၄၃။ လေလံအိမ်တွင်း၌ ပဋိပက္ခဖြစ်ပွား
လေက သူမမျက်နှာကို ဖြတ်တိုက်နေပြီး မျက်စိရှေ့ကမြင်ကွင်းတွေကလည်း လျင်မြန်စွာပြောင်းလဲနေတယ်။ ထွက်နေတဲ့ဒေါသတွေတောင်ပျောက်ပြီး သူမမျက်လုံးကို ကျယ်ကျယ်လေးပြူးထားလိုက်တယ်... ဒါရှေးတုန်းက လေထဲပျံသန်းတယ်ဆိုတဲ့ဟာလား? ဒါအသေမိုက်တယ်ဟ! သူမအားပြီဆိုရင်တော့ ဒီဟာကို သင်ယူချင်တယ်။
မုရုံရွှယ် အသားရောင်တံခါးမကြီးနဲ့ ကြီးမားပြီးအထင်ကရအဆောက်အအုံကြီးကို တွေ့လိုက်ရတယ်။ တံခါးရဲ့ထိပ်စီးပိုင်းမှာ "ယုပေါင်ရွှမ်" ဆိုပြီးထွင်းထုထားတယ်။ အဆောက်အအုံကြီးရဲ့အပြင်ပန်းကိုက လှပတင့်တယ်ပြီး ကြီးကျယ်ခမ်းနားလှတယ်။
အိုးရန်ရှောင်ချန်ကတော့ သူမရဲ့ခါးကိုတင်းတင်းကျပ်ကျပ် ဆွဲပွေ့ထားပြီး လေထဲမှာပဲဆက်ပျံနေတယ်။ ရပ်တန့်လိုက်မယ့်အရိပ်အယောင်ပင်မပြပေ။ မုရုံရွှယ် နူးနူးညံ့ညံ့သတိပေးလိုက်တယ်... "မင်းသား.. ကျွန်မတို့ ယုပေါင်ရွှမ်ကိုရောက်ပြီလေ... အခုအောက်ဆင်းကြရအောင်.."
"အခုအချိန် ယုပေါင်ရွှမ်မှာ လေလံပွဲအတွက်ပစ္စည်းတွေအများကြီးရှိလို့ အဲ့မှာလူတွေတော်တော်ရှုပ်နေမှာ... ကိုယ်တို့က ပင်မဝင်းကြီးထဲသွားမှာမဟုတ်ဘူး.. သီးသန့်ခန်းပဲသွားမှာ..."
ပြတင်းပေါက်တွေက တစ်ပုံစံတည်းတွေဖြစ်နေတာကြောင့် မုရုံရွှယ် သိချင်ဇောနဲ့မေးလိုက်တယ်... "ရှင်စာရင်းပေးထားတဲ့အခန်းက ဘယ်အခန်းမှန်းရှင်သေချာသိလို့လား?"
"ဒါပေါ့... ကိုယ်သိတာပေါ့!" အိုးရန်ရှောင်ချန် ယုံကြည်မှုအပြည့်နဲ့အပြုံးကြီး သူ့မျက်နှာမှာချိတ်ဆွဲထားပြီး သီးသန့်ခန်းတွေထဲက တစ်ခန်းဆီကို တန်းတန်းမတ်မတ်သွားလိုက်တယ်။
သီးသန့်ခန်းကို ခြေချမိတာနဲ့တစ်ပြိုင်နက် ရင်းနှီးနေတဲ့ပုံသဏ္ဌာန်တစ်ခုထွက်ပေါ်လာတယ်။ ရွှမ်ဖုန်းပဲ..။
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...