174+175+176+177

1.1K 138 85
                                    

Chapter 174

#chapter174
ချင်းယွီယမ် သူ့ဖျော်ရည်သူ ပြန်သောက်မိခြင်း

သွေးတွေ ပန်းထွက် အသားတွေ ပျံတက်ပြီး အခန်းထဲ ခဏတာ ရှုပ်ယှက်ခတ်သွားသည်။

ထို သွေးတွေ အသားတွေက သူတို့ကိုယ်ပေါ် လာစင်နေကာ ရွံစရာအနံ့က သူတို့ကို မအီမသာ ဖြစ်စေသည်။

ချင်းယွီယမ်မျက်နှာက အတော်ဖျော့တော့နေလေပြီ သူမ မျက်လုံးထောင့်က မြင်ရတဲ့ မုရုံရွှယ်ကို ကြည့်ကာ မုန်းတီးမှုက သူမရင်ထဲ တောက်လောင်လာပေပြီ သူတို့မူလက အခန်းထဲမှာ ရပ်နေကာ ဘာအန္တရာယ်မှ မရှိပေ။ အဲ့ခွေးမက သူတို့ကို သတ်ဖို့ အလောင်းကောင်တွေ ခေါ်ဆောင်လာခဲ့သည်။
ဘယ်လောက်စက်ဆုပ်ဖို့ကောင်းလဲ

သူမ ဝါးကုလားထိုင်ကို ညင်သာစွာ လှည့်ကာ မုရုံရွှယ်နောက်ကို တိတ်တဆိတ် တွန်းသွားလေသည်။ အဲ့နောက် သူမ မုရုံရွှယ်ကို တွန်းလိုက်ကာ အလောင်းကောင်ရဲ့ ဓားနဲ့ မိတ်ဆက်ပေးလေ၏။

မုရုံရွှယ် ချင်းယွီယမ်ကို တချက်ကြည့်ကာ ခြေဖျားထောက်လိုက်ပြီး အလောင်းကောင်ရဲ့ ဓားကို ရှောင်လိုက်သည်။ ပြီးနောက် အလောင်းကောင်ကို သူမလက်ဝါးနဲ့ ရိုက်လိုက်တော့ ဓားကိုင်ထားတဲ့ အလောင်းကောင်ရဲ့ လက်က ချင်းယွီယမ်ဆီ တန်းတန်းပြေးဝင်သွားလေသည်။

"ကယ်ကြပါ!"
ချင်းယွီယမ် အရမ်းကြောက်သွားကာ အမြန်ရှောင်ထွက်လိုက်တော့ ဓားက သူမပါးပြင်ကနေ ပွတ်ကာသီကာ ဖြတ်သွားလေ၏။ ချောမွေ့တဲ့ သူမရဲ့ ပါးပြင်မှာ နက်ရှိုင်းတဲ့ ဒဏ်ရာတစ်ခုက ရှင်းလင်းစွာ ဖြစ်ပေါ်လာသည်။

ပြင်းထန်သန်မာတဲ့ အတွင်းအားတစ်ခုက ရောက်လာကာ အလောင်းကောင်က သူမရှေ့တင် တစစီ ပျက်စီးသွားသည်။ သွေးတွေနဲ့ အသားစတွေက ချင်းယွီယမ်ပေါ် ပေပွသွားပေမဲ့ သူမ ဂရုမစိုက်နိုင်ပေ။  သူမဂရုစိုက်တဲ့အရာက သူမပါးပြင်ပေါ်မှ ဒဏ်ရာပင်။ တုန်ယင်နေတဲ့ လက်နဲ့ သူမပါးပြင်ကို ညင်သာစွာ ထိလိုက်တော့ သွေးတွေက သူမလက်မှာ ကပ်ပါလာတာကို မြင်လိုက်ရသည်။

ချင်းယွီယမ် ဒေါသထွက်သွားသည်။ ဒီခွေးမကတော့ သူမမျက်နှာကို ဖျက်စီးဖို့ ကြိုးစားနေတာပဲ တော်တော်ကောက်ကျစ်တဲ့ ကောင်မပဲ

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Όπου ζουν οι ιστορίες. Ανακάλυψε τώρα