၃၀။အိပ်ရာတစ်ခုတည်း အတူအိပ်စက်
မုရုံရွယ်ကိုကြည့်ရတာ ဖြူဖျော့ပြီးနေမကောင်းတဲ့ပုံပေါက်နေတယ်။ လေအေးတွေကြောင့် သူမကိုယ်ဟာစောင်အောက်မှာရှိနေတာတောင်မှ တုန်ရီလို့နေတယ်။
အိုးရန်ရှောင်ချန် တခဏတော့တွန့်ဆုတ်သွားတယ်။ ပြီးနောက် သူရဲ့ဖိနပ်တွေကိုချွတ်ပြီး မုရုံရွယ်ဘေးနားကို လှဲချလိုက်တယ်။ သူမကို သူ့လက်မောင်းတွေကြားထွေးပွေ့ထားပြီး လက်ဖဝါးနဲ့သူမနောက်ကျောကို ဖိထားကာ အတွင်းအားတွေကိုသူမဆီ ဖြေးဖြေးချင်းသွင်းပေးနေတယ်။
သူမကိုယ်ထဲစီးဝင်လာတဲ့ အတွင်းအားတွေကြောင့် တဖြည်းဖြည်းနွေးထွေးလာပြီး ထိုအတွင်းအားတွေက သွေးကြောတွေထဲထိ စီးဝင်ကာသူမကိုယ်ကို လွှမ်းမိုးထားတဲ့ အအေးဓာတ်တွေကို နှိမ်နင်းပေးနေတယ်။ နောက်ဆုံးမှာ မုရုံရွယ် သက်သောင့်သက်သာဖြစ်လာတယ်။
အိုးရန်ရှောင်ချန် သူ့လက်မောင်းကြားမှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ကောင်မလေးကို ပြုံးပြီးကြည့်လိုက်တယ်။ ထွန်းလင်းနေတဲ့ မီးအလင်းတိုင်တွေကို လက်ဖျောက်တစ်ချက်တီးကာ ငြိမ်းစေပြီး မုရုံရွယ်ကို သူ့အနီးဆုံးမှာဖက်ထားကာ သူပါအိပ်ယာဝင်လိုက်တယ်။
ငွေရောင်လအလင်းရောင်က အခန်းထဲဖြာကျနေကာ အချင်းချင်းပွေ့ဖက်ထားတဲ့ စုံတွဲလေးတစ်တွဲပုံသဏ္ဌာန်က အရမ်းကိုကြည်နူးစဖွယ်ဖြစ်နေလေတယ်။
မုရုံရွယ်အိပ်မှုန်စုံမွှားဖြစ်နေတုန်းအသက်ရှုသံတစ်သံကြားလိုက်ရပြီး ကြွက်သားတွေနဲ့သန်မာလှတဲ့လက်တစ်စုံကလည်း သူမခါးနားကိုရစ်တွယ်ထားတယ်။ သူမထိတ်လန့်သွားပြီး မျက်လုံးကို ချက်ချင်းဖွင့်လိုက်တယ်။
သူမဘာမြင်လိုက်သလဲဆိုတော့ သူမရှေ့ကဖြူဖွေးပြီး အပြစ်အနာအဆာကင်းမဲ့လှတဲ့ရင်ဘတ်ကြီးတစ်ခုဖြစ်ပြီး သူမနားထဲမှာ ပြင်းထန်တဲ့နှလုံးခုန်သံကို ပဲ့တင်ထပ်ပြီးတောင်ကြားနေရတယ်။ သူမမေးရိုးပြုတ်ကျမတတ်ဖြစ်သွားပြီး အိုးရန်ရှောင်ချန်ကို အဝေးတွန်းလိုက်ကာ ချက်ချင်းမတ်မတ်ထိုင်လိုက်တယ်။
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...