zawgyi
"အင်း.."
အိုးရန်ရှောင်ချန် ခေါင်းညိတ်လိုက်သည်။ သူ့အင်္ကျီလက်အတွင်းမှ လက်ချောင်းတို့ကို အသာပုတ်လိုက်တဲ့အခါ အတွင်းအားတစ်ခုက ထွက်လာပြီး မုရုံရွှယ် ခါးကို ထိမှန်သွားသည်။ မုရုံရွှယ်လက်တို့ ပြေလျော့သွားပြီး လှည်းလိုက်ကာစက ညင်သာစွာ ကျသွားပြီး သူမကို မြင်ကွင်းမှ ကွယ်လိုက်လေသည်။
(သဝန်တိုချက်)အိုးရန်ရှောင်ချန်ရဲ့ တည်ငြိမ်လှတဲ့ မျက်လုံးတို့ကို ကြည့်ပြီး တုန့်ဖန်းလီ မျက်လုံးတို့ အံ့သြမှုတို့ လင်းလက်သွားသည်။
"ဘယ်အိမ်တော်ရဲ့ သမီးပျိုက မင်းသားအိုးရန်ရဲ့ အာရုံစိုက်မှုကို ရသြားလဲဆိုတာ သိချင်မိတယ်"တုန့်ဖန်းလီက အိုးရန်ရှောင်ချန်ကို ရှီလျန်မှာ တွေ့ဆုံခဲ့ရပြီး ခင်မင်သိကျွမ်းခဲ့ရသည်။ သူတွေ့ရသလောက် အိုးရန္က ဘယ်မိန်းမကိုမှ အကပ်မခံခဲ့ပေ။ အခု မိန်းမတစ်ယောက်ကို သဝန်တိုနေတာ မြင်ရတာ သူ့အတွက် အံ့သြစရာပင်။
"သူမက သူငယ်ချင်းတစ်ယောက်အိမ်တော်က ညီမလေးတစ်ယောက်ပါ"
အိုးရန်ရှောင်ချန် အသာအယာပြောလိုက်သည်။တုန့်ဖန်းလီ မျက်ခုံးတို့ မြင့်တက်သွားကာ သူတို့က ဂုဏ်ပုဒ်ညီတဲ့ မိသားစုနှစ်စုက ငယ်ချစ်ဦးတွေ ဖြစ်မယ် အဲ့ဒါဆို သူတို့နှစ်ယောက်က ပျော်ရွှင်စွာ ဇာတ်သိမ်းကြမှာ သေချာသည်ဆိုတာ မှန်းဆမိပြီး
"ဂုဏ်ပြုပါတယ် မင်းသားအိုးရန်"အိုးရန်ရှောင်ချန် အသာအယာပြုံးလိုက်ပြီး
"မင်းသားခုနစ် ယဉ်ကျေးလွန်းနေပါပြီ"မီးတောက်ပဒုမ္မာနံ့ကို သယ်ဆောင်လာတဲ့ လေပြေက ဝေ့ယမ်း တိုက်ခတ်သွားတာကြောင့် တုန့်ဖန်းလီ မျက်မှောင်ကြုတ်ကာ ထိုအနံ့ကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။ တချို့အချက်တွေကြောင့် သူ ထိုအနံ့ကို ရဖူးသည်။ အနံ့နောက်လိုက်ကြည့်လိုက်တော့ လှည်းအတွင်းက လိပ်ပြာလေးတွေ ကခုန်နေဟန် ထိုးထားတဲ့ အပြာရောင်စကတ်ကို တွေ့လိုက်ရသည်။ တုန့်ဖန်းလီ ထက်ရှတဲ့ မ်က္လုံးမ်ားကို ကျဉ်းမြောင်း လိုက်ပြီး လှည်းဆီကို ခြေလှမ်းကျဲနဲ့ လျှောက်သွားလိုက်သည်။
ESTÁS LEYENDO
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...