93: စောင့်ကြိုနေသော အန္တရာယ်

1.8K 212 4
                                    

Zawgyi

မုရုံရွှယ်က အိုးရန္ကို အရမ်းယုံကြည်တာကြောင့် ဒီလို အရေးကြီးသတင်းကို ပြောပြပြီး အတူတူရှာမယ်လို့ ပြောတာပေါ့လေ သူတို့အချင်းချင်း အရမ်းရင်းနှီးတယ်ဆိုတာ ရှင်းလင်းတယ်

ရိရီချန်း သူ့စိတ်ထဲ ရောက်လာတဲ့ ခံစားခ်က္တစ္ခုကို ခံစားမိလိုက်တယ်
"အိုးရန္ကို ဖြေရှင်းဖို့က ခက်တယ် ငါတို့ သူတို့ကို တားဖို့ အစီအစဉ်ကောင်းကောင်းလေး ဆွဲဖို့လိုတယ်"

"စိတ်မပူပါနဲ့ ကျွန်မ မုရုံရွှယ်နားမှာ သူလျှိုထားထားပြီးသား အချိန်တိုင်း သူမလှုပ်ရှားမှုတွေ စောင့်ကြည့်လို့ရတယ် သူတို့ကို ခြေရာခံဖို့က အရမ်းလွယ်တယ် "
ချင်းယုယွမ် ယုံကြည်မှုရှိစွာ ပြောလိုက်တယ်

ရိရီချန်း သတိပေးလိုက်တယ်
"မုရုံရွှယ်နဲ့ အိုးရန်တို့က သတိကြီးတဲ့လူတွေပဲ ကိုယ်တို့ အစီအစဉ် အပိုတစ္ခု ထပ်ဆွဲထားသင့်တယ်"

"စိုးရိမ်မနေပါနဲ့ ကျွန်မလုပ်နေတာ ကျွန်မသိတယ် သူတို့ကို ရိုက်ချဖို့ ပြီးပြည့်စုံတဲ့ အစီအစဉ် တွေးထားတယ်"
ချင်းယုယွမ် ပြုံးလိုက်တယ်

မုရုံရွှယ်ရဲ့ အဖိုးတန်တဲ့ ဝတ္စုံက နေရောင်အောက်မှာ မျက်လုံးမခွာနိုင်လောက်အောင် ဖြစ်နေတယ်
သူမက မြင်းကို သက်သောင့်သက်သာဖြစ်စွာ လေအဟုန်နဲ့အတူ စီးနင်းနေတယ်

မမျှော်လင့်ဘဲ ခြုံပုတ်ဆီကနေ တိုးထွက်လာတဲ့ အသံကို သူမကြားလိုက်ရတယ် အဆိပ်အပ်ပစ်လိုက်တဲ့အသံနဲ့အတူ အနက်ရောင်ပုံရိပ်တစ်ခု သစ်ပင်ပေါ်က ချက်ချင်းပြုတ်ကျလာပြီး သတိလစ်သွားတော့တယ်

မုရုံရွှယ် မြင်းစီးရင်း ထိုခန္တာကိုယ်ကို တစ်ချက်ကြည့်ကာ
"ရိရီချန်း လွှတ်ထားတဲ့ သူလျှိုလား"
"အတိအက်ပဲ"
အိုးရန် ခေါင်းငြိမ့်ရင်း အတည်ပြုလိုက်တယ်

မုရုံရွှယ် မဲ့ပြုံးပြုံးလိုက်တယ် သူမသိတာပေါ့ သူမချင်းယုယွမ်ဆီက မြေပုံခိုးလိုက်ကတည်းက သူမ(ချင်းယုယွမ်) ငြိမ်နေမှာ မဟုတ္ဘူးဆိုတာ
သူလျှိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ(ချင်းယုယွမ်) ဘယ္လိုလုပ္ထားတယ်ဆိုတာ သူမသိလိုက်တယ်

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now