66(zawgyi+unicode)

6.2K 762 18
                                    

66
Zawgyi

“နင်တို့ ဘာလုပ်တာလဲ?” မုရုံရွှယ် မျက်ခုံးပင့်ပြီး အားရီနဲ့အားအာ့ကို အေးစက်စွာကြည့်လိုက်တယ်။

“တောင်က မလုံခြုံဘူး၊ မမလေးသာတစ်ယောက်တည်းသွားရင် အန္ထရာယ်ရှိနိုင်ပါတယ်… မင်းသားကျင်းက မမလေးမုရုံကို ကျွန်တော်တို့နဲ့အတူတူ ခရီးဆက်ဖို့ဖိတ်ပါတယ်!” အားရီရဲ့ဓားက အောက်ကိုနိမ့်သွားပြီး သူ့လေသံကတည်ငြိမ်နေပေမယ့် အမိန့်ပေးနေတဲ့ အရိပ်အငွေ့တွေပါနေတယ်။

“ငါကငြင်းရင်ရော?” မုရုံရွှယ် မျက်ခုံးပင့်ကာ; အတူတူခရီးဆက်မယ်? အပြောကတော့ ပညာသားပါလိုက်တာ၊ သူတို့ကသူမကို ဓားစာခံအနေနဲ့ခေါ်သွားတာဖြစ်ဖြစ် ချင်ယွီယွမ်နိုးလာတဲ့အထိ သူမကိုထိန်းသိမ်းထားပြီး ဒဏ်ပေးတာဖြစ်ဖြစ် လုပ်နိုင်တယ်။ သူတို့ရဲ့အလိမ်အညာတွေကို ယုံလို့မဖြစ်ဘူး။

“ဒါဆိုရင်လည်း ကျွန်တော်တို့ကိုခွင့်လွှတ်ပါ!” အားရီက သူ့ရဲ့ချွန်ထက်နေတဲ့ ဓားကိုမုရုံရွှယ်လည်ပင်းမှာထောက်ထားလိုက်တယ်။

မုရုံရွှယ် နှုတ်ခမ်းကိုကွေးညွှတ်ပြီး ရေခဲရိုက်အပြုံးပြုံးလိုက်တယ်။ သူမလက်ကို အားရီနဲ့အားအာ့လက်ကောက်ဝတ်ကြားကို လွှဲလိုက်တယ်။ အဲ့မှာရှည်လျားပြီး ပါးလွှာတဲ့ပြတ်ကြောင်းပေါ်သွားတယ်။ ဒဏ်ရာကနေ သွေးတွေဖြာထွက်လာတယ်။

Thunk! သူတို့ဓားတွေ ကျသွားတယ်။ ဆက်တောင် မမြှောက်နိုင်ကြတော့ဘူး။

မုရုံရွှယ်ဓားကို ဓားအိမ်ထဲပြန်သိမ်းလိုက်တယ်။ တောင့်တင်းစွာပဲ အားရီနဲ့အားအာ့တို့ သူမပေါ်ကနေနင်းဖြတ်သွားတာကိုပဲ ကြည့်နေနိုင်တယ်။ သူမကို အကြပ်ကိုင်ရမယ်? သူတို့ဘာလုပ်ရမယ်ဆိုတာတောင် သူတို့မသိတာကို! နှစ်ယောက်လုံးရဲ့သွေးကြောကို ဖြတ်လိုက်တာကြောင့် သူတို့ဓားကိုဆက်မကိုင်နိုင်တော့ဘူး၊ သူတို့ဘယ်လိုလုပ် သူမကိုဆက်တားနိုင်တော့မှာလဲ!

ကောင်းကောင်းလေ့ကျင့်ပေးထားတဲ့ ချင်ယန်ရဲ့စစ်သည်တွေဖြစ်တာတောင်မှ သူမလိုအားနည်းတဲ့ကောင်မလေးတစ်ယောက်ကို မတားနိုင်ဘူး! ဘယ်လို အရူးတစ်သိုက်လဲ!

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now