26

9.1K 1K 9
                                    

၂၆။စိတ်​တို​အောင်​ ဆွ​ပေး

ရိရီချန်းရဲ့မျက်​နှာက ညို​မှောင်​​နေတယ်​။ တစ်​ချိန်​တည်းမှာပဲ မုရုံရွယ်​က ဒီလုပ်​ကြံသူ​တွေဟာသူပို့လိုက်​တယ်​ဆိုတာကို သိ​နေတယ်​။ သူမကဒီအ​သေခံလူသား​ဆီက အသုံးဝင်​မယ့်​သတင်း​မရနိုင်​ဘူးဆိုမှ​တော့ ရိရီချန်း​ရှေ့မှာပဲလုပ်​ကြံသူကို သတ်​ပစ်​လိုက်​တယ်​။ ဘယ်​လို​တောင်​ဆွဲ​ဆောင်​မှုရှိပြီး ရှင်းလင်းလိုက်​တဲ့လှုပ်​ရှားမှုကို သူမလုပ်​လိုက်​တာလဲ!

ရိရီချန်းက နှစ်​​ပေါင်းများစွာ စစ်​သည်​​တွေကိုဦး​ဆောင်​ပြီး တိုက်​ပွဲ​တွေဝင်​ခဲ့တယ်​။ ဒါ​ပေမယ့်​ ဒါကပထမဆုံးအကြိမ်​ သူ့ကိုရန်​စရဲတဲ့သူကို​တွေ့ရတာပဲ။ သူမက တစ်​ကယ်​ကိုရန်​စတတ်​ပြီး ​သေ​လောက်​​အောင်​မုန်းဖို့​ကောင်းတယ်​!

"အစ်​ကိုကြီး.. သွားကြစို့!"မုရုံရွယ်​ သူမရဲ့​သွေးစွန်း​နေတဲ့ဆံထိုးထိပ်​​လေးကို လက်​ကိုင်​ပဝါနဲ့သုတ်​ပြီး ဖြည်းဖြည်းချင်းလှည့်​လိုက်​တယ်​။

"ဒါ​ပေမယ့်​...."

"မင်းသားကျင်းက အလုပ်​ရှုပ်​တဲ့သူတစ်​​ယောက်​ပါ၊ ပြီး​တော့သူက ​နေ့တိုင်းလုပ်​​ဆောင်​ရမှာ​တွေက ​တောင်​ပုံယာပုံရှိတယ်​... သူ့ကိုအ​နှောက်​အယှက်​မ​ပေးဘဲ ညီမ​လေးတို့သွားသင့်​ပြီ...!" မုရုံရွယ်​ ပြုံးပြုံး​လေးနဲ့ မုရုံရယ်​​ဆီကထွက်​လာ​တော့မယ့်​ စကားလုံး​တွေကိုဖြတ်​​ပြောလိုက်​တယ်​။ သူမ သူ့လက်​​မောင်းကိုကိုင်​လိုက်​ပြီး အိမ်​ပြင်​ကိုဆွဲ​ခေါ်လာလိုက်​တယ်​။

ရိရီချန်း​ကြောက်​စရာ​ကောင်း​လောက်​​အောင်​ မည်း​မှောင်​လာပြီး ​နောက်​ကိုလှည့်​ကြည့်​ခြင်းမရှိထွက်​ခွာသွားနဲ့ မုရုံရွယ်​ရဲ့သွယ်​လျတဲ့ခန္ဓာကိုယ်​​လေးကို စိုက်​ကြည့်​​နေတယ်​။ သူရုတ်​တရက်​ လက်​ကို​ဝှေ့ယမ်းလိုက်​ပြီး စားပွဲ​ပေါ်က စာ​ရေးကိရိယာ​တွေအကုန်​လုံးကို ကြမ်းပြင်​​ပေါ် တွန်းချပစ်​လိုက်​တယ်​။ အဖြူ​ရောင်​စာ​ရေးစက္ကူဟာလည်း ကြမ်းပြင်​​ပေါ်က​သွေး​တွေနဲ့စွန်းထင်းသွားပြီး အရိုင်းဆန်​စွာအနီ​ရောင်​​သွေး​တွေက မျက်​စိထဲထင်းခနဲဖြစ်​​နေတယ်​။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now