129: အဆိပ်ဖြေခြင်း

1.3K 186 15
                                    

သူမရဲ့ နက်မှောင်တဲ့ မျက်ဝန်းတွေကို ကြည့်ပြီး အိုးရန် အထွန့်တက်ချင်နေသေးတာတွေအကုန်လုံးကို သက်ပြင်းတချက်အဖြစ် ပြောင်းလဲကာ မုရုံရွှယ်ကို သူ့လက်ကို ကိုင်ခွင့်ပြုလိုက်ပြီး ထွက်သွားလိုက်သည်။

သူတို့ လက်ကိုင်ထားကြတာကို ကြည့်ပြီး ရိရီချန်းမျက်လုံးထဲ မသာယာခြင်းက ရုတ်တရက် ထွက်ပေါ်လာသည်။ အဲ့နောက် ခြေလှမ်းကို မြန်လိုက်ကာ သူတို့နှစ်ယောက်နောက်ကနေ လိုက်သွားသည်။

ဟော်ဖုန်း ဝါးခုံလေးရှေ့ ရပ်ပြီး မျှော့ပုလင်းကို ကိုင်ကာ ဝါးခုံပေါ် တစ်ဝက်လှဲလျောင်းနေတဲ့ တုန့်ဖန်းလီကို ကြည့်ရင်း မဝံ့မရဲ ပြောလိုက်သည်။
"သခင်"

မုရုံရွှယ် မသွားခင် သူ့ကို ဘယ်လိုအဆိပ်ဖြေရမလဲ ဘာမှမပြောသွားပေ။ သူ့သခင်အတွက် မျှော့ကို ဘယ်အကြောပေါ် ထားရမလဲ ဆိုတာလဲ သူမသိပေ။

တုန့်ဖန်းလီ မျက်နှာ မဲမှောင်သွားသည်။ သူ ထလိုက်ပြီး ဝတ်ရုံကို ပြန်ဝတ်ကာ ထွက်သွားလိုက်သည်။  သူတို့သုံးယောက် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားချိန်ထိ သူ တချိန်လုံး ဒီနေရာမှာ ရှိနေခဲ့သည်။ ဒါပေမဲ့ ကိုယ်ပျောက်လူသားဖြစ်နေသလိုမျိုး ဘယ်သူမှ သူ့ကို နှုတ်ဆက်မသွားခဲ့ကြပေ။ ဒါက တကယ့်ကို အရှက်ကွဲတာပင်။

အရင်မင်းသားကျင်း ဖြတ်ကျော်နိုင်ခြင်းက သေးငယ် ဒါမှမဟုတ် ကြီးမားတဲ့ တစ်စုံတစ်ခု ဖြစ်လာနိုင်သည်။ မုရုံရွှယ် ပြန်လာပါ့မလားလဲ သူမသိပေ။ သူမကို စောင့်နေခြင်းက သူ့ပုံစံမဟုတ်ပေ။
"မင်းသားကျင်းအိမ်တော်မှာ ပွဲကောင်းကောင်းရှိလိမ့်မယ် သွားကြည့်ရအောင်"

နာရီဝက် ကြာပြီးနောက် မုရုံရွှယ် မင်းသားကျင်းအိမ်တော်ကို ရောက်သွားသည်။ သူမ ကျောက်တုံးနက်လမ်းလေးကတဆင့် အဓိကခြံဝန်းထဲ ကျော့ကျော့မော့​မော့ ဝင်ရောက်သွားသည်။ သူမဝင်လိုက်သည်နှင့် သွယ်လျတဲ့ ပုံရိပ်တခုက သူတို့ဆီကို ပြေးလာတာ တွေ့လိုက်ရသည်။
"ရီချန်း ဘယ်လိုလဲ ရှင်..."

ရိရီချန်းဘေးမှာ ရပ်နေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတော့ 'လက်ထပ်ပွဲနေ့ကို သတ်မှတ်ပြီးပြီလား' ဆိုတဲ့  စကားလေးလုံးက သူမလည်ချောင်းထဲ ပြန်ဝင်သွားသည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now