67(zawgyi+unicode)

5.7K 706 10
                                    

Zawgyi

အပိုင်း ၆၇

လေေ​ပြ​လေးနဲ့အတူ အိုးရန်​​ရှောင်​ချန်​ရဲ့တည်​ငြိမ်​တဲ့ အသံ​လေးက နားထဲကို ဝင်​​ရောက်​လာတယ်​ "ဒီ​တောင်​မှာ တိရန်​မြက်​​တွေအများကြီးရှိတယ်​။ မင်းသူတို့ကို သို​လှောင်​ထားဖို့ရာအတွက်​ပြင်​ဆင်​ထားပြီးပြီလား။"

"စိတ်​မပူပါနဲ့...ကျွန်​မအ​စောကြီးတည်းက ပြင်​ဆင်​ထားပြီိးပြီ။ ပြီး​တော့ညီမ လုံခြုံ​ရေးလည်းတင်းတင်းကြပ်​ကြပ်​ကို ချထားခဲ့​တယ်​။ အကယ်​၍ လူဆိုးတစ်​​ယောက်​​ယောက်​က မြက်​​တွေကိုဖျက်​ဆီးဖို့ ​ဖောက်​ထွင်းဝင်​ခဲ့ရင်​ ​သေချာ​ပေါက်​ဖျက်​ဆီးနိုင်​မှာမဟုတ်​ဘူး...." မုရုံရွှယ်​ အပြုံး​လေးနဲ့​ပြောလိုက်​တယ်​။

အကယ်​၍ သူတို့တိရန်​မြက်​ကို ဖျက်​ဆီးနိုင်​သွားတယ်​ဆိုရင်​လည်း ကိစ္စမရှိပါဘူး။ တိရန်​မြက်​​တွေက ရိ​တောင်​​ပေါ်မှာ အ​မြောက်​အမြား​ပေါက်​​နေတာဖြစ်​တဲ့အတွက်​​ကြောင့်​ ရိရီချန်းမြက်​​တွေအကုန်​လုံးကိုဖျက်​ဆီးဖို့လုပ်​ရင်​​တောင်​ သူဖျက်​ဆီးနိုင်​မှာမဟုတ်​ဘူး။ ကျန်းအိမ်​​တောရဲ့ ပတ်​သက်​မှု​တွေနဲ့ ချမ်းသာကြွယ်​ဝမှု​တွေက သူမအသက်​ကယ်​နိုင်​ဖို့အတွက်​ လုံ​လောက်​မှုရှိတယ်​။ အဲ့​တော့ပြသနာမရှိဘူး။

ရိရီချန်းရဲ့မျက်​နှာကြီး မဲသွားတယ်​။ ဘာလို့လဲဆို သူကပဲ မုရုံရွှယ်​ရဲ့အိမ်​​တော်​ထဲကို ​ဖောက်​ထွင်းဝင်​ခိုင်းပြီး သူမရဲ့ မီးပဒုမ္မာ​စေ့​တွေကို ဖျက်​ဆီးခိုင်းလိုက်​လို့ပဲ။ သူမ​ပြောတဲ့ လူဆိုးဆိုတဲ့သူက လှို့ဝှက်​စွာနဲ့ သူဆိုတာကို​ပြောဆို​နေတာပဲ။

အဲ့ကိစ္စဖြစ်​ပြီးတာက ရက်​​တွေ​တော်​​တော်​ကြာ​နေပြီ။ သူမ မထိမလိုက်​ဘဲ အသက်​ရှင်​လျက်​ရှိ​နေတာပဲကို။ သူမဘယ်​လို​ကြောင့်​ သူ့ကိုခုချိန်​ထိ မုန်း​နေတာလဲ။

မုရုံရွှယ်​ကိုသူ ခိုးကြည့်​လိုက်​တဲ့အခါ သူမက​တောင်​​အောက်​​ခြေကို​တောင်​ ​ရောက်​သွားပြီ။

သူမက​တောင်​ကို ကြည့်​ပြီး "ဒီ​တောင်​ကြီးက အရမ်းမြင့်​ပြီး မတ်​လိုက်​တာ။ အကယ်​၍ ဒီတိုင်​တက်​မယ်​ဆို ​ခြေမ​ချော်​နိုင်​ဘူးလား။"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now