130: တူးဖော်ခြင်း

1.3K 183 13
                                    

လေးလံပြီး ဆိုးရွားတဲ့ အနံ့က အခန်းထဲ ပျံ့လွင့်လာပြီး အန်ချင်စိတ်ပေါက်လောက်အောင် ဖြစ်လာသည်။ အစေခံတွေ အိမ်တော်ထိန်းတွေဆို ချက်ချင်းနှာခေါင်းပိတ်လိုက်ကြပြီး ပြတင်းပေါက်ကို ပြေးဖွင့်ကြတော့သည်။

မေ့လဲနေတဲ့ အရင်မင်းသားကျင်းက ချက်ချင်း ချောင်းအနည်းငယ်ဆိုးကာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လာလေသည်။ သူ့မျက်လုံးရှေ့က လှပတဲ့ မုရုံရွှယ် မျက်နှာလေးကို မြင်တော့ အနည်းငယ် အံ့သြသွားသည်။
"ရွှယ်အာ!''

မုရုံရွှယ် တုံ့ပြန်ကာ ပြုံးလိုက်ပြီး
"အရှင် ခံစားရတာ ပိုကောင်းလာပါသလား"

အခန်းထဲ ပျံ့လွင့်နေတဲ့ အနံ့ဆိုးကို ရလိုက်တာကြောင့် အရင်မင်းသားကျင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ ရင်ဘတ်က ငွေအပ်တွေနဲ့ တဝက်ခန့်ရှိနေပြီဖြစ်တဲ့ သွေးမည်းတွေကို ကြည့်ကာ ဘာဖြစ်နေသလဲ ချက်ချင်းနားလည်လိုက်သည်။ အသာခေါင်းညိတ်လိုက်ကာ
"ပိုကောင်းလာတယ် ဒါ ဘယ်လိုအဆိပ်မျိုးလဲ"

"နာမည်တော့မသိဘူး နှလုံးသွေးကြောကို ထိခိုက်စေနိုင်တာကိုတော့ ပြောနိုင်တယ်"
ခေတ်သစ်ပတ်ဝန်းကျင်မှာဆို မုရုံရွှယ် အကြောတွေ ဦးနှောက်နဲ့ အတွင်းကလီစာတွေ ထိခိုက်စေနိုင်တဲ့ အဆိပ်မျိုးစုံကို သင်ယူခဲ့ရသည်။ ထိုအဆိပ်အမျိုးမျိုးမှာ ပါဝင်တဲ့ ဆေးပစ္စည်းတွေ မတူတာကြောင့် အနံ့ကလဲ အမျိုးမျိုးကွဲလေသည်။

ထိုဆိုးရွားတဲ့ အနံ့မှာတော့ တစ်စုံတစ်ယောက်ရဲ့ နှလုံးသွေးကြောကို ထိခိုက်စေနိုင်တဲ့ ဆေးပစ္စည်းတွေ ပါဝင်သည်။

ရိရီချန်းမျက်နှာ ချက်ချင်းမဲမှောင်သွားသည်။ ဒါဆို ဒါက တိုက်ဆိုင်တာမဟုတ်တော့ပေ။ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံထားတာဖြစ်သည်။
"အဲ့အဆိပ်က ဘယ်အချိန်က ထည့်ထားတာလဲ"

အနည်းငယ်တွက်ချက်ပြီးနောက် မုရုံရွှယ် ပြောလိုက်သည်။
"နှစ်နာရီကနေ လေးနာရီအတွင်းပဲ"
အရည်သွေးမြင့်တဲ့ အဆိပ်က မကြာခင်မှာပင် အစွမ်းပြသည်။

အရင်မင်းသားကျင်းရဲ့ လက္ခဏာတွေအရ နှစ်နာရီကနေ လေးနာရီအတွင်း ဆေးခတ်ပြီးသည်နှင့် သူ့ခန္တာကိုယ်ကို ထိခိုက်ထားတာ ဖြစ်သည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now