49

6.7K 848 21
                                    


၄၉။ စုန့်​ချင်းယန်​ကိုအနိုင်​ယူရန်

"ဟုတ်​လား" စုန့်​ချင်းယန်​ ကမုရုံရယ်​နားကို​အေး​အေး​ဆေး​ဆေး ​လျှောက်​လှမ်းသွားတယ်​။ သူ့လိုပဲ ဝဝနဲ့ အသုံးအဖြုန်းကြီးတဲ့ ချာတိတ်​​လေးတစ်​​ယောက်​ရဲ့​ရှေ့​ရောက်​​တော့ အဲ့ချာတိတ်​​လေးရဲ့ ​မေး​စေ့​လေးကိုကိုင်​ပြီး​မေးလိုက်​တယ်​ " တစ်​ဝိုင်းကို ငါးဆယ်​လို့​ပြောတာကြားမိလား"

ကောင်​​လေးက ​ခေါင်းခါပြီးပြတ်​ပြတ်​သားသား​ဖြေလိုက်​တယ်​ "ဟင့်​အင်း"

စုန့်​ချင်းယန်​ကလှည့်​ပြီး ​နောက်​​ထပ်​​ကောင်​​လေးတစ်​​ယောက်​ကိုထပ်​​မေးလိုက်​ပြန်​တယ်​။ "နင်​​ကောကြားမိလား"

"ဟင့်​အင်း......လုံးဝမကြားမသိဘူး" သူက လက်​​ကော​​ခေါင်း​ကော ခါပြရင်းပြန်​​ဖြေတယ်​။

"မင်း......မင်းတို့​တွေ"မုရုံရယ်​ ရင်းနှီး​နေတဲ့သူတို့မျက်​နှာ​တွေကိုကြည့်​ပြီး ဘာ​ပြောရမှန်းမသိဖြစ်​​နေတယ်​။အားလုံးက စုန့်​ချင်းယန်​နဲ့​ရော သူ့နဲ့ပါခင်​မင်​ခဲ့ကြတဲ့သူငယ်​ချင်း​တွေ။ ဒါ​ပေမဲ့ ​ဒီလိုအကျပ်​အတည်းဖြစ်​​နေတဲ့အချိန်​မှာ သူတို့်​​တွေကအမှန်​ကိုမ​ပြောပဲ စုန့်​ချင်းယန်​ ဘက်​လိုက်​​နေ​ပေးကြတာလဲ?။

စုန့်​ချင်းယန်​ကသူတို့​တွေအကုန်​လုံးကို လာဘ်​ထိုးထားတယ်​ဆိုတာကို မဲ့ပြုံး​လေးတစ်​ချက်​ပြုံးရင်း မုရုံရွှယ်​နားလည်​လိုက်​တယ်​။

တနည်း​ပြောရရင်​ မုရုံရယ်​ဒီအခန်းထဲမှာ သူတို့အားလုံးဆင်​ထားတဲ့ ​ထောင်​​ချောက်​ထဲ​ရောက်​သွားတာပဲ။

"မုရုံရယ်​ နင်​သူတို့အားလုံး​ပြောတာကြားပြီးပြီပဲကို ဆက်​ငြင်းချင်​​နေလို့လား?"။ စုန့်​ချင်းယန်​က မုရုံရယ်​ရဲ့ စိတ်​​ခြောက်​ခြား​နေတာကိုကြည့်​ပြီး အကြံအစည်​​အောင်​မြင်​သွားသလို ခံစားလိုက်​ရတယ်​။

မုရုံရယ်​သူ့လက်​သီးကိုကျစ်​ကျစ်​ပါ​အောင်​စုတ်​ထားပြီး ​သွေး​ရောင်​လိုတဖြည်းဖြည်း နီလာတဲ့မျက်​လုံး​တွေနဲ့ သူမကို ခက်​ထန်​စွာ စိုက်​ကြည့်​​နေတယ်​။ သူထပ်​ပြီး ငြင်းဖို့စကားတစ်​လုံးမှထွက်​မလာ​တော့ဘူး ဘာလို့ဆိုသူ​ပြော​နေတာသက်​​သေရှိတယ်​​လေ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Où les histoires vivent. Découvrez maintenant