14

11K 1.1K 39
                                    

Translated by Baby_Mariee

အဖြူ​ရောင်​အလင်းတန်းက သူ့ရဲ့ မျက်​လုံး​ရှေ့မှာ အလင်းပြန်​ပြီး ထက်​ရှတဲ့ အရှိန်​အဝါနဲ့ ဓားရှည်​တစ်​လက်​က သူ့ကို အတိုင်းအဆမဲ့ ရက်​ရက်​စက်​စက်​ သတ်​ဖြတ်​ရန်​ ​ပြေးဝင်​လာတယ်​။

ရီရိချန်း သူ့မျက်​လုံး​တွေကို ​မှေးကျဉ်းလိုက်​ပြီး သူ့ကို သတ်​ဖြတ်​လိုသည့်​ ဓားချက်​​အောက်​က လွတ်​​မြောက်​ရန်​ ​ဘေးတစ်​ဖက်​သို့ လျင်​မြန်​စွာ ​ရှောင်​တိမ်းလိုက်​တယ်​။ သူ မုရုံရွှယ်​ကို ကြည့်​လိုက်​​တော့ သူမ၏ နှုတ်​ခမ်း​စွန်း​တွေက ​ကော့ညွှတ်​ကာ ​အေးစက်​စက်​အပြုံးတစ်​ပွင့်​အား ဆင်​မြန်းထားသည်​ကို ​တွေ့လိုက်​ရတယ်​။ သူမ လက်​ထဲမှာ ဓားရှည်​တစ်​လက်​ကို ကိုင်​ထားပြီး ​အေးစိမ့်​​သော အ​ငွေ့အသက်​များ လျှံထွက်​​နေတယ်​။ သူမ ဓားရှည်​ကို သွယ်​​ပျောင်းစွာ ​ဝှေ့ရမ်းလိုက်​ပြီး​နောက်​ ချွန်​မြထက်​ရှသည့်​ ဓားဖျားက သူ့ဆီကို တစ်​ဖန်​တိုးဝင်​လာပြန်တယ်​။ သူမရဲ့ အ​ရောင်​​ဖျော့​ဖျော့ ခါးစည်းကြိုးက သူမရဲ့ လှုပ်​ရှားချက်​တိုင်းမှာ ​လေနှင့်​အတူ ယိမ်းနွဲ့​နေပြီး မြင့်​မြတ်​​ကျော့ရှင်းသည့်​ လိပ်​ပြာတစ်​​ကောင်​ က ​နေသ​ယောင်​အသွင် ​ပေါ်​နေတယ်​။

သူမက သိုင်းပညာတတ်​တယ်​လား!

ရီရိချန်းရဲ့ မျက်​လုံးထဲမှာ အံ့သြရိပ်​​တွေ ရှပ်​​ပြေးသွားပြီး​နောက်​ ချက်​ချင်းပင်​ ​ပျောက်​ကွယ်​သွားတယ်​။ သူ့ နှုတ်​ခမ်း​တွေက ​လှောင်​​ပြောင်​သ​ရော်​ဟန်​ဖြင့်​ ​ကွေးညွှတ်​သွားတ်​။ လူ​တွေရဲ့ အ​ရေးမပါတဲ့ ထင်​မြင်​ယူဆချက်​​တွေနဲ့ ပျံ့နှံ့​နေတဲ့ ​ကောလာဟလ​တွေကို သူ ယုံကြည်​မိခဲ့တယ်​။ ဘယ်​​လောက်​ရယ်​စရာ​ကောင်းလိုက်​သလဲ!

အားလုံး​ပြောခဲ့ကြတဲ့ အ​ကြောင်းအရာ​တွေအားလုံးက အဓိပ္ပါယ်​မရှိတဲ့ လုပ်​ကြံစကား​တွေပဲ!. သူ့​ရှေ့က ဒီပုံရိပ်​က တကယ်​ပဲ သူမ အစစ်​အမှန်​ဆိုရင်​ အိမ်​​တော်​ထဲမှာ ပုန်းကွယ်​ပြီး ဘယ်​သူ့ကိုမှ ထုတ်​မပြဖူးတဲ့ သူမရဲ့ တစ်​ဖက်​ခြမ်း​ပေါ့!

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now