157 : တည်ဆောက်ခြင်း

1.2K 142 19
                                    

#chapter157
တည်ဆောက်ခြင်း

"ရှင်က ကျွန်မကြောင့် ဒဏ်ရာရသွားတာလေ ကျွန်မရှင့်ကို ဂရုစိုက်ပေးသင့်တာပေါ့ ဘယ်လိုလုပ် အနှောင့်အယှက်ဖြစ်မှာလဲ"
မုရုံရွှယ် ပြုံးကာ ပြောလိုက်သည်။ ပြီးနောက် ထမင်းပန်းကန်လုံးကို ယူလိုက်ကာ ဇွန်းအပြည့် ခပ်ယူလိုက်ပြီး သူ့ပါးစပ်ထဲ ထိုးသွင်းလိုက်လေသည်။

မွှေးကြိုင်ကာ နူးညံ့တဲ့ ထမင်းက သူ့ပါးစပ်တစ်ခုလုံးကို ချက်ချင်းပျံ့သွားကာ မြိုချလို့မရတော့ဘူးဟုပင် ထင်လိုက်မိသည်။ အိုးရန်ရှောင်ချန် မျက်မှောင်ကြုတ်ကာ သူမကို အလျင်အမြန် သတိပေးလိုက်သည်။
"ဒါက ကျွေးရမဲ့ နည်းလမ်းကောင်းမဟုတ်ဘူးလေ"

"ကျွန်မ တောင်းပန်ပါတယ် မင်းသားအိုးရန် ကျွန်မက မသေသပ်တဲ့ မိန်းကလေးတစ်ယောက်မို့ ရှင့်ကို ဒီလိုပဲ ကျွေးနိုင်တယ် သည်းခံပေးပါ"
မုရုံရွှယ် အပြုံးတုလေး ပြုံးကာ နောက်ထပ်ဇွန်းအပြည့် တလုပ်ကို သူ့ပါးစပ်ထဲ ထပ်သွင်းလိုက်သည်။

သူ့ပါးနှစ်ဖက်က ဖောင်းလာသည်။ သူမကို ကြည့်ပြီး အိုးရန်ရှောင်ချန် မပီမသနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်လိုက်သည်။
"ပထမတလုပ်တောင် မကုန်သေးဘူးလေ"

"ကျွန်မက ရှင့်ကို ကျွေးရုံပဲ ကျွေးမှာ ကုန်တာ မကုန်တာက ရှင့်အပိုင်းလေ"
မုရုံရွှယ် ပြုံးကာ ပြောလိုက်သည်။ စနောက်တဲ့ အမူအရာကို ဆင်မြန်းထားရင်း နောက်ထပ်ဇွန်းအပြည့် ခပ်ယူပြီး ထပ်မံထိုးသွင်းလိုက်သည်။

အိုးရန်က သူမကို ကျွေးစေချင်မှတော့ သူပြောသလို သူမလုပ်ရပေမည်။ ဒါပေမဲ့ သူမရဲ့ အထူးနည်းလမ်းနဲ့ သူ့ကို ကျွေးကာ နောက်ထပ် သူမကို ကျွေးခိုင်းရဲလား စောင့်ကြည့်ရမည်။

"မင်းသား မိန်းကလေးမုရုံ မုရုံရော့က ထောင့်ကို ကွေ့သွားတယ် ကြည့်ရတာ Marquisအိမ်တော်ကို ပြန်ဖို့ အစီအစဉ်ရှိပုံမရဘူး"
ရွှမ်ဖုန်း အပြင်ဘက်ကနေ အစီအရင်ခံလိုက်သည်။

မုရုံရွှယ် အနည်းငယ် အံ့သြသွားသည်။
"တကယ်လား"
သူမ ပန်းကန်နဲ့ တူကို ချလိုက်ပြီး အိုးရန်ကို စနောက်နေခြင်းကို အဆုံးသတ်လိုက်ကာ ခန်းဆီးစကို မပြီး ကြည့်လိုက်တော့ မုရုံရော့ရဲ့ လှည်းက လမ်းကြားတစ်ခုထဲကို ဝင်သွားတာကို တွေ့လိုက်ရသည်။ ထိုလမ်းကြားအဆုံးမှာ မရင်းနှီးတဲ့ အိမ်တွေ ရှိနေလေသည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now