182-191

1.6K 128 52
                                    

Zawgyi

#chapter182
ထိပ်တိုက်ရင်ဆိုင်ခြင်း

ရုတ်တရက် မုရုံရွှယ် ရင်းနှီးတဲ့ ပုံရိပ်လေးကို မြင်လိုက်ရသည်။ သူက ချောမောတဲ့ မျက်နှာလေးနဲ့ စူးရှအေးစက်တဲ့ မျက်လုံးပိုင်ရှင် မင်းသားကျင်း ယဲ့ယိချန်ပင်။

ချင်းယွီယမ်က ဆိုးဆိုးရွားရွား ဒဏ်ရာရနေတာ ဘာလို့ မင်းသားကျင်းအိမ်တော်မှာ နေပြီး သူမကို ဂရုစိုက်ပေးမနေတာလဲ သူလဲ တောင်ပေါ်အပန်းဖြေစခန်းကို သွားမလို့လား

မုရုံရွှယ် စိတ်ရှုပ်ထွေးစွာ မျက်ခုံးပင့်ကာ ခန်းဆီးစကို ဖြည်းညင်းစွာ ချလိုက်သည်။ ခန်းဆီးက သူမမျက်နှာကို အပြည့်အဝ မကာပေးနိုင်ခင်မှာ ယဲ့ယိချန် တစ်စုံတစ်ခုကို ခံစားမိကာ ချက်ချင်း လှည့်ကြည့်လိုက်တော့ ခန်းဆီးက တဖြည်းဖြည်း ကျလာကာ သူမရဲ့ လှပတဲ့ မျက်နှာလေးကို ကာလိုက်တာကို မြင်လိုက်ရသည်။

သူ့မျက်လုံး ဒေါသတကြီး ကျဉ်းမြောင်းသွားကာ သူမက အိုးရန်ရဲ့ လှည်းပေါ် ထိုင်နေတယ်ဆိုတာ သတိပြုမိလိုက်သည်။ ဒေါသမီးတောက်နေတဲ့ မျက်လုံးများနဲ့ သူ လှည်းနားကို တရှိန်ထိုး ရောက်ချလာသည်။

သူ လှည်းနား ကပ်မလာခင်မှာ ရွှမ်ဖုန်းရောက်လာကာ သူ့ကို တားလိုက်သည်။
"မင်းသားကျင်း ကျေးဇူးပြုပြီး ရှေ့ဆက်မတိုးပါနဲ့"

ယဲ့ယိချန် ရပ်လိုက်ကာ ချထားတဲ့ ခန်းဆီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးက မကျေနပ်စွာ မှောင်မည်းသွားသည်။ သူ လှည်းအပြင်မှာ ရပ်နေတာကို သူမသိပေမဲ့ သူ့အပေါ် မထူးခြားနားပင်။
"ရွှယ်အာ ကိုယ်မင်းနဲ့ စကားပြောချင်တယ်"
သူ ပြောလိုက်သည်။

မုရုံရွှယ် ချက်ချင်း ငြင်းပယ်လာသည်။
"ကျွန်မမှာ ရှင်နဲ့ ပြောစရာမရှိပါဘူး မင်းသားကျင်း ကျေးဇူးပြုပြီး ပြန်သွားပါ"

ဒေါသထွက်နေတဲ့ အရိပ်အယောင်က သူ့မျက်လုံးထဲ လင်းလက်လာပေမဲ့ မကြာခင် ပြန်လည်ပျောက်ကွယ်သွားသည်။ သူ အသံကို မြှင့်ကာ ပြောလိုက်သည်။
"လက်မထပ်ရသေးတဲ့ မိန်းမနဲ့ ယောက်ျားက ခပ်ခွာခွာ နေသင့်ပါတယ် မင်းက အိုးရန်ရှောင်းချန်နဲ့ သွေးတော်သားစပ်တဲ့ ဆက်ဆံရေးမရှိဘူး ဒါကြောင့် မင်း သူနဲ့ လှည်းတစ်စီးထဲမှာ အတူမထိုင်သင့်ဘူး"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now