42

7.6K 897 35
                                    

42- - မနာလိုခြင်း

ဒီစကား​ကြောင့်​ မုရုံရွှယ်​ ရဲ့ အစာအိမ်​ နာလာသလိုပင်​ သူမုနားလည်​မှုလွဲ​နေ​သကဲ့သို့ တခုခု မှား​နေ​ကြောင်း သူမခံစားမိသည်
သူမ​ခေါင်းကို ခါလိုက်​ပြီး ငြင်းဆိုလိုက်​သည်

    "မဟုတ်​ဘူး ဒါမဟုတ်​ပါဘူး"

     "ဒါဆို ဘာလို့ မင်း ​တွေ့ဆုံပွဲကို သွားခဲ့တာလဲ "
အိုးရန်​​ရှောက်​ချန်​ သူမအနားတိုးလာရင်း စ​နောက်​​နေ​သေးသည်
သူ့​ခြေလှမ်း အနည်းငယ်​ လှမ်းရတာ ခက်​လာပြီး သူမကလည်း သူမပင်​မသိလိုက်​ဘဲ ​နောက်​ကို အလိုလို ဆုတ်​မိ​လေသည်

      "အဲ့ဒါ ကျွန်​မအစ်​ကို..."

အဲ့အချိန်​မှာပဲ သူမခလုတ်​တိုက်​ကာ ​​ကျောဘက်​မှ  ​အေးခနဲဖြစ်​ကာ ​နောက်​သို့ လဲကျသွား​လေသည်

အိုးရန်​​ရှောက်​ချန်​က ​ရှေ့ကို အမှားအယွင်းမရှိ ​တဟုန်​ထိုး ​ပြေးသွားလိုက်​ကာ သူမလက်​​မောင်းကို ဆွဲယူပြီး သူမခါးကို ဖက်​ကာ ရင်​ခွင်​ထဲ ဆွဲသွင်းမိ​လေသည်​ ထို့​နောက်​ မနာလိုစွာ တိုးတိုး​လေး ​ပြောလိုက်​သည်

    " ဒါမဲ့ မင်းရဲ့ ကုး​ဟောင်​ယူက ရင်းနှီး​နေသလိုပဲ "
သူ့ရဲ့ ​ယောက်ျားပီသလှတဲ့ အနံ့က သူမနှာ​ခေါင်းနား ​ဝေ့လည်​​ကြောင်​ပတ်​လုပ်​​နေပြီး သူ့ရဲ့ ဝင်​​လေထွက်​​လေ ​နွေး​နွေးတို့က သူမပါးပြင်​​ပေါ် လာ​ရောက်​ရိုက်​ခတ်​ကာ သူမအား မှင်​တက်​မိ​အောင်​ ပြုစား​နေ​လေသည်​ သို့​သော်​ သူမရဲ့ သိစိတ်​က​တော့ သူ့ကို တွန်းထုတ်​​နေ​လေသည်

သူ့အရည်​အချင်းက သူမထက်​ ​ကောင်းတယ်​ ဆို​ပေမဲ့ သူမကလည်း မ​ခေတဲ့သူပါ သို့​သော်​ သူ့လက်​​မောင်းထဲ ​ရောက်​​နေချိန်​မှာ​တော့ သူမက နုနယ်​တဲ့သူ​လေး ဖြစ်​​နေတယ်​လို့ ခံစားရသည်

သူမမျက်​စိကို ​မှေးပြီးသာ သူ့ကို ကြည့်​လိုက်​သည်

      "သူကဧည့်​သည်​ပဲ​လေ အဲ့​တော့ ကျွန်​မသူ့ကို ကြို​ဆိုတာဟာ ယဉ်​​ကျေးမှုပဲ ကျွန်​မသာ အဲ့လိုမကြိုဆိုခဲ့ရင်​ တခြားသူ​တွေ ကျွန်​မကို ဘယ်​လိုထင်​မလဲ"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now