အပိုင်း ၅
Translated by _ Baby_Mariee
လှောင်အိမ်ထဲမှာတော့ ခွေးအသေးလေး တစ်ကောင် ရှိနေပြီး သူ့ရဲ့ အမွေးတွေမှာ အဖြူနှင့် အညိုစပ်ထားသည်ကို သိရှိနိုင်ရန်ပင် ခက်ခဲလှစွာ ဖုန်တွေလူးကာ ကြပ်ခဲ၍ ညစ်ပတ်လို့ နေတယ်။ သူ့ရဲ့ ခေါင်းသေးသေးလေးက အရှေ့က မြေပြင်ပေါ်မှာ ဆန့်ထုတ်ချထားပြီး မျက်လုံးတွေကိုတော့ မှိတ်လို့ထားကာ သူ့ရဲ့ ခန္ဓာကိုယ် အရွယ်အစားက သူ့ဘေးက လှောင်အိမ်ထဲကမှ အကောင်၏ တစ်ဝက်လောက်သာ ရှိတယ်။ နားရွက်နှစ်ဖက်ကလည်း တွဲလောင်းကျနေပြီး ဘယ်လိုပင်ကြည့်ကြည့် ခွေးငပျင်းလေးဆိုတာ သိသာနေလေတယ်။
မုရုံရွှယ်၏ မျက်ဝန်းတွေ လက်ခနဲဖြစ်သွားပြီး သူမရဲ့ အရှေ့က အဲဒီခွေးသေးသေးလေးကိုပဲ ညွှန်ပြလိုက်တယ်။ " အဲဒီအကောင်ပဲ! "
မုရုံရယ့်၏ အစောပိုင်းက အကောင်းဘက်လိုက် တွေးကြည့်နေမှုလေးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ့နှလုံးသားတစ်ခုလုံး အောက်သို့ ဘုတ်ခနဲ ပြုတ်ကျသွားခဲ့သလို ခံစားလိုက်ရတယ်။သူ့ ညီမလေးက ကြင်နာတတ်တဲ့ နှလုံးသားရှိပြီး စာနာသနားတတ်သော မိန်းမကောင်းလေး တစ်ဦးဖြစ်သည် ဆိုပေမယ့်လည်း သူ သိနေခဲ့တယ်။ ........
" တကယ်လို့ မင်း ဒီခွေးကို ရွေးမယ်ဆိုရင် သူက နေမကောင်းဖြစ်ပြီး အားနည်းနေလို့ တိုက်ခိုက်မယ်ဆိုရင် သေဖို့များတယ် .. မင်း ကျိန်းသေရှုံးတော့မှာပဲ .. တခြားတစ်ကောင်ထပ်ရွေးလိုက်ပါလား! "
" ထပ်ရွေးစရာမလိုပါဘူး .. ဒီခွေးလောက်ဆို အဆင်ပြေတယ် " မုရုံရွှယ် နူးညံ့စွာ ပြောလိုက်ပြီး လှောင်အိမ်ကို ဖွင့်လိုက်တယ်။
ခွေးသေးသေးလေးမှာ ဆူညံသံများကြောင့် မျက်လုံးတို့ ဖွင့်လာပြီး မုရုံရွှယ်၏ နွေးထွေးသော အပြုံးတို့ကို လှမ်းကြည့်လာတယ်။ အနက်ရောင်မျက်ဝန်းတွေက တလက်လက်တောက်ပလာပြီး ခြေထောက်တွေကို အားယူ၍ ဖြေးဖြေးလေး ရပ်လိုက်ကာ သာယာညင်းပျောင်းစွာပဲ လှောင်အိမ်ထဲကနေ သတ်ကွင်းရှိရာကို လျှောက်လို့သွားလေတယ်။ ခွေးလေးရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်လေးက လေတစ်ချက်အဝေ့မှာ လွင့်ပါသွားတော့ မယောင် အားနည်းဖျော့တော့လို့နေတယ်။
CZYTASZ
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romanssummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...