10

11K 1.1K 22
                                    

၁၀။တိဗက်အိမ်စောင့်ခွေးအားအမည်ပေးခြင်း

"ဘာကြောင့်မင်း ဒီလိုကိစ္စလေးကို တရားရုံမှာ ပြောချင်တာလဲ။မင်း Marquisအိမ်တော်ရဲ့ ဂုဏ်ထင်ရှာလာမယ်လို့ ထင်နေတာလား။ ဒါမှမဟုတ် မင်းမျက်နှာပျက်မှာ တွေးနေတာလား။"

သခင်မကြီးက မုရုံရွယ်ကို အေးစက်စွာကြရင်း အပြစ်တင်နေတယ်၊ မိသားစုရဲ့ မကောင်းကြောင်းကို လျှောက်ပြောမနေနဲ့ တခြားမိသားစုဆိုရင် ဒီလိုကိစ္စလေးကို ဖုံးကွယ်ဖို့ ကြိုးစားလိမ့်မယ် မုရုံရွယ်က မြင့်မြတ်သောသူဖြစ်သော်လည်း သူမက မြို့တော်က အားလုံးကို ကြေငြာချင်တယ်၊ သူမအတွက် ဘာက ကောင်းသလဲ သူမ မသိဘူး။

"မင်း ငါ့အမေရဲ့ လက်ထက်လက်ဖွဲ့ပစ္စည်းကို ခိုးခဲ့တာမဟုတ်လား အဲဒါက ဘာလို့ တရားရုံးသွားရမလဲဆိုတဲ့ ခိုင်လုံတဲ့ အကြောင်ပြချက်ပဲ၊ အဲဒါက မင်းတို့ မျက်နှာကို ပျက်စေလိမ့်မယ်၊ ငါတို့ဆွေမျိုးတွေက အထိမခံဘူးဆိုတာကို ဘယ်တုန်းကမှ မမေ့ဘူး"

မုရုံရွယ်က ယဲ့ယဲ့လေးပြုံးပြီး အေးဆေးလေးပဲ ပြောတယ်။

မုရုံရွယ်နဲ့ မုရုံရယ့်ရဲ့ မိဘတွေဆုံးတော့ သူတို့တွေ ငယ်သေးတယ်ပြီးတော့ သူတို့ရဲ့ အဖွာတော်နဲ့ ဘယ်တော့မှ မပတ်သတ်ခဲ့ဖူးဘူး။ သူမတို့ ငယ်ငယ်တုန်းက ဦလေးနဲ့ ဒေါ်လေးလဲ သားသမီးအရင်းလိုမျိုး ဂရုမစိုက်ခဲ့ဘူး

ဒါကြောင့် မုရုံရွယ် တရားစွဲရင် သခင်မကြီးနဲ့ သူ့ကလေးတွေက သူမတို့ အမွေတွေကို ပူးပေါင်းကြံစည်ပြီး ယူထားတယ်လို့ အပြင်က လူတွေ ယုံကြလိမ့်မယ်။

"ချင်းယန် အိမ်ပြန်ပြီး မင်းမှာရှိတဲ့ လက်ဖွဲပစ္စည်းတွေ ပြန်ယူလာခဲ့"

ရတနာခန်းထဲက လက်ဖွဲ့စ္စည်းအားလုံးက အဖိုးတန်တယ် သူမမျက်လုံးက အဲဒါတွေကို အတော်ကြာအောင် ကြည့်ခဲ့တယ်
အမှန်တော့ ကျန့်အာနဲ့ရော့အာက လက်ဝတ်ရတနာတွေကို ညီတူညီမျှ ခွဲဝေယူခဲ့ပြီးပြီ။ အဲ့ပစ္စည်းတွေကို ဘယ်လောက်ကြာအောင် ၀ှက်ထားကြလဲဆိုတာ     ဘယ်သူ့မှ သေချာမသိဘူး။

"အဖွားတော်"

စုန့်ချင်းယန် မျက်ရည်တွေနဲ့ ဒူသခင်မကြီးကို ကြည့်နေတယ် အဲ့လက်ဖွဲ့ရတနာတွေက အရမ်းလှပြီး သူမအရမ်းကြိုတ်လို့ အများကြီးသိမ်းထားတာ ဒီအကြောင်းကြောင့်နဲ့တော့ သူမပြန်မပေးချင်ဘူး အဖွားတော်ကလည်း သူ့အတွက် သူမကို ရန်ကူမဖြစ်ပေးဘူး။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now