120: ထောင်ချောက်ဆင်ခြင်း

1.3K 142 3
                                    

Zawgyi

မုရုံရွှယ် ကောင်းကင်ကို မော့ကြည့်ပြီး
"သိပြီသိပြီ ဆုံးမနေတာ ရပ်ပြီး ဘာလုပ်သင့်တယ်ဆိုတာသာ ပြောပြစမ်းပါ"

အရင်မင်းသားကျင်းသာ ယူနန်မှာဆိုရင် သူမ ဘာမှမလုပ်နိုင်ပေ။ အခု သူက မြို့တော်မှာဆိုတော့ သူမ စေ့စပ်ပွဲကို တတ်နိုင်သမျှ မြန်မြန် ဖျက်သိမ်းချင်သည်။ အဲ့ဒီရွံစရာကောင်းတဲ့ အရှက်မရှိတဲ့ကောင်နဲ့ တစ်စက္ကန့်တောင် ဆက်မပက်သတ်ချင်ပေ။

"သူ့အဖေက မင်းနဲ့ စေ့စပ်ပွဲဖျက်သိမ်းတာကို တည်တည်ငြိမ်ငြိမ်နဲ့ မပြီးချင်ပုံပဲ ဒါကြောင့် စေ့စပ်လက်ဆောင်တွေ ပြန်ပေးတာပေါ့ မင်းနဲ့ ရိရီချန်းကြားမှာ မျဉ်းတစ်ကြောင်း ရှင်းရှင်းလင်းလင်း ဆွဲချင်တယ်ဆိုရင် မင်းသူ့ကို တွန်းအားပေးရမယ် လျို့ဝှက်ပြီး တွန်းအားပေးဖို့ တစ်ခုခုလုပ်လိုက် ကိုယ်ပြောတာ နားလည်လား"
အိုးရန် တိုးတိုးလေးပြောလိုက်သည်။ သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံးတို့က ညအခါ လင်းလက်နေတဲ့ ကြယ်လေးတွေလိုပဲ

မုရုံရွှယ် မျက်လုံးတို့ တောက်ပသွားပြီး လေးပင်စွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျွန်မသိပြီ"

အိုးရန် သူမကို ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ကွေးသွားကာ
"ကြည့်ရတာ မင်း ခေါင်းမကောင်းတာ မဟုတ်သေးဘူးပဲ"

မုရုံရွှယ် ချက်ချင်း မျက်နှာအိုကျသွားကာ သူမရှေ့က ခေါင်းအုံးနူးနူးညံ့ညံ့လေးကို ဆွဲယူပြီး အိုးရန်ဆီ အားနဲ့ ပစ်လိုက်သည်။
"ရှင်ပဲ ခေါင်းမကောင်းတာ!"

ဒေါသထွက်နေတဲ့ သူမမျက်နှာကို ကြည့်ပြီး အိုးရန် နူးညံ့စွာ ပြုံးလိုက်ကာ ခေါင်းအုံးကို ဖမ်းယူလိုက်ပြီး သူမလက်မောင်းကို ဆွဲကာ ပခက်ပေါ် ထိုင်ခိုင်းလိုက်သည်။ သူ့ရဲ့ သန်မာတဲ့ လက်မောင်းတွေနဲ့ သူမရဲ့ သေးသွယ်တဲ့ခါးလေးကို ရစ်ပတ်လိုက်ပြီး သူမနှုတ်ခမ်းကို အသာအယာ ဖျတ်ခနဲ နမ်းလိုက်ကာ ချက်ချင်း ခွာလိုက်သည်။

သူ့ရဲ့ နူးညံ့လှတဲ့ နှုတ်ခမ်းကို ခံစားမိတဲ့အခါ မုရုံရွှယ် ဦးနှောက်ထဲ ဗလာဖြစ်သွားပြီး နတ်ပြည်ရောက်နေသလို ခံစားလိုက်ရသည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now