161

1.2K 134 18
                                    

#chapter161
မိသားစုကနေ ရန်သူဖြစ်သွားခြင်း

စုန့်ထျန်းဝမ်ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေက ရော့ရဲ့ ရက်စက်တဲ့ အပြုအမူတွေကြောင့် ရထားတာ ဖြစ်သည်။ ဒါပေမဲ့လဲ စုန့်ထျန်းဝမ်က ရော့ရဲ့ နောက်ကွယ်မှာ အပျော်မယားထားခဲ့တဲ့အတွက် ရော့တစ်ယောက်တည်းကပဲ အပြစ်တင်ရသင့်တာ မဟုတ်ပေ။

"စုန့်ထျန်းဝမ်က ရော့ကို ဓားနဲ့ထိုးတာလား"
မုရုံကျန်း အေးစက်စွာ မေးလိုက်သည်။

စုန့်သခင်မ သရော်လိုက်သည်။
"အဲ့တာ နင့်ညီမက တိတ်တိတ်ပုန်းအချစ်ထားပြီး အဲ့ခွေးကောင်နဲ့တောင် ကိုယ်ဝန်ရလိုက်သေးတယ်လေ သူမက ထျန်းဝမ်ကို ဒေါသထွက်စေတဲ့အတွက် ဓားထိုးခံရတာပဲ"

"ဘာရယ်? ဘယ်မှာလဲ အဲ့လင်ငယ်က?"
မုရုံကျန်း အေးစက်စွာ မေးလိုက်သည်။ သူခိုးဖမ်းမယ်ဆို သက်သေအဖြစ် ခိုးရာပါပစ္စည်း ရှိရပေမည်။ ဖောက်ပြန်နေသည်ကို ထုတ်ဖော်ချင်ပါက ဖောက်ပြန်တဲ့သူနှစ်ဦးလုံးကို ရှာရပေမည်။ ရော့ရဲ့ ကိုယ်ဝန်အတွက် ဘာသက်သေမှ မရှိပေ။ လင်ငယ်ကို ရှာတွေ့ခြင်းကသာ သူမ ဖောက်ပြန်နေသည်ကို ဆုံးဖြတ်နိုင်ပေမည်။

"ဒါ...ဒါကလဲ ထျန်းဝမ်ပဲ သိတာ"
စုန့်သခင် အေးစက်စွာ ပြောလိုက်သည်။ သူမမျက်လုံးအရောင်တို့က အားနည်းနေပေသည်။ သူမသားသာ နိုးနေရင် မုရုံရော့ရဲ့ လင်ငယ်ကို ပြောနိုင်ပြီး ယုတ်မာတဲ့မိန်းမအဖြစ် သူတို့ မုရုံရော့ကို ချက်ချင်း သတ်ပစ်နိုင်ပေပြီ

"ဒါဆို စုန့်သခင်မ ရော့အာက ထျန်းဝမ်အပေါ် ဖောက်ပြားပြီး မီးရှို့တယ်ဆိုတာ သက်သေမရှိဘူးပေါ့နော် ဟုတ်တယ်မလား"
မုရုံကျန်း မျက်ခုံးပင့်ကာ စုန့်သခင်မကို ကြည့်လိုက်သည်။ မုရုံကျန်းအကြည့်က မာနများဖြင့် ပြည့်နေလေသည်။

စုန့်သခင်မ မှုန်သုန်စွာ ပြောလိုက်သည်။
"ထျန်းဝမ် နိုးလာရင် သက်သေရှိလိမ့်မယ်"

"စုန့်သခင်လေးဒဏ်ရာက အရမ်းပြင်းထန်တယ် ဘယ်အချိန်မှ နိုးလာမှာလဲ အကယ်၍ သူ အချိန်အကြာကြီး သတိလစ်နေရင်ရော ကျွန်တော်တို့ သူ့ကို အစာမကျွေး ရေမတိုက်ဘဲ ဒီမှာ ထားထားမလို့လား "
မုရုံကျန်း မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။ သူ့မျက်လုံးတို့ကလဲ လျှပ်စီးငယ်များ လက်နေသယောင်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now