91: စုန့်ချင်းယန် အပူလောင်ခြင်း

2.1K 278 4
                                    

Zawgyi

စုန့်ချင်းယန်က ဇီးရောင် လက်ပြတ်ဝတ်စုံကို ဝတ်ဆင်ထားတယ် သူမရဲ့ လည်တိုင်နဲ့ ပခုံးသားတို့ကို ဝံ့ကြွားစွာ ပြသထားပြီး သူမရဲ့ ညှပ်ရိုးတို့ကိုလဲ တမင်လှစ်ဟပြထားသေးတယ် သူမရဲ့ ဝတ္စုံက စိန်တွေ ကျောက်တွေနဲ့ တန်ဆာဆင်ထားတာကြောင့် နေရောင်အောက်မှာ သူမဟာ အရမ်းကို တောက်ပနေတယ်

မုရုံရွှယ် သူမ(စုန့်ချင်းယန်) ရဲ့ လှပတဲ့ ဝတ္စုံကို အထင်သေးစွာ ကြည့်လိုက်တယ် စုန့်ချင်းယန်မှာ သူများတွေရဲ့ အာရုံစိုက်မှုကို ရရှိသင့်ပေမဲ့လည်း... ဆိုးလိုက္တာ! အိုးရန္က သူမကို အကြည့်တစ်ချက်တောင် မေပးမွေတာ့ သူမရဲ့ အားထုတ်မှုက အလကားဖြစ်သွားရပြီ
"စုန့်ချင်းယန် ဒါက ကျန်းအိမ်တော် ဝူအန်းအိမ်တော်မဟုတ်ဘူး ဘာလို့ လာသောင်းကျန်းနေရတာတုန်း"

စုန့်ချင်းယန် မုရုံရွှယ်နောက်မှာ ဘယ်သူမွ ပါမလာတာတွေ့တော့ သူမရဲ့ စိတ်ပျက်မှုကို ဖုံးကြယ္လိုက္ကာ
"မုရုံရွှယ် အိုးရန်ရော သူဘယ်မှာလဲ"

"သူက နင့်ကို မတွေ့ချင်ဘူးတဲ့ ပြန်သွားလိုက်တော့"
မုရုံရွှယ် တွေးတောင်မတွေးဘဲ ပြောချလိုက်တယ် သူမ(မုရုံရွှယ်) သူမကို(စုန့်ချင်းယန်) စကားပြောရမှာတောင် ပျင်းနေပြီ ဖြစ်သည်

စုန့်ချင်းယန် အဲ့တာကို ကြားတော့ စိတ်ပျက်သွားတယ် သူမ မုရုံရွှယ်ကို ဒေါသကြီးစွာ ကြည့်ကာ
"နင် သူ့ကို တစ်ခုခုပြောခဲ့လား အဲ့တာကြောင့် သူငါ့ကို ထွက်မတွေ့ချင်တာမလား"

"စုန့်ချင်းယန် ငါက သူ့ကို အမိန့်ပေးနိုင်တယ်ထင်နေတာလား သူနင့်ကို ထွက်မတွေ့တာက နင့်ကို စိတ်ကုန်နေလို့ပဲ နင်နဲ့ဘာမှ လုပ္စရာ မရှိဘူး နေ့ခင်းကြောင်တောင် အိမ်မက်မက်မနေစမ်းနဲ့"
မုရုံရွှယ် ဂုဏ်ယူစွာ ခွန်းတုံ့ပြန်ပြောကာ သူမလည်ပင်းနားက ဆံပင်ကို နောက်ကို ညင်သာစွာ သပ်၍ ဖျော့တော့နေပြီဖြစ်သော အချစ်သင်္ကေတလေးများကို ပြသလိုက်တယ်

စုန့်ချင်းယန် အဲ့တာတွေကို မြင်ပြီးနောက် အလွန်စိတ်လှုပ်ရှားသွားတယ် မုရုံရွှယ်နဲ့ အိုးရန်ရှောက်ချန်က တစ်ယောက်နဲ့တစ်ယောက် နီးစပ်ပြီးကြပြီ အခု သူမကိုယ်သူမ ပြန်ပြောမိတယ် သူမမွာ သူနဲ့ ဘာမွ လုပ်စရာမရှိတော့ဘူးလား

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now