65(zawgyi+ unicode)

5.5K 657 5
                                    

65
Zawgyi

အပိုင်း ၆၅
ချင်​ယုယွမ်​ရဲ့မျက်​နှာက အ​ကြောက်​တရား​တွေနဲ့ပြည့်​​နေတယ်​။ သူမ​အော်​ပြီး ထွကိ​ပြေး​ပေမဲ့ မ​ပြေးနိုင်​ဘဲ ယိမ်းထိုးယိမ်းထိုးနဲ့ဖြစ်​​နေတယ်​။

မုရုံရွှယ်​ရဲ့ နှုတ်​ခမ်း​လေးက ​ကွေးညွှတ်​သွားပြီး ညစ်​ကျယ်​ကျယ်​အပြုံးတစ်​ခုကိုပြုံးလိုက်​တယ်​။ သူမချင်​ယုယွမ်​ရဲ့​ရှေ့ကို စက္ကန့်​ပိုင်းအတွင်း​ရောက်​သွားပြီး သူမရဲ့လမ်းကိုပိတ်​ထားလိုက်​တယ်​။ အဲ့​နောက်​ သူမကိုကန်​လိုက်တဲ့အတွက်​ ချာလပတ်​လည်​သွားတယ်​။

မုရုံရွှယ်​ သူမအ​နောက်​ကို ​ဖြေး​ဖြေး​လေးလိုက်​သွားတယ်​။ ချင်​ယုယွမ်​ချာလပတ်​လည်​လို့ပြီးသွားတဲ့အခါ ​နောက်​ထပ်​ထပ်​ဆင့်​ပြီး ဆက်​ကန်​လိုက်​တယ်​။ ချင်​ယုယွမ်​ကမသိရင်​ ရာဘာ​ဘောလုံးတစ်​လုံးလိုပဲ ကန်​လိုက်​တိုင်း ချာလပတ်​လည်​လည်​သွားတယ်​။

နင်​ငါ့ကို ဒီ​​ချောက်​ထဲကို ဆွဲချလာရဲတယ်​....

နင်​ငါ့ကို ပြန်ပြီး လုပ်​ကြံရဲတယ်​....

နင်​ငါ့ကို အသုံးချရဲတယ်​....

"အား...အား...အား..."
တိတ်​ဆိတ်​​နေတဲ့ ​ချောက်​ကမ်းပါး​အောက်​​ခြေမှာ အကန်​ခံ​နေရတဲ့ ချင်​ယုယွမ်​ထ​အော်​လိုက်​တယ်​။ သူမရဲ့ဆံပင်​က​တော်​​တော်​​လေးရှုပ်​ပွ​နေပြီး ဆံထိုး​တွေလဲ ​နေရာတစ်​ခုလုံးမှာ ပြန့်​ကြဲ​နေ​တယ်​။ သူမရဲ့ဝတ်​ရုံ​နေရာ​တော်​​တော်​များများက ​ကျောက်​ခဲ​လေး​တွေနဲ့ခြစ်​မိလို့ ပြဲ​ကုန်​ပြီး သူမရဲ့နူးညံတဲ့အသားအ​ရေ​လေး​တွေကလည်း ဒဏ်​ရာ​ပေါင်းများစွာနဲ့ ဖြစ်​​နေ​လေတယ်​။ သူမအံကြိတ်​ပြီး "မုရုံရွှယ်.. နင်​ငါ့ကိုသတ်​ရဲရင်​ သတ်​လိုက်​စမ်း။"

"နင့်​ကို တစ်​ခါတည်းနဲ့အပြတ်​သတ်​လိုက်​​တော့ ခွင့်​လွှတ်​​ပေးရာမရဘူးလား။ ကျွန်​မကရှင့်​ကို ​ဖြေး​ဖြေးချင်းညှင်းပြီး နှိပ်​စက်​ချင်​​သေးတာ။ မုရုံရွှယ်​ရဲ့ ကြက်​သီးထဖွယ်​အ​ဖြေက ချင်​ယုယွမ်​ရဲ့နားထဲကိုတိုးညှင်းစွာ ဝင်​လာတယ်​။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now