178+179+180+181

1.2K 116 23
                                    

#chapter178
ချင်းယွီယမ်ကို နှင်ထုတ်ရန်

အိုးရန်ရဲ့ အသံက အားနည်းပြီး တိုးညှင်းတဲ့အတွက် သူဘာပြောလိုက်လဲ မုရုံရွှယ် မကြားလိုက်ရပေ။ ဒါကြောင့် သူမ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ရှင် ဘာတွေ ရွတ်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး "
အိုးရန် မျက်လုံးလက်သွားကာ မုရုံရွှယ်ရဲ့ သွေးစို့နေတဲ့ နှုတ်ခမ်းကို စိုက်ကြည့်လိုက်ပြီး
"မင်းနှုတ်ခမ်း ကွဲသွားတာပဲ"
ဆေးမှုန့်အနည်းငယ်ကို လက်ချောင်းထိပ်လေးနဲ့ တို့ကာ သူမနှုတ်ခမ်းထက်က ဒဏ်ရာပေါ် ဖိသိပ်လိုက်သည်။

စူးရှတဲ့ နာကျင်မှုက မုရုံရွှယ်ကို သက်ပြင်းရှိုက်မိစေကာ အိုးရန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ရှင့်အမှားပဲလေ ဒီလိုပုံစံနဲ့ ကျွန်မ ဘယ်လိုအပြင်ထွက်ရတော့မလဲ"

အိုးရန်ရဲ့ မျက်ဝန်းနက်နက်လေးက အပြုံးများဖြင့် ပြည့်သွားကာ အသာအယာ ပြောလိုက်သည်။
"မင်းနှုတ်ခမ်းက မနက်ဖြန်မနက်ပြီးရင် ပြန်ကောင်းသွားလိမ့်မယ်"

"တကယ်လား"
မုရုံရွှယ် သံသယဝင်သွားသည်။ ဆေးမှုန့်က ဘယ်လောက်မိုက်ပါစေ အနည်းဆုံး ၁၂နာရီလောက် အချိန်ယူရပေမည်။ အခု နေထွက်ဖို့ နာရီအနည်းငယ်သာ လိုတော့သည်။

"တကယ်ပေါ့ မင်းကိုလိမ်လို့ ကိုယ် ဘာအကျိုးရှိမှာလဲ"
သူသုံးလိုက်တဲ့ ဆေးမှုန့်က အထူးပြုလုပ်ထားတာ ဖြစ်ပြီး အာနိသင်ကလဲ အရမ်းကောင်းပေသည်။
အိုးရန် နှေးကွေးစွာ ပြောလိုက်ပြီးနောက် ဆေးကို ဖယ်လိုက်ကာ မုရုံရွှယ်ကို ပင့်ဖို့ အနည်းငယ် ကိုင်းလိုက်သည်။

သူမ မြေပြင်ပေါ်က ကြွသွားပြီး ဝါးမင်နံ့က သူမနှာခေါင်းဝကို တိုးဝင်လာသည်။ သူမအနည်းငယ် အံ့အားသင့်သွားကာ အိုးရန်ကို ကြည့်လိုက်သည်။
"ရှင်ဘာလုပ်နေတာလဲ"

သတိအပြည့်နဲ့ သံသယမျက်ဝန်းများကို ကြည့်ကာ အိုးရန်မျက်လုံး မည်းမှောင်သွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"နောက်ကျနေပြီ အနားယူဖို့ ကိုယ်ခေါ်သွား​ပေးမလို့"

"ကောင်းပြီလေ"
မုရုံရွှယ် စိတ်သက်သာရာရသွားသည်။ မှူးမတ်အိမ်တော်ကို ရောက်ဖို့အတွက် အတော်လိုနေသေးသည်။ သူမသာ လမ်းလျှောက်ပြန်မယ်ဆို အနည်းဆုံး နာရီဝက်ကြာပေမည်။ အိုးရန်သာ ကိုယ်ဖော့​ခြေလှမ်းနဲ့ သူမကို ခေါ်သွားရင် ပိုမြန်မည်ဖြစ်သည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now