170+171+172+173

1.1K 133 36
                                    

#chapter170
သူများကြဲထားတာကို အဆင့်သင့်ဝင်ရိတ်သိမ်းခြင်း ၂

ကျိုးသခင်မ ပြုံးကာ ပြောလိုက်ပေမဲ့ သူမမျက်လုံးက အေးစက်နေလေသည်။ သူမ ဗိုလ်ချုပ်ယွမ်ကို မတွန်းလှန်နိုင်ရင်တောင် သူမ ထိုကိစ္စကို မုရုံရယ်ဆီ လွှဲချလိုက်ပေမည်။ သူသာ ယွမ်ဖန်ဖေးကို လက်ထပ်လိုက်မယ်ဆို သူမသားက လွတ်မြောက်သွားပေမည်။

"အဒေါ် ကျွန်တော်က ကျောက်တုံးနောက်မှာ ရပ်နေတာလေ ယွမ်မိန်းက​လေးရဲ့ ခန္တာကိုယ်ကို ကျွန်တော် မမြင်ခဲ့ဘူး ကျွန်တော့်ကို မလွှဲချပါနဲ့လား"
မုရုံရယ် အလျင်စလို ပြောလိုက်သည်။ သူ ရေထဲက တောင့်တင်းတဲ့ ခန္တာကိုယ်ကို မျက်လုံးထောင့်ကနေ မြင်ခဲ့ပြီး သူ့နှုတ်ခမ်း တွန့်ကွေးသွားသည်။ သူက သူ့ညီမလေးလို ထက်မြက်ပြီး လှပတဲ့မျက်နှာရှိတဲ့ မိန်းကလေးမျိုးကိုပဲ ကြိုက်​ပေသည်။ အရပ်ရှည်ပြီး တောင့်တင်းတဲ့ ခန္တာကိုယ်ရှိတဲ့ ယွမ်ဖန်ဖေးလို မိန်းကလေးက သူ့အကြိုက်မဟုတ်ပေ။

ကျိုးသခင်မ အထင်သေးစွာ နှာရှုံ့ကာ
"မင်းက ကျီအာနဲ့ အခုလေးတင် ဘေးချင်းယှဉ်လျှောက်လာတာလေ သူ ရေကန်ထဲ ကျသွားတဲ့အချိန် မင်းလဲ ရေကန်ဘေး ရှိနေမှာပဲ မင်း ယွမ်မိန်းကလေးကို မမြင်ခဲ့ပါဘူးလို့ ပြောရဲလား"

"သူ နည်းနည်းလောက် မြင်ခဲ့ရင်တောင် ဝမ်းကွဲမောင်လေးက ယွမ်မိန်းကလေးကို လုပ်လိုက်တာနဲ့ မယှဉ်နိုင်ပါဘူး သူက ယွမ်မိန်းကလေးရဲ့ လမ်းမောင်းကို ပွတ်တိုက်ခဲ့ပြီး သူမအသားနဲ့ ထိတော့မတတ်ပဲလေ ယွမ်မိန်းကလေးက သူ့ကြောင့် ဖြူစင်မှု ဆုံးရှုံးတော့မလို့ ဒါကြောင့် ဝမ်းကွဲမောင်လေးက ယွမ်မိန်းကလေးကို ဖြေရှင်းချက်ပေးရမှာက ပိုသဘာဝကျတယ်"

မုရုံရွှယ် တည်ငြိမ်စွာ ပြောရင်း လျှောက်လှမ်းလာ၏။ သူမမျက်လုံးက ရေခဲလို အေးစက်နေပေသည်။ မုရုံကျိုးနဲ့ ကျိုးသခင်မရဲ့ တကယ့်ရည်ရွယ်ချက်က မုရုံရယ်ကို ရေထဲတွန်းချပြီး ယွမ်ဖန်ဖေးနဲ့ ရေအောက်မှာ နီးစပ်ခဲ့စေမယ် ပြီးရင် သူ့ကို လက်ထပ်ဖို့ ဖိအားပေးမယ်ဆိုတာ မုရုံရွှယ် နားလည်လိုက်သည်။

"နင်..."
ကျိုးသခင်မ သူမကို ရက်စက်စွာ စိုက်ကြည့်ကာ ဒေါသကြောင့် ပြောစရာစကားမဲ့သွားလေပြီ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now