၁၈။ ပြဿနာရှာ
တိမ်တွေ ကင်းစင်၊ မြူနှင်းတွေလည်း တဖြည်းဖြည်းကွဲကာ ရွှေဝါရောင်အလင်းတန်းတွေ တိမ်တိုက်တွေကြားက တစ်စွန်းတစ်စထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးကို အလင်းတွေဖြန့်ကျက်နေတယ်။
မိုးပြာရောင်ဂါဝန်ရှည်လေးနဲ့ မုရုံရွယ်တစ်ယောက် ခြောက်လပန်းပင်ရုံလေးနားထိုင်ပြီး လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းမျှင်းသောက်နေတယ်။ အပင်ဆီကနေ ပန်းရောင်ပွင့်ဖတ်လေးတွေကြွေကျနေပုံက သူမကိုဆွဲဆောင်မှုရှိကာ ပိုမိုပေါ်လွင်နေစေပြီး မသေမျိုးနွယ်အလားထင်မှတ်မိတယ်။
"မမလေးမုရုံ.. မင်းသားကျင်း မြို့တော်ကိုပြန်လာပါပြီ" အစေခံဟုန်ချိုး သူမဆီကိုကမူးရှုးထိုးလမ်းလျှောက်လာပြီး ကြောက်လန့်နေတဲ့အသံနဲ့ပြောလာတယ်။ မုရုံရွယ် အကြည့်တွေအေးစက်သွားပြီး လက်ဖက်ရည်မျှင်းသောက်နေတာရပ်လိုက်တယ်.. "သူဘယ်တုန်းကပြန်ရောက်တာလဲ?"
"မနေ့ညက ၇နာရီနဲ့ ၉နာရီကြားမှာပါ!" ဟုန်ချိုးမျက်လွှာချထားပြီး အသံကိုနှိမ့်ပြောလိုက်တယ်။ "မြို့စောင့်ပြောတာတော့ မင်းသားကျင်းကမြို့တော်ကို တစ်ယောက်တည်း မြင်းစီးပြီးပြန်လာတာတဲ့... ကြည့်ရတာလည်း သာမန်ပဲ.. ဒဏ်ရာရထားပုံမပေါက်ဘူးတဲ့...!"
မုရုံရွယ် သူမမျက်လုံးတွေမှေးကျဉ်းလိုက်ပြီး စဉ်းစားလိုက်တယ်။ ဒီလောက်မနည်းမနောချောက်ကြီးပေါ်က ပြုတ်ကျပြီး ရေစီးသန်တဲ့ချောင်းတဲ့မျောပါသွားရင် သာမန်လူတွေလိုမသေဘူးဆိုရင်တောင် သူအနည်းဆုံးတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးသတိလစ်နေသင့်တာမှတ်လား။ ခုတော့ နည်းနည်းလေးတောင်ဝေဒနာမခံစားရဘူးတဲ့လား... တော်တော်ကိုအသက်ပြင်းတဲ့ကောင်ကြီးပဲ။ လူကောင်းတွေက အသက်မရှည်ကြဘူး.. ဒါပေမယ့်မကောင်းတဲ့သူတွေကတော့ အသက်ရာချီရှည်ကြတယ်ဆိုတာ သူ့ကိုရည်ညွှန်းပြောထားသလားပဲ...။
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...