70(zawgyi+unicode)

6.9K 731 16
                                    

Zawgyi

“မုရုံရွှယ်က လူသတ်သမား၊ သူ့ကိုချက်ချင်းဖမ်းကြစမ်း!” တုသခင်မကြီး ကြမ်းပြင်ပေါ်လဲကျသွားပြီး သူမအဆုတ်တွေတောင် ထွက်ကျမတတ်အော်ဟစ်တော့တယ်။

ခြံဝင်းတစ်ခုလုံးက ရှင်းလင်းနေပြီး မျက်စိရှေ့မှာအရိပ်လေးတစ်ခုတောင် ရှိမနေဘဲသူမပေးတဲ့အမိန့်က တိတ်ဆိတ်စွာလျစ်လျူရှုခံလိုက်ရတယ်။

တုသခင်မကြီးက ဆိုးဆိုးဝါးဝါးဒဏ်ရာရထားတာတောင်မှ မုရုံရွှယ်ကိုဆုံးမချင်နေသေးတယ်!

မုရုံရွှယ်သူမရဲ့အားနည်းချက်ကိုကြည့်ပြီး လှောင်ပြုံးပြုံးလိုက်တယ် “အစောင့်တွေ!”

တိတ်ဆိတ်မှုကိုဖြိုခွင်းပြီး မြန်ဆန်တဲ့ခြေလှမ်းတွေနဲ့ ဆယ်ယောက်ကျော်လောက်ရှိတဲ့အစောင့်တွေ ယုထျန်းခြံဝင်းထဲရောက်လာတယ်။ သူတို့ရဲ့လက်တွေကိုလည်း ခါးပတ်မှာချိတ်ထားတဲ့ဓားပေါ် တင်ထားတယ်။ သူတို့တွေက သေချာတန်းစီပြီး လေးစားမှုအပြည့်နဲ့တုန့်ပြန်တယ် “အမိန့်ရှိပါ သခင်မလေး”

“တုသခင်မကြီးက စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ဖြစ်နေတယ်၊ သူ့ကိုသေချာကြည့်ပြီး ခြံဝင်းကိုပိတ်ထားလိုက်… လုံခြုံရေးကိုနှစ်ဆမြှင့်ပြီး ငါ့အမိန့်မရဘဲတစ်ယောက်မှ အ၀င်အထွက်မလုပ်ရဘူး!” မုရုံရွှယ်ညွှန်ကြားလိုက်တယ်။

“ဟုတ်ကဲ့ပါ!” အစောင့်တွေက သူမအမိန့်ကိုနာခံပြီး ဖြတ်ပြီးတော့တောင်မကြည့်နိုင်အောင် ခြံဝင်းပတ်လည်ကာထားလိုက်တယ်။

တုသခင်မကြီး သူမရဲ့အသက်ကိုတောင် စိုးရိမ်လာတယ်။ သူမအစောင့်တွေက သူမကိုကျောခိုင်းပြီး မုရုံရွှယ်ရဲ့စကားကိုနားထောင်နေကြတယ်။ သူမဘာကြောင့် ဒီလောက်ကြီးမားတဲ့သတင်းကို မသိလိုက်ရတာလဲ…

မုရုံရွှယ်၊ ဒီလိမ်ညာတတ်တဲ့မိန်းမကတော့…

သူမနောက်ကျောဆီက အကြည့်ကိုသတိထားမိတာကြောင့် မုရုံရွှယ်ထိုအမျိုးသမီးအိုကြီးကို လျစ်လျူရှုလိုက်ပြီး ခြံဝင်းထဲကထွက်သွားတယ်။ တုသခင်မကြီးက ခုဆိုငါးဆယ်ကျော်လာပြီ၊ သူမကပိုပိုအိုမင်းလာပြီး မကြာခင်မှာ သူမရဲ့အုတ်ဂူထဲမှာ လှဲနေရတော့မှာ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Tahanan ng mga kuwento. Tumuklas ngayon