125: နောက်ဆုံးပင့်သက်ရှိုက်ခြင်း

1.3K 163 8
                                    

Zawgyi

သူမနားထဲ စကားတွေ ဝင်လာတဲ့အခါ ယင်ယင် အံ့သြစွာ မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
"မင်းသမီးလေး.. ဒါက...ဒါကမသင့်​တော်ဘူး...လို့ ကျွန်မထင်တယ်"

"ငါက မင်းသားကျင်းအိမ်တော်ကောင်းကျိုးအတွက် လုပ်တာပဲ အကယ်၍ တနေ့မှာ ပေါ်သွားခဲ့ရင်တောင် သူတို့ ငါ့ကို ချီးကျူးလိမ့်မယ်"
ချင်းယုယွမ် သိမ်မွေ့စွာ တစ်လုံးချင်း ပြောလိုက်သည်။

ဒါပေမဲ့ ယင်ယင်က ရှက်နေကာ
"ဒါပေမဲ့.."

"ဘာဒါပေမဲ့မှ မရှိဘူး နစ်မလား ကူးနိုင်မလားက ဒီလုပ်ရပ်အပေါ် မူတည်တယ် ငါ့မျှော်လင့်ချက်တွေအကုန် နင့်ဆီ ပုံအောထားတာ ငါ့ကို စိတ်မပျက်ရစေနဲ့"
ချင်းယုယွမ် သူမကို ဖြတ်ပြောလိုက်ကာ သူမရဲ့ အကြည့်က ယင်ယင်ကို ကျောရိုးအထိ စိမ့်သွားစေသည်။ သူမ ခေါင်းကို ညွှတ်လိုက်ကာ
"ဟုတ်ကဲ့"
အရိုအသေပေးပြီးသည်နှင့် ယင်ယင် အလျင်အမြန် ပြေးထွက်သွားသည်။

သူမရဲ့ ပုံရိပ်လေး အဝေးမှာ ပျောက်ကွယ်သွားသည်နှင့် ချင်းယုယွမ် နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။
မင်းသားကျင်းအိမ်တော်မှာ အရင်မင်းသားကျင်းက ဆုံးဖြတ်ခွင့်ရှိတဲ့လူပဲ သူ မုရုံရွှယ်ကို သဘောကျပေမဲ့ သူမကို မုန်းသည်။

ကျင်းကြင်ယာတော်ဟောင်းက သူမကို သဘောကျရင်တောင် ရီချန်းရဲ့ ဇနီးအဖြစ် လက်ထပ်ဖို့ သူမအတွက် အခွင့်အရေးမရှိသေးပေ။

ရီချန်းက သူမရဲ့ အရာအားလုံးပင်။ သူမ တခြားလူဆီ မပေးလိုက်နိုင်ပေ။ ဒါကြောင့် မုရုံရွှယ်က တကယ်တမ်း ဘယ်လောက် ရက်စက်ယုတ်မာကြောင်း၊ ဘယ်လောက် စိတ်ရှုပ်ဖို့ကောင်းကြောင်းနဲ့ သူမကသာ ရိရီချန်းရဲ့ ပထမဇနီးဖြစ်သင့်ကြောင်းကို မင်းသားကျင်းအိမ်တော်က လူတွေ သိအောင် ထောင်ချောင်ဆင်ရမည်။

နေသာတဲ့ ​နောက်တနေ့မနက်လေးပင်။ ရွှေရောင်လွမ်းနေတဲ့ နေရောင်က ရှေးကျတဲ့ဂူပေါ် ကျရောက်နေတဲ့အတိုင်း အဝါရောင်စက်ဝိုင်းလေးတွေက လှပခြင်းတမျိုးကို ပေးစွမ်းနိုင်လေသည်။

အရင်မင်းသားကျင်း၊ ကျင်းကြင်ယာတော်ဟောင်းနဲ့ ရိရီချန်းတို့ စားပွဲတစ်ခုတွင် မနက်စာစားနေကြသည်။
ကြွပ်ဆတ်တဲ့ နှင်းသကြားကိတ်များ၊ နူးညံ့တဲ့ ပူတင်းများ၊ ထမင်းရည်ဆမ်းထားတဲ့ ခရမ်းရောင်ကိတ်ရှစ်ခု၊ ရွှေဖရုံသီးကိတ်၊ ကောက်ညှင်းကိတ်များ အစရှိတဲ့ အရသာရှိတဲ့ အစားအစာတွေက စားပွဲအပြည့် နေရာယူနေကာ တစ်ခုချင်းစီရဲ့ အနံ့ကတင် သွားရည်ယိုစေသည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now