84+85

3.7K 464 36
                                    

Zawgyi

84

သတိမထားဘဲလုပ်မိသွားတော့ အားနာလိုက်တာ၊ ဒီတိုင်း လက်ချော်သွားလို့! မုရုံရွှယ် အသာလေးပြုံးကာ အပြစ်ကင်းတဲ့ပုံလေးလုပ်နေလိုက်တယ်။

မုရုံကျန်းက သူမကို မှောင်မည်းနေတဲ့အမူအယာကြီးနဲ့ကြည့်လာတယ်။ သူမက သိသိသာသာကြွားလုံးထုတ်ပြီး သူ့ကိုစိန်ခေါ်နေတာ ကျီအာက မုရုံရယ်ကို ထိခိုက်အောင်မလုပ်ခဲ့ဘူး၊ မင်းဘာလို့ ဒီလောက်တောင်လူမဆန်ရတာလဲ?

ကျွန်မရဲ့အပ်တွေက မြှားသုံးချောင်းကိုသာမထိခဲ့ဘူးဆိုရင် ကျွန်မအစ်ကိုလည်း အခုချိန်မှာ ကျွန်မနားမှာ ရပ်နေနိုင်မှာမဟုတ်ဘဲ သေနေလောက်ပြီ! မုရုံရွှယ် မုရုံကျန်းကို အေးစက်တဲ့အမူအယာနဲ့ကြည့်လိုက်တယ် ဒီတိုင်းရှင့်ဘာသာတောင် လုံလောက်အောင် စွမ်းဆောင်နိုင်တာမဟုတ်ဘဲနဲ့၊ ကျွန်မရဲ့မြှားတွေကို ပြန်ပစ်ပြီး ဘာလို့ရှင့်သားကို မကယ်လိုက်ရတာလဲ?

မင်း! မုရုံကျန်း မုရုံရွှယ်ကို လက်ညှိုးတထိုးထိုးဖြစ်နေပေမယ့် ဒေါသထွက်လွန်းလို့ စကားမပြောနိုင်ဖြစ်နေတယ်။

ကျွန်မက ဘာဖြစ်နေလို့လဲ? ကျွန်မက စစ်တိုက်ထွက်မှာမှ မဟုတ်တာ အဲ့တော့ မြှားပစ်တဲ့အခါ အမှုမဲ့အမှတ်မဲ့လုပ်လိုက်လည်းဖြစ်တယ်၊ ဒါပေမယ့် မုရုံကျန်းကတော့ သူက စစ်တပ်အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်ထားတာလေ၊ တကယ်လို့ လက်ချော်သွားလို့ပါဆိုပြီး သူ့ရဲ့အဖွဲ့သားတွေကို ပစ်မိသွားခဲ့တယ်ဆိုရင် ကြီးလေးတဲ့ပြစ်မှုဖြစ်သွားပြီ မုရုံရွှယ် လုံးဝကိုငေါ့တူးပြောနေတာဖြစ်တယ်။

စစ်သားတွေလည်း မုရုံကျီက အညှာအတာမဲ့စွာ မြှားသုံးချောင်းပစ်လိုက်တဲ့ပုံရိပ်ကို ပြန်တွေးမိသွားပြီး ကြက်သီးတွေထလာတယ်။ သူတို့ မုရုံကျီကို တွေးဆဆနဲ့ကြည့်လာကြတယ် : ကိုယ့်ရဲ့အဖွဲ့သားတွေကို မြှားနဲ့ပစ်မယ့်လူမျိုးကို သူတို့မလိုအပ်ဘူး၊ သူတို့တွေစစ်တပ်ကို ဝင်လာခဲ့တယ်ဆိုတာက ကိုယ့်အမိမြေကို ကာကွယ်ပေးပြီး ရန်သူတွေကို ခြေမှုန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်တယ်။ ကိုယ့်ရဲ့အဖွဲ့သားကြောင့် သေရတယ်ဆိုရင်တော့ တကယ်ကိုစိတ်ပျက်စရာကောင်းလိမ့်မယ်!

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now