47

6.4K 680 3
                                    

၄၇။ ပထမအကြိမ်​ လှည့်​ဖြားခြင်း

သူမနားထဲကို အထိတ်​တလန့်​ဖြစ်​​နေတဲ့အသံဝင်​လာ​တော့ မုရုံရွှယ်​ရပ်​လိုက်​ကာ သူမဘာသာရယ်​လိုက်​မိတယ်​။ သူမ သူမရဲ့အစ်​ကိုအ​ကြောင်းသိသင့်​တယ်​။

မုရုံရယ်​က ​မွေး​နေ့ပွဲကို ​အေး​အေးချမ်းချမ်းပြီးသွား​စေမှာ မဟုတ်​ဘူး။ ဒါပေမယ့်​ ဒီ​လောက်​ထိမြန်​မြန်​ဆန်​ဆန်​ဖြစ်​လိမ့်​မယ်​လို့ မထင်​ခဲ့ဘူး။ သူထွက်​သွားပြီး တစ်​နာရီ​တောင်​မကြာ​သေးဘူး ပြဿနာဖြစ်​​နေပြီ။ တကယ်​ပါပဲ... မုရုံ​ရော့က သိပ်​မ​စောင့်​နိုင်​​တော့ဘူး​နေမယ်​။

သူမကနေမ​ကောင်းတာကိုအ​ကြောင်းပြပြီး ​မွေး​နေ့ပွဲကိုမလာ​လောက်​မှန်း သိသာ​နေတယ်​။ မုရုံဟွားကကျန်းအိမ်​​တော်​ရဲ့စစ်​သူကြီးဖြစ်​ပြီး ဝူအန်းအိမ်​​တော်​ရဲ့သားမက်​လည်းဖြစ်​တယ်​။ ဘယ်​လိုပင်​ဖြစ်​​စေ သူ့တည်​ရှိမှုက အ​ရေးပါ​ကြောင်းထင်​ရှားတယ်​။ သူကမုရုံ​ရော့ရဲ့ ​ထောင်​​ချောက်​ကို သူ့ဘာသာ​ရှောင်​ကွင်းနိုင်​တယ်​။

မုရုံရွှယ်​ လူရှိရာဘက်​မျက်​နှာမူလိုက်​ပြီး "ဘာဖြစ်​တာလဲ? ​ပြောပါ..."

သတင်းလာ​ပေးသူက မုရုံရယ်​ရဲ့အ​စေခံ ဖုန်​​ထောင်းဖြစ်​တယ်​။ သူ့ပုံစံအရ ဆယ့်​ငါးနှစ်​ ဆယ့်​​ခြောက်​​နှစ်​​လောက်​ပဲရှိအုံးမယ်​လို့ သူမခန့်​မှန်းမိတယ်​။ ​ပြေးလာရ​တာ​ကြောင့်​ သူ့ခမျာ ဖုတ်​လိုက်​ဖုတ်​လိုက်​ဖြစ်​​နေရတယ်​။ "သခင်​မ​လေး... သခင်​​လေးက သခင်​​လေးစုန့်​နဲ့​လောင်းကစားလုပ်​တာ... ပြီး​တော့ ရှုံးသွားတယ်​..."

မုရုံရယ်​က ငယ်​ရွယ်​​သေးတယ်​... ဒါ​ကြောင့်​ သူ့ရဲ့အစွမ်းကလည်း အဲ့​လောက်​မ​ကောင်းနိုင်​​သေးဘူး။ ပြီး​တော့ ဒါ​ကြောင့်​ပဲသူ​လောင်းကစားလုပ်​ရင်းရှုံးတာ ပုံမှန်​ပဲဖြစ်​တယ်​... "သူဘယ်​​လောက်​ရှုံးသွားလို့လဲ..?"

"တစ်​သိန်းပါ..!"

"ဘာ..?" မုရုံရွှယ်​ တုန်​လှုပ်​သွားတယ်​။ မုရုံရယ်​က ​လောင်းကစားလုပ်​တိုင်း ဘယ်​တုန်းကမှအဲ့​လောက်​ထိမရှုံးဖူးဘူး။ အများဆုံးမှ ​သောင်းဂဏန်းဝန်းကျင်​ပဲ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now