၂၇။ နှုတ်ဆက်ပါတယ် အိုးရန်ရှောင်ချန်
"မြို့ထဲက ဟွေ့အိမ်ကိုသွားပြီး မုရုံရွယ်ကိုအခုသွားရှာလာခဲ့...!"
''ငါ့ရဲ့အကြံအစည်တွေပြည့်ဝဖို့ သူမရဲ့အထောက်အပံ့လိုသေးတယ်... သူမအခုသေလို့မရသေးဘူး...''
အမိန့်ပေးသံကြားပြီးနောက် ရွှီထျန်းယွီ စိတ်သက်သာရာရသွားတယ်။ သူတို့ရဲ့အကြံအစည်တွေအောင်မြင်ဖို့ရာ မုရုံရွယ်ကသူတို့အတွက်အရေးကြီးလွန်းတယ်ဆိုတာ သူနားလည်သဘောပေါက်တယ်။ အကယ်၍မုရုံရွယ်သူသေခဲ့ရင် သူတို့တွေအခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရတော့မယ်။ ဒါကြောင့် ရိရီချန်းက မုရုံရွယ်ကိုရှာဖို့လက်ဦးမှုရယူလိုက်တာ အလွန်ကောင်းတယ်။
''မင်းသား.. အရှင့်သား မုရုံရွယ်ကိုရှာဖို့အတွက် ဘယ်သူ့ကိုမဆို လွှတ်လိုက်လို့ရပါတယ်... လူကိုယ်တိုင်သွားစရာမလိုပါဘူး..."
ရိရီချန်းတစ်ယောက် မုရုံရွယ်သေလောက်အောင်အဆိပ်မိနေတာကြောင့် အတွေးတွေဂယောက်ဂယက်ဖြစ်နေတယ်။ သူ့ခံစားချက်တွေက ရှင်းမပြနိုင်လောက်အောင်ကသိကအောက်နဲ့ စိတ်မချမ်းမမြေ့ဖြစ်နေရတယ်... သူအခုချက်ချင်း သူမကိုမီးတောက်ပဒုမ္မာစေ့တွေနဲ့အတူ သွားတွေ့ချင်နေပြီ။
"သူမကို ငါကိုယ်တိုင်လူချင်းတွေ့ပြီး သတိပေးတာပိုကောင်းမယ်..!"
ရွှီထျန်းယွီ ရိရီချန်းကို သူလည်းသဘောတူညီကြောင်း ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်တယ်။ "အရှင့်သား... မုရုံရွယ်ကအခု မြို့ထဲကဟွေ့အိမ်မှာ ရှိမနေပါဘူး..."
"ဒါဆို သူမကဘယ်မှာလဲ? သူမကဆေးဝါးခန်းမမှာလား.. သူမရဲ့ရေခဲဆိပ်ကို ကုသပေးဖို့ဆရာဝန်သွားရှာတာလား...? သူမကမီးတောက်ပဒုမ္မာစေ့မရှိဘဲ အဲ့ဒီ့ရေခဲဆိပ်ကိုကုသနိုင်လိမ့်မယ်လို့ ယုံကြည်နေလောက်တဲ့အထိ မတုံးအလောက်ပါဘူး... ဟုတ်တယ်မှတ်လား?"
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romantikasummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...