147: မြွေအန္တရာယ်

1.2K 174 15
                                    

ဧကရာဇ် ခေါင်းမော့ကာ ပြောမရနိုင်တဲ့ အလင်းတချက် မျက်လုံးထဲ ဖျတ်ခနဲ လက်သွားပြီး မုရုံရွှယ်ကို ကြည့်ကာ
"ဘယ်လိုထင်လဲ ရွှယ် "

"အရှင်မင်းကြီး ကျွန်တော်မျိုးမက အပြင်းအထန်နေမကောင်း ဖြစ်နေတဲ့သူပါ တိုက်ခိုက်ဖို့ သိပ်အဆင်မပြေပါဘူး''
မုရုံရွှယ် ပုံမှန်ပြောလိုက်သည်။ ယွမ်ဖန်ဖေးက စိတ်တိုလွယ်ကာ တိုက်ခိုက်ရတာကို နှစ်သက်သည်။ သူမအတွက် ရွေ့လျားပစ်မှတ်မဖြစ်ချင်ပေ။

"မလိမ်စမ်းနဲ့ နင်သာ အပြင်းအထန်နေမကောင်းဖြစ်နေတာဆိုရင် ငါ့လက်ဝါးချက်တွေကို ရှောင်နိုင်မှာ မဟုတ်ဘူး''
ယွမ်ဖန်ဖေး အေးစက်တဲ့ မျက်လုံးများနဲ့ ကြည့်ကာ ရိုင်းစိုင်းစွာ ဖြတ်ပြောလိုက်သည်။ ကွန်ဖူးသင်လာတဲ့ နှစ်တွေမှာ ဒီလိုလုပ်ခံရတာ ပထမဆုံးပင်။ သူမ(မုရုံရွှယ်)ဖင်ကို ကန်ကိုကန်ရမှ သူမ(ယွမ်ဖန်​ဖေး)​ဒေါသ ပြေပျောက်လိမ့်မည်။

မုရုံရွှယ် မျက်ခုံးပင့်ကာ
"ဒါက အသက်ရှင်ဖို့ တုံ့ပြန်ချက်တစ်မျိုးပဲလေ ငါ့ကွန်ဖူးက ရှင့်ကွန်ဖူးနဲ့ အဆင့်ချင်းမတူမှန်း ငါသိတယ် ဒါကြောင့် အရှုံးပေးပါတယ်''

"မတိုက်ခိုက်ရသေးဘဲ ဘယ်လိုလုပ် လက်လျှော့နိုင်ရတာလဲ သတ္တိနည်းတဲ့သူတွေကို ငါမုန်းတယ် ဒါကိုယူလိုက်''
ယွမ်ဖန်ဖေး အံကြိတ်၍ မြေပြင်ကို အားယူကာ ကြာပွတ်ရှည်တစ်ချောင်းကိုင်ဆွဲလျက် မုရုံရွှယ် ပြေးဝင်သွားသည်။

သူမဆီ ပြေးဝင်လာတဲ့ ကြာပွတ်ကို ကြည့်ကာ မုရုံရွှယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ ယွမ်ဖန်ဖေးနဲ့ မတိုက်ချင်​ပေမဲ့ ယွမ်ဖန်ဖေးက သူမကို ဆက်တိုက် တွန်းအားပေးနေသည်။ အခု သူမမှာ ရွေးစရာမရှိတော့ပေ။ ယွမ်ဖန်ဖေးက တောင်းဆိုနေမှတော့ သူမ ဖြည်းဆည်းပေးပေမည်။

မုရုံရွှယ် အနည်းငယ် ရွေ့လိုက်ကာ ရှောင်တိမ်းခြင်းမပြုတော့ဘဲ ယွမ်ဖန်ဖေးကို ဓားနဲ့ ထိုးလိုက်သည်။ ထိုတခဏမှာပင် လူတွေက အပြာရောင်အရိပ်နဲ့ အဖြူရောင်အရိပ်တို့ ရောယှက်သွားကာ ကြာပွတ်ရှည်နဲ့ ဓားရှည်တို့က ရှေ့တိုးနောက်ငင်ဖြစ်နေတာကို တွေ့လိုက်ရကာ မျက်စိကျိန်းနေစေသည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now