

ယွင်ချဲ့လည်း ဟေးယွီ၏ ပါးစပ်ထဲသို့ ချော့ကလက် တစ်ချောင်း ထည့်ပေးလိုက်ပြီး သူ့ကိုချီကာ ဟေးယွီအား စိတ်ဝင်တစား ရှိနေသော ကျန်းရှန် ထံသို့ ပစ်ပေးလိုက်သည်။

"ကြိုက်သလိုသာဆော့"

ကျန်းရှန်မှာ အလွန် ထူးဆန်းသူပင်။ ဟေးယွီကို စိတ်ဝင်စားသွားသူက ကျန်းရှန်မှာ ပထမဆုံးပင်။ ပုံမှန်ဆိုလျှင် ယဲ့ရှင်းချန်ကသာ သူ၏စိတ်ဝင်စားမှကို အပြည့်အဝ ရရှိထားသူဖြစ်သော်လည်း ယနေ့တွင် သူ၏အကြည့်များ ဟေးယွီ အပေါ်တွင်သာ စူးစိုက်နေသည်။

"အိုကေ"

ကျန်းရှန်လည်း ဟေးယွီကို ပျော်ရွှင်စွာ ကိုင်ယူလိုက်သည်။ ပြန်ပြောပြီးနောက် ယဲ့ရှင်းချန်က စကားများများ ပြောရန် မှာထားသည်ကို သတိရသွားပြီး ကျေးဇူးတင်ကြောင်း ထပ်ပြောလေသည်။ တစ်ဖက်တွင် ချော့ကလက်ချောင်း ရသွားသော ဟေးယွီလည်း ပါးစပ်ပိတ်သွားပြီး ကျန်းရှန်၏ ပေါင်ပေါ် ထိုက်လျက် သူ၏ရှေ့လက် နှစ်ဖက်ဖြင့် ချော့ကလက်ချောင်းကို ကိုင်ကာ ကိုက်နေစားလေသည်။

ကားပေါ်တွင် ရှိနေသော အခြားသူများကို ယွင်ချဲကြည့်လိုက်ပြီး ...

"ဟဲဟဲ ခေါင်းဆောင်လေ .. ဘာလို့ အဲ့လောက် စိတ်လှုပ်ရှား နေကြတာလဲ ဟေးယွီက အဲ့လောက်ကြောက်ဖို့ မကောင်းပါဘူး ... ကြည့်ပါဦး အခုချစ်စရာ မကောင်းဘူးလား"

'ချစ်စရာ ကောင်းတယ် ?'

ယွင်ချဲ့ကို အံ့သြတကြီးနှင့် ဝိုင်းကြည့်ကြလေသည်။ ဟေးယွီက ချစ်စရာ ကောင်းသည်ဆိုသောစကားအား ယွင်ချဲ့ ပြောလိုက်သည်ကို သူတို့ မယုံကြည်နိုင်ကြပေ။

"မင်းအသိစိတ်ရော ရှိသေးရဲ့လား"

"အာ စောနက သူလုပ်ခဲ့တာတွေကို မေ့လိုက်ကြပါနော်"

ပြောင်စပ်စပ် နိုင်သည့် ယွင်ချဲ့ပင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ အရှက်မဲ့သော သတ္တဝါ၏ သခင်ဖြစ်နေရသည်မှာ အမှန်ပင် မလွယ်ပေ။ ဟေးယွီ ဗိုက်ဝကာ ကျန်းရှန်၏ လက်ပေါ်တွင် အိပ်ပျော် သွားသည်အထိ တိတ်ဆိတ်စွာ နေခဲ့ကြသည်။ ထိုအချိန် ယွင်ချဲ့၏ သူငယ်ချင်းဖြစ်သူ လေတာ့ရှန်က သတ္တိမွေးကာ တွန့်ဆုတ်လျက်ပင် ယွင်ချဲ့ကို မေးမြန်း လိုက်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Opowieści tętniące życiem. Odkryj je teraz