၄၁။ မင်းသားသိစေရန်
သူရှင်းပြတာနားထောင်ပြီးနောက် မုရုံရွှယ် ဆွံ့အသွားခဲ့တယ်။ မုရုံရယ်က သူမထက် တစ်နာရီပဲကြီးတာဖြစ်ပြီး သူကခုမှ ဆယ့်လေးနှစ်သားလေးပဲရှိသေးတယ်။ မိဘတစ်ယောက်လို စောင့်ရှောက်တာဝန်ယူတဲ့အပြင် အောင်သွယ်တော်ပါလုပ်ဖို့က သူ့အတွက်ခက်ခဲတယ်။
သူမ သူ့ကိုကြည့်ပြီး နူးညံ့စွာမေးလိုက်တယ်.. "ပြောလို့ပြီးသွားပြီလား? ပြီးပြီဆိုရင် အစ်ကိုကြီးသွားလို့ရပါပြီ... ကူးဟောင်ယူကိုလည်း တစ်ခါတည်းခေါ်သွားလိုက်ပါ...."
"မဟုတ်ဘူးလေ ခဏလေး.." မုရုံရယ် ထိတ်လန့်သွားပြီး ပြောလိုက်တယ်။ "ဒီလိုကောင်းမွန်တဲ့အနာဂတ်ယောက်ဖလောင်းကို ရဖို့အတွက် ကိုကြီးတော်တော်အားစိုက်ထုတ်ထားရတာ...!"
"ညီမလေး သူ့ကိုစိတ်မဝင်စားဘူး!" မုရုံရွှယ် ခေါင်းခါပြလိုက်တယ်။
"ညီမလေး သူ့ကိုစိတ်မဝင်စားဘူးဆိုရင်တောင်မှ အခုသူကလာလည်နေပြီဆိုတော့ နည်းနည်းပါးပါးဧည့်ခံစကားပြောသင့်တယ်..!" မုရုံရယ် ပြုံးကာပြောတယ်။
မုရုံရွှယ် သူ့ကိုကြည့်ပြီး "ညီမလေးမှာ သူနဲ့ပြောစရာညမှမရှိဘူး!"
"ညီမလေးသူ့ကို သူ့မိဘတွေနေကောင်းလား.. ဒါမှမဟုတ် သူအလုပ်တွေရှုပ်နေလား ဘာညာဘာညာပေါ့... သူဒီကိုလာဖို့ ကျဉ်းထဲကျပ်ထဲကနေတောင် ဖိတ်ထားရတာ.. ညီမလေးသူ့ကို ဒီတိုင်းပြန်ဖို့ပြောလိုက်ရင် ယဉ်ကျေးမှုမရှိရာရောက်တာပေါ့..."
မုရုံရယ် ကူးဟောင်ယူဆီ မုရုံရွှယ်ကိုဆွဲခေါ်သွားပြီး ပြုံးကာ "နှစ်ယောက်သား စကားလေးပြောနှင့်ကြပါ... အစ်ကို စားဖိုဆောင်ကအစေခံတွေဆီကိုသွားပြီး ဧည့်ခံဖို့လက်ဖက်ရည်ကောင်းကောင်းဘာရှိလဲ သွားစစ်ကြည့်လိုက်အုံးမယ်.."
သူ ထိုနှစ်ယောက်စလုံးကို ဘာမှဆက်မပြောတော့ဘဲ ထားခဲ့လိုက်တယ်။
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
浪漫summary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...