52

6.9K 823 25
                                    

၅၂။ခန္ဓာကိုယ်​ချင်း ထိကပ်​ရတာမကြိုက်​ဘူး

"အစ်​ကိုကြီး ဘာဖြစ်​လို့လဲ?" မုရုံရွှယ်​ ​ကြောင်​​တောင်​​တောင်​​လေး​မေးလိုက်​တယ်​။

မုရုံရယ်​ ​​ဖော​နေတဲ့မျက်​လုံးနီနီကြီး​တွေနဲ့​မော့ကြည့်​လာပြီး ညို့ယူနိုင်စွမ်း​​ရှိတဲ့မျက်​လုံး​မှာ မျက်​ရည်​​တွေနဲ့ပြည့်​​နေတယ်​။ သူတုန်​လှုပ်​စွာနဲ့ မုရုံရွှယ်​ကို သူ့လက်​​မောင်းကြားဆွဲဖက်​ထားလိုက်​တယ်​။ "ညီမ​လေး ... အစ်​ကိုကြီးထင်​တာ သူတို့ကကြင်​နာတတ်​ပြီး အစ်​ကို့အ​ပေါ်ရိုးသားကြတယ်​လို့..."

ဘယ်​လိုပဲ​ပြော​ပြော မုရုံရယ်​အနားမှာရှိ​နေတဲ့သူအားလုံးက သူ့ကိုထိခိုက်​ပြီး ဒုက္ခ​ရောက်​​အောင်​လုပ်​ကြတာအမှန်​ပဲ။ သူ့အ​ပေါ် မ​ကောင်းတဲ့ဘက်​မှာလွှမ်းမိုးနိုင်​ခဲ့တယ်​။ သူ့အ​ဒေါ်ကလည်း သူ့ကိုအသုံးမကျတဲ့သူတစ်​​ယောက်ဖြစ်​​အောင်​ အရမ်းအားစိုက်​ကြိုးစားထားပြီး သူ့အနာဂတ်​ကို ဖျက်​ဆီးပစ်​တယ်​။

မျက်​ရည်​ပူ​တွေက မုရုံရယ်​ပါးပြင်​မှတစ်​ဆင့်​ မုရုံရွှယ်​လည်​ပင်းအထိ စီးကျသွားတယ်​။ မုရုံရွှယ်​ ​ခေတ္တခဏ​တောင့်​သွား​ပေမယ့်​ သူ့​နောက်​​ကျောကို ငြင်​ငြင်​သာသာ​လေးပုတ်​​ပေးလိုက်​တယ်​။ မုရုံရွှယ်​ ​ယောကျာ်း​လေး​တွေနဲ့ရုပ်​ပိုင်းဆိုင်​ရာ ထိ​တွေ့ရတာသ​ဘောမကျ​ပေမယ့်​ သူ့ကိုဒီအချိန်​မှာ တွန်းထုတ်​လိုက်​တာက ရက်​စက်​ရာကျသွားလိမ့်​မယ်​။ သူနာကျင်​​နေတာက ဒဏ်​ရာရ​နေတဲ့​ခွေး​ပေါက်​​လေးလိုပဲ။

မုရုံရယ်​က ခုမှဆယ့်​​လေးနှစ်​ပဲရှိ​သေးတာ.. သူ့မိဘ​တွေကလည်း သူငယ်​ငယ်​​လေးတည်းက ဆုံးပါးသွားကြတယ်​။ သူကသူငယ်​ချင်း​တွေနဲ့ မိသားစုဆီကအချစ်​ကို လိုချင်​​နေတာ​ကြောင့်​ စုန့်​ချင်းယန်​နဲ့ မုရုံ​ရော့တို့ရဲ့ လှည့်​စားတာခံခဲ့ရတယ်​။

"ဝမ်းမနည်းပါနဲ့ ဒါအစ်​ကိုကြီးရဲ့အမှားမဟုတ်​ပါဘူး... အစ်ကိုကြီးရှိ​နေတာက သူတို့ရဲ့အကြံဆိုး​တွေ​အောင်​မြင်​ဖို့လမ်း​ကြောင်း ပိတ်​​နေတာ​ကြောင့်​ပါ ..." တစ်​စုံတစ်​​ယောက်​​ကောင်းစားဖို့ မုရုံရယ်​ကိုအသုံးမကျတဲ့သူဖြစ်​​အောင်​ သူတို့လုပ်​​နေမှန်း မုရုံရွှယ်​သိတယ်​။ "ညီမ​လေးတို့က သူတို့မိသားစုမျိုးရိုးက ဆင်းသက်​လာတာမဟုတ်​ဘူး​လေ ... သူတို့အ​ပေါ်​ကောင်းဖို့ကြိုးစားရင်​​​တောင်​ သူတို့ကနာမည်​ပျက်​​အောင်​နည်းလမ်းရှာပြီး ပုတ်​ချလိမ့်​မယ်​"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now