54

6.2K 771 3
                                    

၅၄။ သူမရဲ့အကျိုး​ဆောင်​မှုအတွက်​ ဆုလာဘ်

"သခင်​မ​လေးမုရုံ.. ဒီစိတ်ကူး​သိပ်​​ကောင်းတာပဲ" ​ဘေးအန္တရာယ်​အတွက်​​ဖြေရှင်းချက်​ကို ကြားပြီး ရိတျန်းချီ​ပြောလိုက်​တယ်​။

"ချီးမွမ်း​ပေးတာ ​ကျေးဇူးတင်​ပါတယ်​ မင်းသား​လေး" မုရုံရွှယ်​ ချိုသာတဲ့အပြုံး​လေးနဲ့​ပြောလိုက်​တယ်​။

ရှုနျန်​ရှန်း ​ခေါင်းကိုငုံ့ချထားတယ်​။ ဝတ်​ရုံ​အောက်​မှာ လက်​သီးကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ပြီး ​ဒေါသထွက်​​နေရတယ်​။ ဒီကိစ္စကို သူမကိုယ်​တိုင်​​တောင်​ မယုံနိုင်​ဖြစ်​​နေ​ပေမယ့်​ မုရုံရွှယ်​ကထူးခြားတဲ့အကြံဥာဏ်​ကို တင်​ပြနိုင်​ခဲ့တာ​တော့ မငြင်းဆန်​နိုင်​ဘူး။ မုရုံရွှယ်​ရဲ့စိတ်​ကူးက ပြဿနာကိုအရင်းက​နေ ​ဖြေရှင်းနိုင်​​လောက်​ပြီး သူမအကြံထက်​ပိုမို ရင့်​ကျက်​ပြီး​သေချာ​ပေါက်​ အကျိုးသက်​​ရောက်​မှုလည်းပိုရှိတယ်​။

"ကျွန်​​တော်​အခုချက်​ချင်း နန်း​တော်​ကိုပြန်​ပြီး သခင်​မ​လေးမုရုံရဲ့အကြံ​ပေးချက်​ကို ခမည်း​တော်​ဧကရာဇ်​ဆီ သွား​လျှောက်​လိုက်​ပါ့မယ်​... မင်းရဲ့အကျိုး​ဆောင်​မှုအတွက်​ ကျိန်း​သေဆုလာဘ်​​တွေ ချီးမြှင့်​မှာပါ!" ရိတျန်းချီ မုရုံရွှယ်​ကိုတ​လေးတစားကြည့်​ပြီး အလျင်​အမြန်​ထွက်​ခွာသွားတယ်​။

ရှုနျန်​ရှန်း ရိတျန်းချီကိုယ်​​ပေါ်က လုံယန်​ရနံ့ကိုရမှ သူမအ​တွေးထဲကရုန်းထွက်​နိုင်​ခဲ့တယ်​။ သူမ​ခေါင်းကို​မော့ပြီး "သိပ်​​ကောင်းတဲ့စိတ်​ကူးပဲ... ဒါတကယ်​ပဲရှင့်​စိတ်​ကူးဟုတ်​ရဲ့လား သခင်​မ​လေးမုရုံ?"

"ဒါမှမဟုတ်​ရင်​ ဘာရှိ​သေးလို့လဲ? သခင်​မ​လေးရှု" မုရုံရွှယ်​ နှုတ်​ခမ်းအစွန်းနား​လေးမြင့်​တက်​သွားတယ်​။

"ဒီလိုစိတ်​ကူးကို ဘယ်​လိုရလာတာလဲ?" ရှုနျန်​ရှန်း မုရုံရွှယ်​​အ​ပေါ်အာရုံစူးစိုက်​ထားပြီး သူမလှုပ်​ရှားမှုတိုင်းကို အကဲခတ်​​နေတယ်​။

"ကျွန်​မငယ်ငယ်​တုန်းက ဥယာဉ်​မှုးတစ်​​ယောက်​က ပန်းရုံ​ဘေးနားကကန်​​လေးထဲကို​ လျှံ​နေတဲ့​ရေ​တွေစီး​အောင်​ ​မြောင်းအ​သေး​လေးတူးတာမြင်​ဖူးတယ်​... အဲ့က​နေဒီစိတ်​ကူးရလာတာပဲ" မုရုံရွှယ်​သူမအ​ကြောင်းပြချက်​ကို ရှင်းရှင်း​လေးပဲ​ပြောလိုက်​တယ်​။ ဒါက ၂၁ရာစုမှာ ​ရေကြီးတာအတွက်​​ဖြေရှင်း​ပေးနိုင်​ပြီး ​ရှေး​ခေတ်​မှာလည်း ​သေချာ​ပေါက်​အသုံးဝင်​​နေတုန်းပဲ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now