39

7.5K 818 2
                                    

39 - spitting blood

တောက်​ပတဲ့ ​နေ​ရောင်​က မှန်​စီပန်း​ဖော်​ထားတဲ့ တိုင်​လုံးများကို ဖြတ်​ပြီး နန်း​တော်​ကြမ်းပြင်​​ပေါ် ကျ​ရောက်​​နေ​လေသည်​ မုရုံရွှယ်​ဟာ ​နွေး​ထွေးလှတဲ့ ​နေ​ရောင်​​အောက်​မှာ ​ရေချိုးပြီး​နောက်​ ဝိုင်​တစ်​ခွက်​ကို လက်​ထဲကိုင်​ထား​လေသည်​ သူမပုံစံက ​အေး​ဆေးတည်​ငြိမ်​လှသည်

      "မုရုံရွှယ်​​"
ရင်းနှီးလှတဲ့အသံက တိတ်​ဆိတ်​တဲ့​လေထုကို ဖြိုခွဲပစ်​​လေသည်​ မုရုံရွှယ်​လှည့်​ပြီး အသက်​၃၀ခန့်​ရှိမည့်​ သူမ​ရှေ့ မတ်​တတ်​ရပ်​​နေတဲ့ မစ္စတာတုကို ကြည့်​လိုက်​သည်
နောက်​မှာ​တော့ လူနှစ်​​ယောက်​နဲ့ သူတို့ရဲ့အဖွား ​နောက်​မှာ အ​စေခံ၁၀ဦး ပါလာ​လေသည်

မုရုံရွှယ်​ လူတစ်​​ယောက်​ကို​တော့ သိသည်​ သူက တုမိသားစုရဲ့ တူ တုချန်းကျန်းရဲ့ အ​ဖေ တုရိပင်
တုရိဟာ တိုင်​​ချောင်​ဘုရား​ကျောင်းရဲ့ အရာရှိပင်​ ထို​နေရာရဲ့ တာဝန်​ရှိအရာရှိ၎ဦးထဲက တစ်​​ယောက်​ဖြစ်​သည်

မုရုံရွှယ်​နှုတ်​ခမ်းတို့က မဲ့ပြုံးအဖြစ်​သို့ ​ပြောင်းသွားသည်
လာတာမြန်​သားပဲ သူမက အိမ်​​တော်​ထဲဝင်​လာ​ရင်​ မစ္စတာတုက သတင်း​တွေသိပြီးသားဖြစ်​လိမ့်​မည်​ သူမကို ​နှောင့်​ယှက်​ဖို့ လူ​တွေအများကြီး​တောင်​ ​ခေါ်လာ​သေးတယ်

     "အဖွား​တော်​ အရာရှိတု ကျွန်​မကိုကြိုဆိုဖို့ ဒီ​လောက်​လူအများကြီး ဘာလို့​ခေါ်လာတာလဲ ဘာသာ​ရေးအယူအဆလား ပြစ်​မှုကျူးလွန်​ထားလား လာစစ်​​ဆေး​တာလား"

    "မုရုံရွှယ်​ စကားလမ်းလွဲမ​နေနဲ့ ချန်​ကျန်းကို နင်​အနာတရဖြစ်​​အောင်​ လုပ်​ထားတာ အ့တာ ဘယ်​လိုဖြစ်​တာလဲ ရှင်း"
တုရိ စစ်​​မေးသည်​နှင်​ ​လေထုက ​အေးစက်​သွားသည်

မုရုံရွှယ်​ မျက်​ခုံးပင့်​လိုက်​သည်​ စစ်​​မေးခြင်းက​တော့ စ​လေပြီ ဒီအမှိုက်​​တွေကို စကားမ​ပြောချင်​​ပေမဲ့ ကံတရားက​တော့ ​ရှေ့တည့်​တည့်​ပင်​ ပို့လိုက်​​လေသည်​ ဒါ​ကြောင့်​ သူမလဲ ကစား​ပေးရတာ​ပေါ့

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now