109: မင်းသားခုနစ်ရဲ့ အခြေအနေ

1.6K 189 7
                                    

zawgyi

နန်းတွင်းဆရာအိမ်တော် ဧည့်သည်ခန်းအတွင်း၌--

သမားတော်ကျန်းက တုန့်ဖန်းလီရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး
"ဒဏ်ရာတွေကို အချိန်မှီ ကုသေပးထားတာပဲ ဆေးဝါးကောင်းတွေလဲ သုံးထားသေးတယ် ဒါကြောင့် စိုးရိမ်စရာမရှိပါဘူး မနက်နဲ့ညနေမှာ ဆေးဝါးအသစ်တွေ ပြန်ထည့်ပေးပြီး ပတ်တီးပြန်စီးပေးပြီးရင် လဝက်လောက်ဆို ပြန်ကောင်းသွားမှာပါ"

သမားတော်ကျန်းက နန်းတွင်းသမားတော်ပဲ ဧကရာဇ္က သူ့ကို စုသခင်ရဲ့ သွေးခုန်နှုန်းကို စမ်းဖို့ နန်းတွင်းဆရာအိမ်တော်ခန်းမကို ဖိတ္ထားတာ။ အဲ့အချိန်မှာပဲ ဒဏ်ရာရနေတဲ့ တုန့်ဖန်းလီနဲ့တွေ့ပြီး သူ စစ်ဆေးပေးနေတာ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် သမားတော်ကျန်း "
တုန့်ဖန်းလီ ယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်ပေမဲ့ သူ့အသံက စိမ်းပြီး သာမန်ဆန်နေသည်။

သမားတော်ကျန်းက စိတ်ထဲမထားဘဲ ပြုံးလိုက်ကာ
"အပန်းမကြီးပါဘူး မင်းသား"

တုန့်ဖန်းလီရဲ့ အကြည့်က စုနန်ရှန်းဆီ ပျင်းရိစွာ ကျရောက်လာပြီး
"ကျွန်တော့်ဒဏ်ရာကို လိမ်းပေးထားတဲ့ ဆေးက အများကြီး သက်သာစေပါတယ် စုသခင်မလေး ကျွန်တော့်ကို တစ်ပုလင်းလောက် ရောင်းပေးနိုင်မလား"

စုနန်ရှန်း အကြည့်က လက္ခနဲ တောက်ပသွားကာ ရှက်နေတဲ့ အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"မင်းသားက အရမ်းယဉ်ကျေးလွန်းနေပါပြီ ဆေးပုလင်းက တစ္ခုထဲ ရှိတာပါ အဲ့တာကို မင်းသားအတွက် သုံးခဲ့ရတာ ဝမ်းသာစရာပါ ကံမကောင်းစွာပဲ မင်းသားရဲ့ ဒဏ်ရာကို သုံးလိုက်တုန်းက ပုလင်းက ကုန်သွားပါပြီ"

"တကယ္လား ကြားရတာ ဝမ်းနည်းစရာပဲ"
တုန့်ဖန်းလီစိတ်ပျက်သွားပေမဲ့ ဆက်မေးလိုက်သည်။
"ဒါဆို ဆေးဝယ်ခဲ့တဲ့နေရာကိုများ သိခွင့်ရှိမလား ကျွန်တော် ကိုယ့်ဘာသာ သွားဝယ်လိုက်ပါ့မယ်"

"ကျွန်မ အဲ့တာကိုဝယ်ခဲ့တာ မဟုတ်ပါဘူး ကျွန်မသူငယ်ချင်းက ကျွန်မကို တစ်ပုလင်း လက်ဆောင်ပေးခဲ့တာ"
စုနန်ရှန်းက ပြုံးလိုက်ကာ သူမမ်က္လုံးမွာ နောင်တရမှုတို့ ထင်ဟပ်နေတယ်

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now