45

7.6K 888 18
                                    

၄၅။ အရာအားလုံးစီစဉ်​တကျဖြစ်

shizi (世子) : အ​မွေဆက်​ခံသူ၊ ချင်းဝမ်​ရှိအ​မွေဆက်​ခံသူ၊ များ​သောအားဖြင့်​ ဧကရာဇ်​ညီအစ်​ကိုများ၏ သားများကို ရည်​ညွှန်းသည်​။

မတူညီတာက အိုးရန်​​ရှောင်​ချန်​က သူမနဲ့စကား​ပြော​ချိန်​ဆိုရင်​ ယဉ်​​ကျေးသမှုနဲ့အ​လေးအနက်​ပြန်​​ပြောပြီး အနည်းဆုံးသူမ​ပြောတာကိုလည်း နား​ထောင်​​ပေးတယ်​။ ဒါ​ကြောင့်​သူမထင်​မိလိုက်​တာက သူ့အတွက်​သူမက အခြားလူ​တွေနဲ့ခြားနားတယ်​​ပေါ့...

ဒီ​နေ့ သူမ​တွေ့လိုက်​တာက အိုးရန်​​ရှောင်​ချန်​က ​ကောင်​မ​လေးတစ်​​ယောက်​​ဘေးနားမှာ ရပ်​​နေကာ ဘာမဟုတ်​တာ​လေးနဲ့စကားများ​နေပြီး သူ့မျက်​နှာကလည်းပြုံးရွှင်​​နေတယ်​။

ရှုနျန်​ရှန်း တကယ်​ကိုနာကျင်​ရတယ်​... "တိရန်​မြက်​​သေတ္တာကို ကျွန်​မကို​ရောင်း​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​... ကျွန်​မတစ်​​နေ့ရှင့်​ရဲ့ကြင်​နာမှုကိုပြန်​ဆပ်​နိုင်​​အောင်​ ရှင့်​နာမည်​ကို သိခွင့်​ရှိမလား.."

ရှုနျန်​ရှန်းက တိရန်​မြက်​ဝယ်​ဖို့အတွက်​ တစ်​​သိန်း​လောက်​သုံးခဲ့ရတယ်​။ မုရုံရွှယ်​က​တော့ တိရန်​မြက်​​တွေမ​ရေမတွက်​နိုင်​​အောင်​ရပြီး ဘယ်​​လောက်​မှမကုန်​သွားဘူး။ ရှုနျန်​ရှန်း သူမကိုအင်​မတန်​မုန်းတီး​နေ​လောက်​ပြီ။ သူမကအိုးရန်​​ရှောင်​ချန်​နားမှာရှိ​နေတဲ့အမျိုးသမီးကို မြင်​ချင်​​နေတာ.. သူမရဲ့​ဆု​တောင်းကို ဖြည့်​ဆည်း​ပေးရမှာ​ပေါ့။

မုရုံရွှယ်​ ပြုံးစိစိနဲ့ လိုက်​ကာကိုမလိုက်​တယ်​။

ရှုနျန်​ရှန်း ​နောက်​ကို​တောင်​ဆုတ်​မိသွားတယ်​.. "နင်​က.. မုရုံရွှယ်​!"

သူမနန်း​တော်​ကိုသွားတုန်းက မုရုံရွှယ်​ကိုအကြိမ်​အနည်းငယ်​​တွေ့ဖူးတယ်​။ ဒါ​ပေမယ့်​ သိပ်​ပြီးဂရုမစိုက်​ခဲ့ဘူး၊ ခု​တော့ မုရုံရွှယ်​က သူမရဲ့ပြိုင်​ဘက်​ဖြစ်​လာပြီ။

မုရုံရွှယ်​ ​ခေါင်းငြိမ့်​ပြလိုက်​ပြီးပြုံးကာ "သခင်​​မ​လေးရှုက ရှုဖူးရန်​အတွက်​ တစ်​​သိန်း​တောင်​သုံးပြီး တိရန်​မြက်​ကိုဝယ်​လိုက်​တာပဲ... ရှင်​ကတကယ်​ကို သမီး​ကောင်းပဲ.."

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now