102: သမားတော် ရှာဖွေခြင်း

1.7K 192 11
                                    

Zawgyi

"အထိန်းတော်လီ မြို့ထဲမှာ ဘယ်သူက နာမည်ကျော်ကြားပြီး ကျွမ်းကျင်တဲ့ သမားတော်လဲ"
မုရုံရော့ တိုးတိတ္စြာ မေးလိုက်သည်။

အထိန်းတော်လီဆိုသည်မှာ မုရုံရော့ ဒီအိမ္ကို ဝင်လာကတည်းက ပါလာတဲ့သူဖြစ်ပြီး သူမအနေနဲ့ သူမ(အထိန်းတော်လီ) ကို ယုံကြည်ပြီး ကိစ္စတိုင်းကို ပြောပြလေသည်။

မုရုံရော့ ဘာတွေးနေလဲ အထိန်းတော်လီ သိတာကြောင့်
"သခင်မ၊ နန်းတွင်းသမားတော်က သခင်မခနာကိုယ်ကို စစ်ဆေးပြီးပြီလေ ကျန်းမာပြီး ကောင်းမွန်တယ်တဲ့ နောက်ထပ်သမားတော် ရှာဖို့မလိုပါဘူး သခင်မ ကိုယ်ဝန်မဆောင်နိုင်တဲ့အကြောင်းက အချိန်ရောက်မလာသေးလို့ပါ"

မုရုံရော့ နေရာလွတ်တစ်ခုကို စိုက်ကြည့်ရင်း သက်ပြင်းချကာ
"ချင်းယန်က လွန်ခဲ့တဲ့ ဆယ်နှနှစ်တုန်းက မွေးခဲ့တာ အဲ့နောက်ပိုင်း ငါ ကိုယ်ဝန်မဆောင်နိုင်တော့ဘူး ငါသာ ကံကြမ္မာကို စောင့်ဆိုင်းနေရင် ဒီအသက်ဒီအရွယ်မှာ နောက်ထပ် ကိုယ်ဝန်မဆောင်နိုင်တော့မှာ ကြောက်မိတယ်"

မုရုံရော့မှာ အသက်သုံးဆယ်ရှိနေပြီဖြစ်သည်ကို အထိန်းတော်လီတွေးမိသွားသည် သူမသာ ကိုယ်ဝန်ထပ်ဆောင်ချင်ရင် အမြန်လုပ်မှရမယ် မဟုတ်ရင် သူမမွာ အချိန်ရှိတော့မှာ မဟုတ္ဘူး
"ဒါဆို ဘယ်လိုအစီအစဉ်ရှိလဲ သခင်မ"

မုရုံရော့ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမွ မရှိတော့သည်ကို သေချာအောင် တစ်ချက်ဝေ့ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်
"အထိန်းတော်လီ အပြင်ကို တစ်ချက်သွားစုံစမ်းကြည့် ငါ့ကို ကိုယ်ဝန်ဆောင်နိုင်တဲ့ နည်း ဒါမှမဟုတ် ဆေး ရှိမလားလို့"

သူမနဲ့ ထျန်းဝမ်မှာ ငယ်တော့တဲ့အသက်အရွယ်မဟုတ်ပေ။ သူမရဲ့ ဂုဏ်သတင်းအပြင် ဝူအန်းအိမ်တော်အတွက် သူမ သားတစ်ယောက် ရအောင် မွေးရမည် အကယ်၍ အပြင်မှာ လျို့ဝှက်နည်း လျို့ဝှက်ဆေးတွေ ရှိရင် သူမရအောင် ယူရလိမ့်မည်

"ကိုယ်ဝန်ဆောင်စေတဲ့ လျို့ဝှက်ဆေး?"
အထိန်းတော်လီ မျက်နှာ မည်းမှောင်သွားကာ
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ ဆေးခန်းတစ်ခုနား ဖြတ်သွားတော့ အထဲက လူတွေ သားရစေတဲ့လျို့ဝှက်ချက်ကို ပြောနေတာ ကြားခဲ့ရတယ်"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now