31

9.4K 1K 10
                                    

၃၁။ မနက်​စာအတူတူစားခြင်း

အိုးရန်​​ရှောင်​ချန်​ ​ခေါင်းအုံးကိုအလျင်​အမြန်​ပဲဖမ်းလိုက်​ပြီး ​ဘေးဘက်​နားမှာ ချလိုက်​တယ်​။ သူမုရုံရွယ်​ရှိရာဆီကို အကြည့်​တစ်​ချက်​ပို့လွှတ်​လိုက်​ပြီး အခန်းထဲမှချက်​ချင်းထွက်​သွားတယ်​။

သူမသူကြည့်​သွားတဲ့​နေရာကိုကြည့်​လိုက်​​တော့ အဲ့လူကြီးက သူမရဲ့ရင်​ဘတ်​ကိုကြည့်​သွားမှန်း သတိထားမိလိုက်​တယ်​။ ဝန်​ခံရမယ်​ဆိုရင်​ သူမကအနည်းငယ်​မရင့်​ကျက်​​သေးဘူး။ ဒါ​ပေမယ့်​ သူမကခုမှ ၁၄နှစ်​ပဲရှိ​သေးတဲ့အပြင်​ ဖွံ့ဖြိုးဖို့အများကြီးလို​သေးတယ်​​လေ!

သူမရဲ့​အရင်​​ခေတ်​သစ်​တုန်းကခန္ဓာကိုယ်​ဆိုရင်​ သူမ၁၇ဒါမှမဟုတ်​၁၈နှစ်​ပြည့်​ပြီး​နောက်​မှာ လူ​တွေက သူမရဲ့ခန္ဓာကိုယ်​ကို အကုန်​အားကျရတာပါ​နော်​!

သူမအိပ်​ယာခင်းကို လှန်​လိုက်​ပြီး အိပ်​ယာ​ပေါ်ကထလိုက်​တယ်​။ ထို့​နောက်​အကွယ်​​နောက်​မှာ သူမအတွင်းခံရယ်​ ဝတ်​ရုံရယ်​ကိုဝတ်​ဆင်​လိုက်​ပြီး သူမကိုယ်​သူမကြည့်​​ကောင်း​ဆောင်​ ပြင်​ဆင်​လိုက်​တယ်​။ သူမအကုန်​ပြင်​ဆင်​ပြီး​နောက်​မှာ အခန်းထဲကထွက်​လာတယ်​။

အခန်းအပြင်​မှာ ဟင်းပန်းကန်​​တွေ၊ အစာသွပ်​မုန့်​​တွေ၊ ​ကော်​ပြန့်​လိပ်​​တွေနဲ့ ဆန်​ပြုတ်​​တွေကို ဝက်​သစ်​ချစားပွဲအလယ်​မှာ ​နေရာချထားတယ်​။ စားချင်​စဖွယ်​အစားအ​သောက်​ရနံ့​တွေက လူတိုင်းကို သ​ရေယို​စေတယ်​။

အိုးရန်​​ရှောင်​ချန်​ လက်​​ဆေးကန်​နားမှာ မတ်​တပ်​ရပ်​ပြီး သူ့လက်​​တွေကို​ဆေး​ကြော​နေတယ်​။ သလင်းလိုကြည်​လင်​တဲ့​ရေပူစမ်း​ရေ​တွေက သူ့ရဲ့လက်​​တွေကိုဖြတ်​သန်းစီးဆင်း​နေပြီးသန့်​ရှင်း​ပေး​​နေတယ်​။ မုရုံရွယ်​ထွက်​လာတာကို​တွေ့​တော့ သူ​ရေစိုဝတ်​တစ်​ခုနဲ့ လက်​​ပေါ်က​ရေစက်​​တွေကို သုတ်​လိုက်​တယ်​။

"​နောက်​ကျ​နေပြီ... စားကြမယ်​" သူ​ခြောက်​​ခြောက်​ကပ်​ကပ်​​ပြောလိုက်​တယ်​။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now