Zawgyi
အိုးရန်ဖျားနေသည်။
ဘာမွမဟုတ္ဘူး ကိုယ်ကောင်းသွားမှာပါ! အဖျားတွေတက်နေရင် အိုးရန်မသဲမကွဲပြောလိုက်တယ်။
Unicode
အိုးရန်ဖျားနေသည်။
ဒီအကြံကတကယ်ကောင်းတယ်ဆိုပေမယ့် ကိုကြီးကဘယ်လို၀င်ရမှာလဲ? မုရုံရယ်ဒါနဲ့ပက်သက်ပြီး တခုမှမသိတာကြောင့် သူ့ညီမကို မျှော်လင့်တကြီးကြည့်လိုက်တယ်။
ဟင်း.. စစ်သားတွေလေ့ကျင့်ပေးတဲ့စခန်းက အရမ်းလုံခြုံရေးတင်းကြပ်တယ်၊ ဒီနှစ်မှာဆို တစ်ယောက်မှစုဆောင်းတာမရှိလို့ မုရုံရယ်ကိုပို့ဖို့ အခက်အခဲရှိတယ်။ သူတို့တစ်ယောက်ယောက်အကူအညီလိုတယ်။
မုရုံရယ်သူ့ရဲ့မကောင်းတဲ့သူငယ်ချင်းတွေရဲ့မိဘတွေနဲ့ သိပေမယ့်သူတို့အားလုံးက ပညာရှိလူကြီးလူကောင်းတွေချည်းပဲဖြစ်တယ်။ [T/N: စစ်တပ်ပိုင်းမပါတာကို ပြောချင်တာပါ]
မုရုံရွှယ်သိထားတဲ့ အသိဉာဏ်အရဆိုရင် ရိရီချန်းတစ်ယောက်သာ စစ်တပ်အာဏာကို ချုပ်ကိုင်ထားတာဖြစ်တယ်။ ဒါပေမယ့် သူတို့တွေက ပြိုင်ဘက်တွေဖြစ်တာကြောင့် မုရုံရယ်သူ့တပ်ထဲ၀င်လို့မဖြစ်ဘူး။ မဟုတ်ရင်နေ့တိုင်း သူသေလောက်အောင် နှိပ်စက်ခံရလိမ့်မယ်။
ရိရီချန်းကလွဲရင်လည်း တစ်ယောက်မှှမရှိဘူး။ မုရုံရယ်စစ်တပ်ထဲ၀င်ဖို့ တကယ္ခက္တာပဲ။
ကြီးမားတဲ့တိုကင်ပိုင်းတစ်ခု မုရုံရွှယ်ရှေ့ကျလာပြီ အိုးရန်ညင်သာစွာ အမိန့်ပေးလိုက်တယ် ဒါကိုယူသြား၊ မြို့တော်ရဲ့မိုင်သုံးဆယ်အကွာက စစ်စခန်းမှာစစ်သူကြီးကျန်းကိုသွားရှာ အဲ့မှာမုရုံရယ်အတွက်နေရာသူစီစဉ်ပေးလိမ့်မယ်
တိုကင်က ဘဲဥပုံစံ ကြေးရောင်လေးဖြစ်တယ်။ အဲ့တာကိုဘာကနေလုပ်လည်းတော့ သူမလည်းမသိဘူး။ တိုကင်ပေါ်မှာ ရှောင်စိတ်ဝိဉာဉ်အိမ်တော်ဆိုပြီး ထွင်းထုထားတယ်။
မုရုံရွှယ် အံအားသင့်သွားတာကို ဘယ်လိုမှမထိန်းနိုင်တော့ဘူး ရှင် စစ်သူကြီးကျန်းနဲ့ ရင်းနှီးတာလား?
အိုးရန္က သူ့ဘ၀တစ်လျှောက်လုံး ခရီးတွေထွက်နေပြီး ဒီမြို့တော်ကို ခုမှသူပြန်ရောက်လာတာ။ သူမြို့တော်ကအရာရှိတစ်ယောက်မှ မမြင်ဖူးဘူးလို့ သူမထင်ထားတာ၊ သူတို့မြို့တော်နဲ့ အေ၀းကြီးမှာရှိနေတဲ့ စစ်သူကြီးကျန်းကို ဘယ္လိုသိသြားတာလဲ?
ကိုယ်တို့ အကြိမ်အနည်းငယ်တွေ့ဖူးတယ် အိုးရန်မပြောင်းမလဲပြန်ပြောလိုက်တယ်။ သူမုရုံရွှယ်ရဲ့လက်အသေးလေးကို ဆွဲယူပြီး တိုကင်ကို သူမလက်ဝါးပေါ်တင်ပေးလိုက်တယ်။
ယုံလိုက်ပါ၊ စစ်သူကြီးကျန်းက မင်းအဖေရဲ့လက်အောက်ငယ်သား၊ အရင်တုန်းက သူကစစ်သူကြီးအငယ်စားလေး မင်းအဖေနဲ့လည်း စကားပြောခဲတယ်၊ မင်းတို့အိမ်တော်ထိန်းတော့ သိလောက်မယ်
တကယ္လား? ကောင်းလိုက်တာ! မုရုံရယ်ပျော်လွန်းလို့ ခုန်ပေါက်ပြီး သူ့ညီမလက်ထဲက တိုကင်ကိုဆွဲကာ အပြင်ပြေးထွက်သွားရင်း အိုးရန်၊ ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်ဦးလေးဟွေ့ကိုရှာပြီး ကျွန်တော်နဲ့အတူစခန်းကို လိုက်ခဲ့ပေးဖို့ပြောလိုက်မယ်၊ အခုတော့ ကျွန်တော့်ညီမနဲ့စကားပျော်ပျော်ကြီးပြောနေပါအုံး
သူမအကိုပျော်ရွှင်ပြီး ပြေးထွက်သွားတာကိုကြည့်ပြီး မုရုံရွှယ်နှလုံးအောင့်သွားတယ်။ မုရုံရယ်ကို စစ်တပ်ပို့မယ်ဆိုတာ သူမအကြံပါ။ အိုးရန်ရဲ့ကြီးကျယ်တဲ့တိုကင်ကြောင့် မုရုံရယ်က သူ့ကိုပဲကျေးဇူးတင်သွားပြီး သူမလည်းအဲ့တာကို ကြိုးစားပေးခဲ့ရတယ်ဆိုတာကို လုံး၀မေ့ပျောက်သွားတယ်။
အိုးရန်၊ အခုလက်ဖက်ရည်လေးနည်းနည်းပါးပါး သောက်ကြရအောင် မုရုံရွှယ် အံကြိတ်ပြောလိုက်တယ်။
သူမရဲ့စူပုတ်နေတဲ့မျက်နှာကိုကြည့်ပြီး အိုးရန်တိတ်တိတ်လေးရယ်လိုက်တယ်။
လော့ရွှယ်ကောအလယ်မှာ အပြာရောင်ရှေးဟောင်းပန်းအိုးတစ်လုံး တင်ထားတဲ့ ခမ်းနားစွာထွင်းထုထားတဲ့ ထမင်းစားပွဲတစ်လုံးရှိတယ်။ အခန်းတစ်ခုလုံးမှာလည်း ခမ်းနားတဲ့ရှေးဟောင်းစာတွေ၊ ပန်းချီကားချပ်တွေနဲ့ အလှဆင်ထားတယ်။ အခန်းထောင့်မှာရှိတဲ့ ရွှေရောင်မီးဖိုလေးကနေ မွှေးရနံ့တွေထွက်နေပြီး ခန်းမတစ်ခုလုံး အေးချမ်းတိတ်ဆိတ်နေတယ်။
ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ၊ ကျွန်တော့်လူတွေကို ရေနွေးနဲ့ လက်ဖက်ရည်ပြင်ဆင်ဖို့ ပြောလိုက်ပါမယ် လက်ဖက်ရည်ဆို ပူပြီးလတ်ဆတ်နေမှ အကောင်းဆုံးဖြစ်တယ်။ လက်ဖက်ခြောက်ကို ဆူအောင်လုပ်တဲ့ ရေကလည်း အရေးပါတယ်။ ကျန်းအိမ်တော်က မက်မွန်ပွင့်တွေက ကျလာတဲ့ရေခဲစက်တွေကို သိုလှောင်ထားတာကြောင့် သူတို့ပွက်ပွက်ဆူလာတဲ့အခါ အရမ်းကောင်းတဲ့မွှေးရနံ့ထွက်လာတယ်။
ကောင်းပါပြီ! အိုးရန်ရဲ့အသံက အနည်းငယ်တုန်သွားတယ်။
မုရုံရွှယ်သိလိုစိတ်နဲ့မော့ကြည့်လိုက်တော့ သူ့မျက်နှာကနီရဲနေကာ နှုတ်ခမ်းတွေဖြူဖျော့ပြီး အကြည့်တွေဗလာဖြစ်နေတာ သတိထားမိသွားတယ်။ အိုးရန် အဆင်ပြေရဲ့လား?
ကိုယ်အဆင်ပြေတယ်! အိုးရန်ခေါင်းရမ်းပြပေမယ့် သူ့ကိုယ်ကတော့ အနည်းငယ်ယိုင်နေတယ်။
သတိထား! မုရုံရွှယ်ရှေ့ကိုပြေးသွားပြီး သူ့ကိုဆွဲထားလိုက်တယ်။ ပူလောင်တဲ့ခံစားချက်က သူ့ရဲ့၀တ်ရုံမှတစ်ဆင့် သူမလက်တစ်လျှောက် စီးဆင်းလာတော့မှ သူအဖျားတက်နေတာကို သိလိုက်ရတယ်။
သွေးနံ့လည်း သူမနှာခေါင်းမှာရလိုက်တာကြောင့် သဲလွန်စရဖို့ မုရုံရွှယ်ဟိုဟိုဒီဒီကြည့်လိုက်တယ်။ လော့ရွှယ်ကောလည်း လိုက်ရှာတယ်၊ ဒီသွေးနံ့ကဘယ်ကရလာတာလဲ?
အိုးရန်ရဲ့၀တ်ရုံစကနေ လတ်လတ်ဆတ်ဆတ်သွေးတစ်စက်ကျလာပြီးနောက် ဆောင်းတွင်းပိုင်းမှာပွင့်တဲ့ ဇီးပန်းတွေလို အရှိန်အဟုန်နဲ့စီးကျလာတော့တယ်။
မုရုံရွှယ် အံ့သြသွားတယ်။ ရှင်ဒဏ်ရာရလာတာလား?
ဘယ်တုန်းကဖြစ်သွားတာလဲ? သူမတောင်မသိရဘူး။
ဘာမွမဟုတ်ဘူး ကိုယ်ကောင်းသွားမှာပါ! အဖျားတွေတက်နေရင် အိုးရန်မသဲမကွဲပြောလိုက်တယ်။
မုရုံရွှယ် မျက်မှောင်ကြုတ်ကာ သူ့၀တ်ရုံကိုမတင်လိုက်တော့ သူ့လက်မောင်းမှာပတ်ထားတဲ့ အဖြူရောင်ပတ်တီးကိုတွေ့လိုက်ရတယ်။ ပတ္တီးက သွေးတွေနဲ့ ရွှဲနေပြီ။ ပတ္တီးကို အမြန်ဖြေလိုက်တော့ ငါးစင်တီမီတာလောက်ကြီးတဲ့ ဒဏ်ရာကြီးသူမမျက်စိရှေ့ရောက်လာတယ်။
သူ့ဒဏ်ရာကြီးက ကြောက်စရာကြီး။ မုရုံရွှယ်အလန့်တကြား ဆူပူလိုက်တယ် ဒါကဘာမွမဟုတ္တာလား? ကျွန်မအတွက်တော့ စိုးရိမ်စရာကောင်းတယ်
ထိုအနက်ရောင်နင်ဂျာတွေက သူတို့ရဲ့ရထားလုံးကို ဖောက်ခွဲဖို့ မြေပြင်မှာ မရေမတွက်နိုင်တဲ့အိတ်တွေမြှုပ်ထားတာ။ သူမကလုံး၀ဘေးကင်းတယ်ဆိုပေမယ့် အိုးရန္ကတော့ သူမကိုပေါက်ကွဲမှုကနေ ကာကွယ်ပေးရတာကြောင့် ဒီလောက်ကံမကောင်းခဲ့ဘူး။
အိုးရန်ရဲ့ဒဏ်ရာက သေချာကုသပြီး ကောင်းကောင်းသန့်ရှင်းပေးထားတယ်။ ဒါပေမယ့် သူကအချိန်မှန်ဆေးပြန်မကုသတာကြောင့် ဒဏ်ရာကိုပိုးစ၀င်ပြီး အဖျားပါ၀င်လာတာဖြစ်တယ်။
သူကသူမကို ရထားလုံးပေါက်ကွဲတာမှာ ကာကွယ်ပေးတယ်၊ သူလျှိုတွေကိုသတ်တာလည်း ကူညီပေးတယ်၊ တိရန်မြက်တွေ သိမ်းပေးတယ်။ သူမအတွက်သူအားလုံးလုပ်ခဲ့ပေမယ့် သူ့ကိုယ်သူကျတော့ ဂရုမစိုက်ဘူး။
မုရုံရွှယ်အပြစ်ရှိသလို ခံစားရပေမယ့် စိတ်ထဲမှာတော့ နွေးထွေးသွားတယ်။ သူမကိုပြုံးပြီး တည်တည်ငြိမ်ငြိမ်ပြောနေတဲ့ အိုးရန်ကိုကြည့်လိုက်တယ် ကိုယ်အဆင်ပြေ
သူတောင်ပြောလို့မပြီးသေးဘူး မုရုံရွှယ်ပုခုံးပေါ် အိုးရန်ပစ်လဲကျသွားတယ်။
မုရုံရွှယ်က သေသေချာချာမတ်တပ်ရပ်နေတာဖြစ်လို့ သူနဲ့လဲကျမသွားပေမယ့် သူ့အလေးချိန်ကြောင့် သူမပုခုံးနာသွားတယ်။ သူအဖျားကြီးနေတယ်၊ သူ့ဒဏ်ရာကလည်း ပိုး၀င်နေပြီး အခုမေ့လဲသွားတာတောင် အဆင်ပြေတယ်လို့ ပြောနိုင်သေးတယ်? ဘာလို့များ ကိုယ့်ကိုယ်ကိုဂရုမစိုက်ရတာလဲ!
ဟုန်ကျင့်ကြံသူနဲ့ အန်ရှန်းတို့က ရေသန့်နဲ့လက်ဖက်ရည်သွားယူတာကြောင့် လော့ရွှယ်ကောထဲမှာ တစ်ယောက်မှမရှိဘူး။ မုရုံရွှယ်လည်း ရွေးခြယ်စရာမရှိတော့ဘဲ သူမဘာသာ အိုးရန္ကို အခန်းထဲခေါ်လာရတယ်။
အိုးရန္ကို အိပ်ယာပေါ်ဂရုတစိုက်တင်ပြီးနောက် မုရုံရွှယ်သူမချွေးတွေသုတ်လိုက်တယ်။ သူကသူမထပ်အရပ်လည်းပိုရှည်တဲ့အပြင် အသက်ပိုကြီးပြီး တော်တော်လေးတာကြောင့် ဒေါသတောင် ထွက်တယ်။
လော့ရွှယ်ကောမှာ ဆေးအိတ်ရှိတာကြောင့် မုရုံရွှယ်ဆေးအချို့နဲ့ ပတ်တီးထုတ်လိုက်တယ်။ အိုးရန်ရဲ့ဒဏ်ရာကို အသာအယာသန့်ရှင်းလိုက်ပြီး သေချာပတ်တီးစီးပေးလိုက်တယ်။
သူမလက်ရာက အရမ်းသပ်ရပ်ပြီး နောက်ဆုံးအဖြူရောင်ပတ်တီးကို ကာဖို့သူ့အကျီလက်ကို ပြန်ဆွဲချပေးလိုက်ပြီးတော့မှ စိတ်သက်သာရာရသွားတယ်။ သူ့ဒဏ်ရာကိုလည်း သန့်ရှင်းလို့ ပြီးသွားပြီ၊ အခုတော့ သူ့အဖျားသက်သာသွားပြီလာကြည့်ရမယ်။
မုရုံရွှယ်ဆေးအိတ်ကိုပြန်ထားပြီး သူမလက်လေးနဲ့အိုးရန်ရဲ့အပူတက်နေတဲ့နှဖူးကို ထိကြည့်ဖို့လုပ်ချိန်မှာ မထင်မှတ်ဘဲ အိုးရန်မျက်လုံးပွင့်လာပြီး သူမလက်ကောက်၀တ်ကိုဆွဲကာ အိပ်ယာထဲဆွဲသွင်းလိုက်တယ်။
မုရုံရွှယ်အိပ်ယာပေါ် အလန့်တကြားလဲကျသွားပြီး သူမနောက်ကျောမှာ နူးညံ့တဲ့စောင်ရှိနေပြီး သူမလက်ကောက်၀တ်လေးက သူ့ရဲ့လက်နဲ့တင်းတင်းကြပ်ကြပ်အချုပ်ခံရကာ သူမမျက်နှာက သူ့ရဲ့ကြွက်သားအပြည့်နဲ့ ရင်ဘတ်ကိုထိနေတာကြောင့် သူမအရေပြားကအပူချိန်မြင့်တက်လာတယ်။ မုရုံရွှယ်ခေါင်းကိုစောင်းပြီး အိုးရန်ရဲ့ညှို့နိုင်စွမ်းအပြည့်နဲ့မျက်လုံးကို တည့်တည့်ကြည့်လိုက်တယ်။
အိုးရန်ရဲ့မျက်နှာက ထုံးစံအတိုင်းမျက်နှာသေကြီးပေမယ့် ခပ်သင်းသင်းရနံ့နဲ့ သူ့ရဲ့ထင်ရှားတဲ့ပုံရိပ်တွေက သူမကိုသူ့ကမ္ဘာထဲ ဆွဲသွင်းနေသလိုပဲ။ သူ့ရဲ့ပူလောင်တဲ့အသက်ရှုသံနဲ့ ယောကျာ်းဆန်တဲ့အငွေ့အသက်တွေက သူမမျက်နှာပေါ်ကဖျတ်သန်းသွားတယ်။ သူ့မျက်နှာက သူမနဲ့အရမ်းနီးနေပြီဆိုတာ မုရုံရွှယ်အသိနောက်ကျသွားပြီး သူ့ရဲ့နူးညံ့တဲ့နှုတ်ခမ်းက သူမပေါ်ရောက်ရှိလာတယ်။
😁😁😁😁