134: ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ

1.3K 165 12
                                    

အိုးရန်နဲ့ မုရုံရွှယ် အဝေးကို ထွက်သွားတာတွေ့တော့ အရင်မင်းသားကျင်း မျက်နှာ ကြောက်စရာကောင်းစွာ မဲမှောင်သွားသည်။ ရေခဲအဆိပ်က ယင် ကြောင့် ဖြစ်လာပြီး ယန်ဓာတ်ဖြစ်တဲ့ မီးတောက်ပဒုမ္မာကသာ ချေဖျက်ပေးနိုင်မှာ ဖြစ်သည်။ တိရန်မြက်ကလဲ ယန်ဓာတ်ဖြစ်ပေမဲ့ ရေခဲအဆိပ်ကို မချေဖျက်ပေးနိုင်ပေ။ ယာယီသာ အလုပ်ဖြစ်နိုင်သော်လဲ သေလောက်အောင်တော့ ခံစားရနိုင်သည်။

ဘယ်သူမှ ဒီလိုအကျိုးရှိတဲ့အရာရှေ့ထားပြီး အကျိုးမရှိတဲ့အရာဆီ သွားကာ ခံစားချင်မှာမဟုတ်ပေ။ ဒါပေမဲ့ မုရုံရွှယ်ကတော့ လုပ်ခဲ့တယ်ဆိုတော့ မုရုံအိမ်တော်မှာ မီးတောက်ပဒုမ္မာမရှိတော့ဘဲ တိရန်မြက်ကို အစားထိုးသုံးနေရတယ်လို့ ဆိုလိုတာ ဖြစ်သည်။

ဒါပေမဲ့ အဆိပ် ရုတ်တရက် တိုက်ခိုက်လာရင်ဆိုပြီးတော့ မီးတောက်ပဒုမ္မာကို ဆယ်နှစ်ကြာအထိ လုံလောက်အောင် မုရုံရွှယ် စုဆောင်းထားတယ်ဆိုတာကို သူမှတ်မိသည်။
ပြီးတော့ မနှစ်ကရဲ့ အရင်နှစ်က သူ ရိရီချန်းကို မုရုံရွှယ်ဆီ မီးတောက်ပဒုမ္မာကို ပို့ခိုင်းခဲ့ဖူးသေးသည်။ အဲ့တာတွေ မရှိတော့ဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ

အရင်မင်းသားကျင်း ရိရီချန်းဘက် ဖြည်းညင်းစွာ လှည့်ကာ အပြစ်တင်လိုက်သည်။
"မင်း ဘာလုပ်ခဲ့လဲ ကြည့်စမ်း"

သူ မုရုံရွှယ်နဲ့ အကြိမ်အနည်းငယ်သာ ပြောဆိုဖူးသော်လဲ သူမက သိမ်မွေ့ပြီး နှလုံးသားနူးညံ့တဲ့သူဆိုတာ သူပြောနိုင်သည်။ သူမ လက်မခံနိုင်တဲ့ တစ်စုံတစ်ရာသာမရှိရင် သူမလဲ ရိရီချန်းပို့ပေးတဲ့ မီးတောက်ပဒုမ္မာ အစား တိရန်မြက်ကို အသုံးပြုမှာ မဟုတ်ပေ။

ရိရီချန်း မျက်လွှာချထားကာ ဘာမှမပြောပေ။

"ဘာလို့ စကားမပြောတာလဲ မင်း သူမကို ဘာလုပ်ခဲ့လဲလို့"
အရင်မင်းသားကျင်း မျက်လုံးထဲ မီးဝင်းဝင်းတောက်လျက် သူ့ကို ဆူလိုက်သည်။
ရိရီချန်း မျက်လွှာချထားတုန်းပင် ဖြစ်ကာ ဘာမှမပြောသေးပေ။

ကျင်းကြင်ယာတော်ဟောင်း ဆက်သည်းမခံနိုင်​တော့ပေ။ သူမ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"မုရုံရွှယ်က ကျွန်မတို့ပေးတဲ့ မီးတောက်ပဒုမ္မာကို သုံးဖို့ အရမ်းမာနကြီးလွန်းတယ် ရီချန်းက ဘာမှမလုပ်..."

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now