56

7K 800 16
                                    

၅၆။အန္တရာယ်​များတဲ့ ယုရှန်းသို့ခရီးဆက်

လွန်​ခဲ့တဲ့နှစ်​​တွေမှာ ဝန်​ကြီးချုပ်​အိမ်​​တော်​နဲ့ ကျန်းအိမ်​​တော်​က ရင်းနှီးတဲ့ဆက်​ဆံ​ရေးရှိကြတယ်​။ သို့​​ပေမယ့်​ မုရုံယွဲ့​သေဆုံးပြီး ကျန်းအာ(Jian er)ကိုလွှဲ​ပြောင်းကာ ဟွာအိမ်​​တော်​ရဲ့အကြီးနှစ်​​ယောက်​ဆုံးပါးပြီး​နောက်​မှာ သူတို့ကတခြားအိမ်​​တော်​​တွေနဲ့ ဆက်​ဆံ​ရေးနည်းပါးသည်​ထက်​ နည်းပါးလာပြီး ပွဲ​တော်​အခါသမယ​တွေမှာသာ ​လေးစား​ဖော်​​ရွေမှုကိုပြတဲ့အ​နေနဲ့ လက်​​ဆောင်​လဲလှယ်​တာ​တွေပဲရှိ​တော့တယ်​။

ပြီးခဲ့တဲ့ဆယ်​နှစ်​တည်းက မုရုံရွှယ်​ကိုသူတို့နဲ့မရင်းနှီး​စေချင်​တာ​ကြောင့်​ စား​သောက်​ပွဲစီစဉ်​တယ်​ဆိုတာ ​တော်​​တော်​ရှားတယ်​။ သူမစိတ်​ပျက်​စွာနဲ့ ဒီတစ်​​ခေါက်​​တော့သူတို့​တွေက မုရုံရွှယ်​ကိုကျန်းအိမ်​​တော်​မှာ ညစာစားပွဲစီစဉ်​ဖို့ စပြီးအကြံပြုကြတာ၊ ဝန်​ကြီးချုပ်​အိမ်​​တော်​နဲ့ အမတ်​ကြီးအိမ်​​တော်​ရဲ့ဖိတ်​စာကတ်​​တောင်​ပို့ပြီး သူမကိုဖိတ်​လိုက်​​သေးတယ်​။

သူတို့ရင်းနှီးမှုပြန်​ရ​အောင်​ ကြိုးစား​နေကြတာများလား?

ဝန်​ကြီးချုပ်​အိမ်​​တော်​မိသားစုနဲ့ အမတ်​ကြီးအိမ်​​တော်​မိသားစု​တွေက ချင်းယန်​ရဲ့အင်​အားအရင်းအမြစ်​မှတ်​တိုင်​ကြီးဖြစ်​တယ်​။ သူမနဲ့သူတို့ရဲ့ဆက်​ဆံ​ရေးကို ပြန်​အဖတ်​ဆယ်​နိုင်​ဖို့ မှန်​ကန်​တဲ့အကွက်​​ရွေ့ခဲ့​တယ်​ ဒါ​ပေမယ့်​ အခုကအချိန်​​ကောင်းမဟုတ်​ဘူး....

"သခင်​မ​လေးမုရုံ၊ မင်းရဲ့အစ်​ကိုက ​နောက်​ပိုင်းဘာလုပ်​ဖို့အစီအစဉ်​ရှိလဲ?" ရိတျန်းချီရဲ့အသံက ​နောက်​က​နေထပ်​ထွက်​လာ​တာ​ကြောင့်​ တုသခင်​မကြီးနားစွင့်​​နေလိုက်​တယ်​။

"ဒါက... ကျွန်​မကိုယ်​တိုင်​လည်း ​​သေချာမသိ​သေးပါဘူး..." မုရုံရွှယ်​ မ​ရေမရာ​ပြောလိုက်​တယ်​။ မုရုံရယ်​က စာ​ပေနဲ့ကိုယ်​ခံပညာကို​တောင်​ သ​ဘောမကျတာ..တခြားအရာ​တွေဆို​ပြောမ​နေနဲ့​တော့။ အစိုးရဆီမှာ စစ်သူကြီးဖြစ်​သွားရင်​​တောင်​ ​သေချာ​ပေါက်​ အားလုံးကိုရှုပ်​​ထွေး​အောင်​လုပ်​လိမ့်​မယ်​။ အိမ်​​တော်​မှာပဲ​နေပြီး ဟွာသခင်​ကြီးအ​နေနဲ့ပဲ တစ်​သက်​လုံးအရိုးထုတ်​သွားတာပို​ကောင်းမယ်​။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now